ကျွန်တော် ဒီနေ့တော့ Tutorials လေးတစ်ခု တင်ချင်ပါတယ် ကျွန်တော်လည်း အရင်လို သိပ်မတင်ဖြစ်တော့ဘူးဆိုတာက ကျွန်တော် စနေ ၊ တနင်္ဂနွေမှ ရန်ကုန်ရောက်လာပြီး 
 ကျောင်းလာတက်ရတယ် တစ်နေကုန်ကျောင်းတက်ပြီးတော့

ညဘက် မှ သုံးဖြစ်တယ် ဒါပေမယ့် လိုင်းကလည်း ရန်ကုန်ရောက်မှ တော်တော်ဆိုးတယ် သုံးမရလောက်အောင်မကောင်းတာ

တစ်ခါတစ်လေ ညမအိပ်ပဲ လိုင်းကောင်းအောင် စောင့်ရတာ မနက် ၃ နာရီထိုးတယ် နောက်နေ့မနက်ကျတော့ ကျောင်းတက် ရတော့ ကျောင်းမှာအိပ်ငိုက်မှာလည်း 

ဆိုးတယ်လေ .. အဲဒါကြောင့်ပါ ကျန်တဲ့ရက်တွေကတော့ ကျွန်တော် အိမ်ပြန်

ရောက်နေတော့ အင်တာနက်မရပါဘူး ဖုန်းလိုင်းတောင် မမိတာ ဘယ်လိုလုပ်မလဲ? ကဲထားပါတော့

ကျွန်တော် ဒီနေ့ ရေးမှာလေးက Format Factory ကိုအသုံးပြုပြီးတော့ သီချင်းတွေ Video တွေကို

Covert လုပ်ဖို့ပါ ။ ဒီလောက်လွယ်တာလေးကို ပိုစ့်တစ်ခုအဖြစ်ရေးနေရလား အောင်ကျော်ရယ်

လိုတော့ ပြောကြပေလိမ့်မယ် ဒါပေမယ့် ကွန်ပျူတာကို အခုမှ စသုံးတဲ့ Beginner Level အတွက်ကိုသာ

ကျွန်တော် ရည်ညွှန်းပါတယ် လူတော်တော်များများက Format တွေကို ပြောင်းတတ်ကြမှာပါ

ကဲစလိုက်ကြစို့…

ကျွန်တော်တို့တွေက video ဖိုင်တွေကို mp3 တွေ ပြောင်းချင်တဲ့အခါမှာ Coverter ဆော့ဝဲတွေကို သုံးကြပါတယ် ဆော့ဝဲတွေကလည်း အများကြီးပါ ဥပမာ .. Format factory , xillisoft , wondershare , total video coverter စသဖြင့် အများကြီး ရှိကြပါတယ် ဒါပေမယ့် ကျွန်တော် 
အခု ပြောမယ် Tutorials လေးမှာတော့ Format factory လေးကိုပဲပြောပြပါမယ် 

ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲက Free License လေးပါ
သုံးရတာလည်း လွယ်ကူပါတယ် Format တော်တော်များများကိုလည်း သုံးနိုင်တဲ့အတွက်ကြောင့်ပါ
အရင်ဆုံးကျွန်တော်တို့ ဆော့ဝဲလေးကို  ဒီမှာယူလိုက်ပါ
ပြီးရင်တော့ install လုပ်လိုက်ပါ install လုပ်နည်းကတော့ ကျွန်တော် မပြောပြတော့ပါဘူး
အရမ်းကိုလွယ်နေတော့ အဆင်ပြေမယ်ထင်ပါတယ်

ပြီးရင်တော့ install လုပ်ပြီးတဲ့ Format Factory ကို ဖွင့်လိုက်ပါ ကျွန်တော်ကတော့ Desktop
ပေါ်တင်ထားတော့ desktop ပေါ်က Format factory icon လေးကိုနှိပ်လိုက်ပါတယ်

အကယ်၍ မိတ်ဆွေတို့က desktop မှာ မရှိဘူးဆိုရင်တော့ Start->All Programs->Format Factory ထဲမှာ
ဖွင့်လိုက်ပါ…

ဒါလေးကတော့ Format Factory ဖွင့်လိုက်ရင် တက်လာမယ့် ပုံလေးပါ


ဒါဆိုရင်တော့ Format Factory ထဲကို ရောက်နေပါပြီစပြီး Covert လုပ်ပါတော့မယ်
ဒန် တန့်တန်


ကျွန်တော်က ဥပမာ အနေနဲ့ Video ဖိုင်လေးတစ်ခုကို mp3 ပြောင်းနည်းလေး ပြပါ့မယ်
ဒါကြောင့် ဘယ်ဘက်က Audio Group ထဲက All to MP3 ဆိုတာလေးကို နှိပ်လိုက်ပါတယ်


ဒါဆိုရင်တော့ mp3 ပြောင်းဖို့အတွက် box လေးတစ်ခုကျလာပါပြီ အရင်ဆုံး ကျွန်တော်
ပြောင်းချင်တဲ့ Video file လေးကို ရွေးလိုက်ပါ့မယ် ဒါကြောင့် Add file ဆိုပြီး နှိပ်လိုက်ပါ


