Iphone/Ipad/Ipod တွေမှာ .deb files တွေကို အင်တာနက်မရှိပဲ ကွန်ပျူတာမှ တိုက်ရိုက်သွင်းနည်းလေး တင်ပြထားပါတယ်......။ Iphone/Ipad/Ipad တွေကို ကွန်ပျူတာမှ .deb files တွေ သွင်းလို့ ရအောင်ပထမဆုံးအနေနဲ့  ifunbox ဆိုတဲ့ ဆော့ဝဲလ်လေးအရင် run ရပါတယ်.....။
ifunbox ဆော့ဝဲလ်လေး ဒေါင်းပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း
အဆင့်အတိုင်းဆက်လုပ်သွားပါ......
ပထမဆုံး ကိုယ့်ဒေါင်းထားတဲ့ ifunbox ဆော့ဝဲလ်လေးကို ဖွင့်လိုက်ပါ........။မိမိရဲ့ Iphone/Ipad/Ipod ကို ကွန်ပျူတာနဲ့ USB ကြိုးလေးနဲ့  ချိတ်လိုက်ပါ......။ ချိတ်လိုက်ပြီးဆိုင်ရင် မိမိ device ကို ifunbox ဆော့ဝဲလ်မှာ ဖော်ပြနေမှာပါ........။ မိမိ device ပုံကိုနှိပ်ပြီးရင် raw File System
ထဲကိုသွားပါ.......။
raw File System ထဲကိုရောက်ပြီးဆိုရင် var ဖိုဒါထဲကိုသွားပါ........။ var ဖိုဒါမှတစ်ဆင့် root ဖိုဒါထဲကိုဝင်ပါ........။ ထို့ နောက် Media
ဖိုဒါထဲဝင်ပါ။ Media ဖိုင်ထဲကိုရောက်ပြီဆိုရင် အဲဒီထဲမှာ new folder
တစ်ခုဆောက်ဖို့ လိုပါမယ် ......။ right click နှိပ် New ထဲကနေ folder ဆောက်ပါ.......။မိမိအသစ်ဆောက်ထားတဲ့ 
folder ရဲ့နာမည်ကို Cydia လို့ပေးပါ။ထို့ နောက် အသစ်ဆောက်ထားတဲ့ Cydia ဆိုတဲ့  ဖိုဒါ
ထဲကိုဝင်ပါ။ Cydia ဖိုဒါ ထဲဝင်ပြီး AutoInstall ဆိုတဲ့ new folder
တစ်ခုကို ထပ်ဆောက်ပါ။ AutoInstall ဆိုတဲ့  ဖိုဒါ ထဲကိုရောက်ပြီဆိုရင်
ကိုယ်သွင်းချင်တဲ့ .deb file ကို AutoInstall ဆိုတဲ့ ဖိုဒါထဲကို ကော်ပီးကူးပြီးထည့်လိုက်ပါ။ထည့်ပြီးပြီဆိုလျှင် iFunBox ဆော့ဝဲ ကိုပိတ်လိုက်ပါ ။
ထို့ နောက်ကွန်ပျူတာနဲ့ ချိတ်ထားတဲ့  Iphone/IPad/IPod ကို Power
ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။Power ပြန်တက်လာရင် မိမိရဲ့ Iphone/Ipad/Ipod ထဲမှာကွန်ပျူတာနဲ့ချိတ်သွင်းထားတဲ့ .deb file install
လုပ်ပြီးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်..........။
ရေးသားသူ Suraj Sharma
Post a Comment
Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်