ကျွန်တော်လည်း အင်တာနက်မသုံးရတာကြာပြီဆိုတော့ ကျွန်တော့်ဆိုဒ်လေးမှာ ပို့စ်လေးတွေ 
မတင်ပေး နိုင်တော့တာ ကြာနေပြီ မေးထားတဲ့လူတွေကိုလည်း ပြန်မဖြေပေးနိုင်တဲ့အတွက်
 တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်လိုင်း ပေါ်မတက်ဖြစ်တော့ အချိန်မှီပြန်မဖြေပေးနိုင်လို့ပါ ။ ကျွန်တော်အခု ဘာရေးရမလဲလို့စဉ်းစားလိုက်တော့ ကျွန်တော်တို့
သုံးနေတဲ့အင်တာနက်အကြောင်းလေးနဲ့ပက်သတ်တာလေးကို ရေးမယ်လို့စိတ်ကူးရလို့ရေးလိုက်တာပါ။ အကြောင်းကဒီလို ဗျာ အဲလုပ်ပြီ စတာ။ ကျွန်တော်တို့နိုင်ငံမှာ အင်တာနက်ဆိုတာ လူတိုင်းနီးပါးမသုံးနိုင်ပါဘူး အခုကျွန်တော်တောင် အိမ်ပြန် ရောက်နေလို့ မသုံးရပါဘူး ။
 ဒါပေမယ့် အင်တာနက်သုံးတဲ့လူတွေနဲ့ မသုံးတဲ့လူတွေနဲ့ဘာကွာသလဲဆိုတော့ ဗဟုသုတ
တွေကွာခြားတယ်ဗျ ဒါပေမယ့် အကျိုးရှိအောင် အသုံးချတတ်မှနော်။ ကျွန်တော်ကအကျိုးရှိအောင် အသုံးချစေချင်လို့ လမ်းကြောင်းလေးပေးချင်တာပါ ။ ကျွန်တော် အောင်ကျော် ၊
 ကိုဝင်းကမ္ဘာကျော် ၊ ကိုအောင်ဇေလတ် ၊ ကိုပြည့်ဖြိုး ၊ ကိုအောင်အောင် တို့ ဆော့ဝဲတွေရှာပေးတယ် အကူအညီတွေပေးတယ်ဆိုတာ Online မှာ ရှာပေးပြီး ကူညီတာပါ။ ဒါပေသိ ဆော့ဝဲတောင်းတဲ့လူတွေ 
အကူအညီတောင်းတဲ့လူတွေကရော Online ပေါ်ရောက်နေတဲ့လူတွေ မဟုတ်လား
Online ပေါ်ရောက်နေတဲ့ လူအချင်းချင်း ကျွန်တော်တို့က လိုချင်တဲ့ဆော့ဝဲတွေကိုရှာတတ်တယ်
 တောင်းတဲ့လူတွေက မရှာတတ်လို့ပေါ့ ။ ဒါပေမယ့် ကျွန်တော်က အဲဒီလို Online ပေါ်တက်နေပေမယ့် ကိုလိုချင်တာမရှာတတ်တဲ့လူတွေကို နည်းနည်းလေး ပြောပြချင်လို့ပါ ။ သယ်ချင်းတို့ကို ပြောဖို့အတွက် 

ကျွန်တော့်အကြောင်းလေး နည်းနည်းပြောပြမယ်ဗျာနော် ကျွန်တော်လည်း 

အင်တာနက်ဆိုတာကို စအသုံးပြုတာ ၂၀၁၁ ခုနှစ် သုံးလပိုင်းလောက်မှပါ ။ ကျွန်တော်စသုံးတုန်းက Gtalk
Gmail ဆိုတာလောက်ပဲသိတာပါ အခုနာမည်ကြီးနေတဲ့ Social Network ကြီးဖြစ်တဲ့ Facebook ကိုတောင် မသိသေးပါဘူး အမှန်ပြောရရင် ကျွန်တော် အရင်တုန်းက facebook ကို သိပ်မသုံးဘူးဗျ  အရမ်းကြီးသုံးဖြစ်လာတာကတော့ ကျွန်တော့်ဆိုဒ် လေးစထောင်ပြီးခါက ၂၀၁၂ ခုနှစ်
 ၅ လပိုင်းနောက်ပိုင်းလောက်ကစတာပေါ့ဗျာ။ ကျွန်တော် အင်တာနက်ဆိုတာ Gtalk
ကိုပြောတာ ပဲလို့ထင်မိတာပေါ့ အခု လူတော်တော်များများကလည်း အဲလိုပဲထင်ကြတယ်ဗျ အင်တာနက်ထိုင်ရင် ချက် ဖို့ အီ ဖို့လောက်ပဲထင်နေကြတယ် ။ ဟုတ်ပါတယ် အင်တာနက်ဆိုတာ 