ကျွန်တော်ပြောင်းချင်တဲ့ ဖိုင်လေးကတော့ D: အောက်က Old Music ထဲက 309 ထဲမှာ
ရှိတာကြောင့် ကျွန်တော်အဲအထိ သွားလိုက်ပါတယ် မိတ်ဆွေတို့ကတော့ မိမိပြောင်းချင်တဲ့
ဖိုင်ရောက်အောင်သွားပေးလိုက်ပါ ဒါကတော့ သိမှာပါ နော် ရောက်ပြီဆိုရင် ကျွန်တော်
ပြောင်းချင်တဲ့ ဖိုင်လေးကို တစ်ချက်နှိပ်လိုက်ပါတယ် ပြီးတော့ Open ကိုဆက်နှိပ်လိုက်ပါတယ်
ဟာ.. ငါတို့ပြောင်းချင်တာက တစ်ဖိုင်တည်းမဟုတ်ဘူး အကုန်လုံးပြောင်းချင်တယ်ဆိုလည်း
ရပါတယ် အရင်ဆုံး ဖိုင်တစ်ခုမှာ တစ်ချက်နှိပ်ပြီး ကီးဘုတ်က Ctrl+A ကိုနှိပ်လိုက်ပါ ပြီး၇င်
Open ပေါ့ ဒါဆိုရင် ဖိုင်ရွေးတဲ့အဆင့်ပြီးပြီ ဒါပေမယ့်ကျွန်တော်တို့ ရွေးထားတဲ့ သီချင်းက
စာတန်းထိုးတာတွေ ပါလာပြီဆိုပါတော့ ကျွန်တော်က mp3 ပြောင်းမယ့်အတွက် သီချင်းစစ
ဖွင့်ခြင်း သီချင်းလာချင်တာလေး ဗီဒီယိုဆိုရင်တော့ အကြောင်းမဟုတ်ဘူးလေ
Mp3 ဆိုတော့ ဖွင့်ဖွင့်ချင်း သီချင်းမလာသေးဘဲ စောင့်နေရရင် ဘယ်အဆင်ပြေမလဲ
ဒါကြောင့် ကျွန်တော်တို့ ရွေးထားတဲ့ ခုနက ဖိုင်လေးကို Select ပေးလိုက်ပါ
ပြီးရင်တော့ အပေါ်မှာ Set Range ဆိုတာရှိပါတယ် အဲဒါလေးကိုနှိပ်လိုက်ပါ



ဒါဆိုရင် သီချင်းလေးက စဖွင့်လာပါတော့မယ် စာတန်းတွေ ထိုးနေပါပြီ ကျွန်တော်လိုချင်တဲ့
နေရာကိုမရောက်သေးဘူးဆိုရင် ဖွင့်ထားလိုက်ပါ ကျွန်တော်တို့ လိုချင်တဲ့နေရာရောက်တဲ့အထိ
ထားလိုက်ပါ ရောက်ပြီဆိုရင်တော့ Pause (၊၊) ဆိုတဲ့ ပုံလေးကိုနှိပ်လိုက်ပါ
ပြီးရင် Start Time ကိုနှိပ်လိုက်ပါ အောက် မှာပုံလေးပြထားပါတယ်



ဒါဆိုရင် ကျွန်တော်တို့ အစလေးကို သတ်မှတ်ပြီးပြီ အကယ်၍ အဆုံးကိုသတ်မှတ်ချင်တယ်
ဆိုလည်း သတ်မှတ်နိုင်ပါတယ် …ဒါကတော့ သိမှာပါ မပြောတော့ဘူးနော်



ပြီးရင် ညာဘက်အပေါ်ဆုံးက OK ကို နှိပ်လိုက်ပါ


နောက်တစ်ခုက ကျွန်တော် တို့ ထုတ်လိုက်တဲ့ mp3 ရဲ့အရည်အသွေးကို
Setting ချိန်လို့ရပါသေးတယ် သာမန်အားဖြင့်တော့ ချိန်စရာမလိုပါဘူး
လိုအပ်တယ်ဆိုရင်တော့ Output Setting ကိုရွေးပေးလိုက်ပါ


ဒီ box လေးကတော့ setting ပြောင်းဖို့ပါ Volume Control ကိုလည်း တင်နိုင်ပါတယ်
အလိုရှိသလိုလုပ်ဆောင်နိုင်ပါတယ် သာမန်တော့ မလိုပါဘူး ဒီအတိုင်းသာထားလိုက်ပါ
မိမိ mp3 ဖိုင်လေးကို အသံအရည်သွေး သိပ်မကျပဲနဲ့ ဖိုင်ဆိုဒ်လေးလျှော့ချင်တယ်ဆိုရင်တော့
Bitrate မှာ အခု 128 ဖြစ်နေပါတယ် အဲဒါလေးကို 96 လောက်ထားပေးလိုက်ပါ
ပြီးရင်တော့ OK ပေါ့


