အခုပြုလုပ်မယ့် tutorial idea ကိုတော့ ကြော်ငြာဆိုင်းဘုတ်တွေကနေ ရတာပါ၊ အဲဒီကြော်ငြာလေးတွေမှာ လူရုပ်လေးတွေကို ဦးခေါင်းတွေရယ် သူတို့ဖော်ပြချင်တဲ့ ကုန်ပစ္စည်းလေးတွေကို ဦးစားပေးကြီးထားပြီး ကျန်တဲ့ focus မလိုတဲ့နေရာတွေ ကိုသေးပြီး စိတ်ဝင်စားအောင် လုပ်ထားတာပါ။ ကျွန်တော်လဲ ဒီပုံလေးတွေကို အရမ်းသဘောကျပါတယ်။ ခုလုပ်ပြမယ့် နည်းစနစ်က ကြော်ငြာဖန်တီးသူ designer ကလုပ်တဲ့နည်းနဲ့ တူချင်မှတူမှာပါ။ အဲဒီပုံလေးတွေကိုကြည့်ပြီး သဘောကျရာကနေ စမ်းကြည့်ပြီး အလွယ်ဆုံးဖြစ်မယ့်နည်းကို ရေးသားထားတာပါ။
ပထမဦးဆုံးလုပ်ရမှာက ပုံနှစ်ပုံကို ကင်မရာနဲ့အရင်ရိုက်ပါမယ်။ ပထမပုံမှာ လူပုံရယ် နောက်ခံ background ရယ်အကုန်ပါရပါမယ်၊ နောက်ပုံမှာတော့ background ပဲပါမယ်။ ပုံမှာကြည့်ပါ composition ကတော့ ရုပ်ပြောင်လုပ်မှာဖြစ်တဲ့အတွက် spacing တွေကိုနဲနဲပိုထားပါမယ်၊ လူသရုပ်ဆောင်ဟာ ပုံတစ်ခုလုံးမှာ နေရာအများကြီးမယူသင့်ပါဘူး။
အခုလူပုံကို select လုပ်လိုက်ပါမယ်

ပြီးရင် အဲဒီပုံကို background ကြီးပဲရိုက်ထားတဲ့ ပုံထဲကို ဆွဲယူသွားပါမယ်။ အဲဒါဆိုရင် background ပဲရိုက်ထားတဲ့ ပုံထဲမှာ layer 1 ဆိုတဲ့ layer တစ်ခုပေါ်လာပါပြီ။
အဲဒီ layer 1 ကိုလူပုံရဲ့ ဦးခေါင်းလေးကိုပဲ selection ပြန်လုပ်ပြီး layer copy တစ်ခုလုပ်ရအောင်။ အရင်ဆုံး ခေါင်းနေရာကို select လုပ်ပါမယ် ပြီးမှာ Ctrl + J key ကိုတွဲနှိပ်လိုက်ရင် layer palette ထဲမှာ Layer 1 ကတစ်ကိုယ်လုံး နဲ့ Layer 2 က ခေါင်းလေးပဲဖြစ်နေပြီပေါ့။
ကဲစပါပြီ အခုပဲ Layer 1 ကို select လုပ်ပြီး Edit> Free Transform ကိုနှိပ်ပါမယ် ပြီးတော့ အရွယ်သေးအောင် ချုံ့လိုက်ပါမယ်။
နောက်တစ်ဆင့်ကတော့ ဦးခေါင်းပုံပါတဲ့ Layer 2 ကို select လုပ်ပြီး အရွယ်ကြီးပေး (Edit>Free Transform လုပ်ပေး) ဖို့ပါ။ ဒီပုံကိုကြည့်ရင် အပေါ်ကနေ ရိုက်ထားတာ ဖြစ်တဲ့အတွက် perspective သဘောအရဆိုရင် ဦးခေါင်းကို အပေါ်ဘက်နဲနဲပိုကြီးပေးရအောင်။
နောက်ဆုံး သဘာဝကျအောင် ပြုလုပ်ဖို့ကတော့ ဖိနပ်နားမှာ အရိပ်လေးတွေ ဆွဲပေးဖို့ပါ။ ဒီတစ်ခါတော့ Background layer ကို Select လုပ်ထားပါမယ်။ နောက် Burn Tool ကိုသုံးပြီးပွတ်ဆွဲပေးရပါမယ်၊ စိတ်ရှည်လက်ရှည်ပြုလုပ်ပေးရင် သဘာဝကျကျအရိပ်လေးရလာမှာပါ။
အောက်ကပုံကတော့ final result ပါပဲ လူပုံရဲ့ အနားသတ်လေးတွေကို Blur Tool သုံးပြီး ချောမွေ့အောင်ပြုလုပ်ထားပါသေးတယ်။

ကဲအခုဆိုရင် အီးတီရုပ်ပြောင်ပုံလေးတွေ အလွယ်ပြုလုပ်နိုင်ပါပြီ၊ စိတ်ကူးရှိသလို ပုံဖော်လို့ရတယ်နော် no limit ပါဗျာ၊ နှစ်သက်ကျေနပ်ကြပါစေ

Credit:http://www.mmphotoshop.net/index.php/tutorials/latest-tutorial.html
09 Oct 2012

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top