ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂမ်မာလို့ အသတ်မှတ်ခံရတဲ့ သူက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ Ada Lovelace လို့အမည်ရတဲ့ ဗြိတိန်ဖွား အင်္ဂလိပ် အမျိုးသမီး ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်မှာပဲ ကမ္ဘာ့ပထမဆုံး ကွန်ပြူတာ ပရိုဂရမ် တစ်ခုကို ရေးဆွဲ ထုတ်ဖော်ပြသ နိုင်ခဲ့ပါတယ်။

အသက်ငယ်စဉ်ကတည်းက သင်္ချာပညာကို တစ်စိုက်မတ်မတ်လေ့လာ သူ ဖြစ်ပြီး အသက် ၁၇ နှစ်ကစလို့ ဖော်မြူလာသစ်များ ထုတ်ဖော်တွက် ချက်နိုင်ခဲ့ပါတယ်။ အီတလီနဲ့ အခြား ဥရောပစာရေးဆရာကြီးများရဲ့  ရသ၊ အင်ဂျင်နီယာ နဲ့ သင်္ချာပညာရပ် စာအုပ်များကိုလည်း ဘာသာပြန် ရေးသား ခဲ့ပါတယ်။

၁၈၁၅ ခု ဒီဇင်ဘာလ ၁၉ ရက်ဖွားပြီး အသက် ၃၇ နှစ်အရွယ် (၁၈၅၂ ခု၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ အသက် ဆယ်ကျော်သက်မှာပဲ သင်္ချာပညာရပ်မှာ အထူးချွန်ဆုံး ဖြစ်ခဲ့ပြီး အသက် ၂၀ ကျော်တော့ ကွန်ပြူတာဆိုင်ရာ သင်္ချာပညာရပ်နဲ့အနီးစပ် ဆုံး ဖြစ်ခဲ့ပါတယ်။ Logic သဘောတရား တွက်ချက်မှုမှာ ဝါသနာထုံပြီး ၁၈၄၂ ခုနှစ် မှာ သူ့ရဲ့  ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်ကို မိတ်ဆိက် ပြသနိုင်ခဲ့ပါတယ်။

ကွန်ပြူတာမှာ အသုံးပြုဖို့အတွက် အယ်လ်ဂေါ်ရစ်သမ် လို့ခေါ်တဲ့ တွက်ချက်ခြင်းဆိုင်ရာ ပညာရပ်ကို ထုတ်ဖော်ပြသနိုင်ပြီး ယနေ့တိုင် စံနမူနာ ယူစရာ ပညာရပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ input ထည့်ပြီးရင် အဖြေမှန် ထွက်အောင် အလိုအလျောက်တွက်ချက်ထုတ်ဖော်ပေးတဲ့ Logic ဖြစ်ပြီး ပထမဆုံး ကွန်ပြူတာ ပရိုဂရမ်အဖြစ် အားလုံး အသိအမှတ်ပြုခဲ့ ပါတယ်။

ဒါကြောင့် Ada Lovelace အမည်ရ အမျိုးသမီးငယ်လေးဟာ ကမ္ဘာ့ ပထမဦး ဆုံး ကွန်ပြူတာဂရိုဂမ် အဖြစ် အများက အသိအမှတ်ပြု လက်ခံခဲ့ ကြောင်း သိရပါတယ်။
--
Ref: wiki

International news for myanmar
http://www.innewsmyanmar.com/2013/03/blog-post_539.html
12 Mar 2013

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top