နောက်တစ်ခုက ကျွန်တော်တို့ဖိုင်လေးကို Covert လုပ်ပြီးရင်ထားမယ့်နေရာလေးကိုရွေး
ချယ်ပေးဖို့လိုပါလိမ့်မယ် သာမန်အားဖြင့်တော့ သူက Documents အောက်က
FFOutput ဆိုတဲ့ ဖိုဒါလေးအောက်မှာထားပေးသွားမှာပါ ကျွန်တော်တို့က
အဲဒီမှာမထားချင်ဘူးဆိုလည်း မိမိထားချင်တဲ့နေရာကိုသတ်မှတ်ပေးနိုင်ပါတယ်
အဲဒီအတွက် ညာဘက်က Browse ဆိုတာကိုနှိပ်ပေးလိုက်ပါ


ကျွန်တော်ကတော့ Desktop ပေါ်မှာထားချင်တဲ့အတွက် Desktop ကိုရွေးပြီး
OK ပေးလိုက်ပါတယ်


ဒါဆိုရင် location လေးက အပေါ်ကပုံအတိုင်းဖြစ်သွားပါပြီ
ပြီးရင်တော့ထုံးစံအတိုင်း ညာဘက်အပေါ်လေးက OK ပေါ့


ဒါဆို ကျွန်တော်တို့ စ Covert လုပ်ရပြီပေါ့ မိမိပြောင်းချင်တာတွေ အကုန်ပြောင်းပြီပြီဆိုတော့
ကဲစပြောင်းဖို့အတွက် အပေါ်က Start ဆိုတာကို နှိပ်လိုက်ပါ


သူစ အလုပ်လုပ်နေတာကို မြင်ရပါလိမ့်မယ် အခုဆိုရင် 9% ရောက်နေပါပြီ
တစ်ခါတစ်လေမှာ fail ပြတတ်ပါတယ် ဒါဆိုရင်တော့ ပြောင်းမရတာပါ



ပြီးသွားပြီဆိုရင်တော့ Completed ဆိုတာ ပြပါလိမ့်မယ်
ဒါဆို ကျွန်တော်ပြောင်းလိုက်တဲ့ mp3 ဖိုင်လေးက desktop ပေါ်ရောက်သွားပြီပေါ့
ဖွင့်ကြည့်လိုက်မယ်ဗျာ…  အော် တွေ့ပြီ တွေ့ပြီသူပဲသူပဲ ထင်းနေတာပဲ 


အကယ်၍ နောက်ထပ်များ ထပ် ပြောင်းစရာတွေရှိပါက Clear List ကိုနှိပ်ပေးလိုက်ပါ
ဒါဆိုရင် လက်ရှိဟာတွေ ပျောက်သွားမှာပါ

နောက်အရေးပါတဲ့ Function လေးတစ်ခုက ကျွန်တော်တို့က ဖိုင်သေးသေးလေးတွေ
ဥပမာ သီချင်းတွေပြောင်းတဲ့အခါမှာတော့ အကြောင်းမရှိဘူးလေ ဗီဒီယို ၃ နာရီလောက်
ဟာတွေကို ပြောင်းဖို့ကျတော့ အချိန်တွေ အများကြီးပေးရမယ် ကျွန်တော်တို့ကလည်း
အချိန်မလောက်ဘူး ဥပမာ အပြင်သွားစရာလေး ရှိချင်ရှိမယ် ရုံးသွားရင်လည်းသွားရမယ်
ဒါဆိုမပူပါနဲ့ ဖိုင်ကို Covert လုပ်ပြီးတာနဲ့ သင့်ကွန်ပျူတာကို Shutdown လုပ်ဖို့အတွက်
အောက်က ပြထားတဲ့ပုံအတိုင်း After Coverting:Shut Down Computer ရှေ့က
Check box လေးမှာ နှိပ်ပေးလိုက်ပါ ဖိုင်ကို Start မလုပ်ခင်နှိပ်လိုက်ပါနော်



ကဲဒီလောက်ဆို မိတ်ဆွေတို့ သီချင်းတွေကို ပြောင်းတတ်ပြီပေါ့ ဒီဆော့ဝဲလေးက နမူနာလေးပါ
အခြားဆော့ဝဲတွေလည်း ဒီလိုမျိုးပုံစံမဟုတ်ပေမယ့် လုပ်ဆောင်ချက်တွေက ဒီလိုမျိုးပါပဲ
စမ်းသုံးကြည့်ပါ ဘယ်ဟာက ဘယ်လိုပိုကောင်းသလဲဆိုတာ သိရတာပေါ့
မသိတာလေးများကို facebook တွင် www.facebook.com/software.aungkyaw
တွင် လာရောက်မေးမြန်းနိုင်ပါတယ်
 
ကွန်ပျူတာနဲ့ပက်သတ်တဲ့ နည်းပညာများ တိုးပွားပါစေဗျာ
အားလုံးကို လေးစားလျှက်,
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.com

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top