အဲဒီကပဲစကြရတာပါဗျာ ဒါပေမယ့် ကြိုးစားတဲ့သူက ကြိုးစားသလို တတ်သွားပေမယ့် 

အခုအချိန်ထိ အင်တာနက်ထိုင်ရင် Gtalk , facebook ပဲဖွင့်တဲ့လူတွေလည်း အများကြီးပါ။
အချို့မိဘတွေက ကိုယ့်သားသမီးအင်တာနက်ထိုင်မှာကို စိုးရိမ်ကြတယ်ဗျ အထူးသဖြင့် မိန်းကလေး မိဘတွေပေါ့ဗျာ ကိုယ့်သမီးလေး အင်တာနက်မှာ မတော်တရော်တွေနဲ့တွေ့ပြီးဖြစ်သွားမလားလို့

 စိတ်ပူပြီးမလွှတ်ကြဘူး အဲဒါဘာကြောင့်လဲ ဆိုတော့ အဲဒီမိဘတွေက အင်တာနက်ဆိုတာ 

စကားပြောတာဆိုတာပဲသိလို့ပါ အမှန်တော့ အင်တာနက်ဆိုတာ လေ့လာ
စရာ မကုန်ခမ်းနိုင်တဲ့ အရာကြီးပါ ကျွန်တော်တို့ ရှာဖွေလိုသမျှအကြောင်းအရာတွေ သိချင်သမျှတွေကို ရနိုင်တဲ့ နေရာလေးပါ ဒါပေမယ့် ရှာတတ်ဖွေတတ်ဖို့လိုပါတယ် ။ ပြောရင်းနဲ့ ကျွန်တော့်အကြောင်းလေးတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး
အဲ တစ်နေ့ကျွန်တော့်သူငယ်ချင်းတစ်ယောက်အဆောင်ကို သွားလည်တော့ ဘေးနားက အခန်းက ကောင်နှစ်ယောက်ပြော နေတာ ကြားတယ်ဗျ သူက ဧဒင်ဥယျာဉ်ကနေ ချက်တဲ့အကြောင်း စော်တွေ အများကြီးရှိတဲ့အကြောင်းပေါ့ ။ ဒါနဲ့ကျွန်တော်စဉ်းစားတယ် ဧဒင်ဥယျာဉ်ဆိုတာ ဘာလဲပေါ့ ဒီကောင် ဘယ်လိုချက်လဲဆိုတာသိချင်တာနဲ့မေးလိုက်မိတယ် သူကပြောတယ် Mozilla Firefox မှာ www.edinooyin.com ကိုရိုက်ထည့်လိုက်တဲ့ အဲဟုတ်ပြီပေါ့ဆိုပြီး ကျွန်တော်အင်တာနက်သုံးတော့ အဲဒါလေးကိုရိုက်ထည့်လိုက်တယ်ဗျ ဟ ဒီဇိုင်းလေးက မိုက်တယ်ကွ ဆိုပြီးတော့ ကြိုက်နေတာပေါ့ နောက်ပြီးတော့ ဟိုဟာနှိပ်
ဒီဟာနှိပ်ပေါ့ ကျွန်တော် နှိပ်ကြည့်တော့ မန်ဘာဝင်ရမယ်တဲ့ အဲဒါနဲ့ပဲကျွန်တော်မန်ဘာဝင်လိုက်တယ် gmail ကနေ Comfirm တွေဘာတွေလုပ်ရသေးတယ်ထင်တယ်ဗျ ကျွန်တော်လည်း

 သေချာမမှတ်မိတော့ဘူး ဒါပေမယ့် ကျွန်တော်မန်ဘာဖြစ်သွားတယ်
အဲလိုနဲ့ ကျွန်တော် ဧဒင်ဥယျာဉ်က နည်းပညာ ကဏ္ဍမှာ စမွှေတော့တာပဲ အင်တာနက်ထိုင်တဲ့တစ်ချိန်လုံး ကျွန်တော် အရင်လို မချက်တော့ပါဘူး ဧဒင်နဲ့နှစ်ပါးသွားနေတယ်ဆိုပါတော့ ကျွန်တော် နည်းပညာတွေ အများကြီးရလိုက်တယ်ဗျ ကျွန်တော် လုံးဝကျေးဇူးတင်သွားတယ် နောက်ပိုင်းတော့ ကျွန်တော်
 အခြားဆိုဒ်တွေကိုပါလေ့လာဖြစ်သွားတယ်ဗျာ။ အဲလိုနဲ့ကျွန်တော်
လည်း သူတို့လို ဆိုဒ်လေးတစ်ခုလောက် လုပ်ချင်တဲ့စိတ်ကူးလေးဖြစ်ပေါ်လာတယ် ကျွန်တော် www.google.com ကိုလည်း သိသွားပြီဆိုတော့ ကျွန်တော်တတ်သိသလောက် အင်္ဂလိပ်စာလေး

ရိုက်ထည့်ပြီး ရှာဖွေတော့တာပဲ ။ 

 

အခုလူတော်တော်များ များလုပ်ဖူးနေကြပြီဖြစ်တဲ့ www.yola.com , www.weebly.com ,
အဲဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျွန်တော် ၀က်ဆိုဒ်လုပ်ဖို့ အသုံးပြုခဲ့တဲ့ ဆိုဒ်တွေပေါ့။ နောက်ပိုင်းကျွန် တော်လေ့လာရင်းနဲ့ သဘောပေါက်လာတယ် အဲဒါတွေက တစ်ဆင့်ခံလုပ်တာတွေ တကယ့်ဝက်ဆိုဒ်ဆိုတာ Hosting တို့ Domain တို့ နဲ့လုပ်တာဆိုပြီးတော့ပေါ့ အဲဒါနဲ့ ကျွန်တော် itfriendship ဖိုရမ်က ကိုအောင်မင်းဦးကိုမေးကြည့်လိုက်တယ်
သူကတော့ blogger နဲ့ရေးလွယ်တယ်တဲ့ ဒါပေမယ့် အဲဒီအချိန်က ကျွန်တော်တို့ဆီမှာ blogger.com အဘန်းခံထားရတာကို ကိုကလည်း မကျော်လွှားတတ်သေးဘူးလေ ကျော်လွှားတတ်တော့ လုပ်ကြည့်သေးတယ် အဆင်မပြေဘူး ။ အဲဒါနဲ့ အခြား နည်းလမ်းလေးမေးကြည့်တော့ Wordpress 
သုံးတဲ့ သူကပဲ အစအဆုံးလုပ်ပေးပါတယ် ကျွန်တော်လည်း မယောင်မလည်နဲ့
Wordpress နဲ့ဆိုဒ်လေးတစ်ခု ရသွားပြန်ရော ဒါပေမယ့် ကိုယ်တိုင်မလုပ်တတ်သေးဘူးဗျ အဲဒါနဲ့ ကိုအောင်မင်းဦးကို မေးတယ် ပြီးတော့ ကလိတယ် google မှာလိုက်ရှာရင်းနဲ့ ကျွန်တော် 

wordpress နဲ့ ၀က်ဆိုဒ်တစ်ခု ကို ရေးဖို့ လုပ်တတ်သွားတယ် ပြောရရင်တော့ Hosting

 ကိုသုံးတတ်သွားပီ Database ဆောက်ပြီး wordpress ကို install လုပ်တတ်ပြီပေါ့ Domain
ဆိုတာကိုလည်း အထိုက်အလျှောက်နားလည်သွားတယ် ။ နောက်ပိုင်းတော့ ကျွန်တော် joomla , drupal , SMF အဲဒါတွေကို လိုက်စမ်းလိုက်သေးတယ် နည်းနည်းတော့သိသွားတာပေါ့ အကျွမ်းတ၀င်ကြီးတော့ မလုပ်ဖြစ်သေးဘူးအဲလိုနဲ့ ကျွန်တော် ဆော့ဝဲလေးတွေရှာတင်လိုက်စာအုပ်လေးတွေ ရှာတင်လိုက် နည်းပညာအကြောင်းလေးတွေ အနည်းအကျဉ်းလေးရေးလိုက်ရင်းနဲ့ wordpress ကိုတော့ 

ကျွမ်းကျင်သွားတယ် ။ နောက်ပိုင်းတော့ blogger တွေပြန်ပွင့်
တော့ ကျွန်တော် ဘလော်ဂါကို စမ်းချင်တာနဲ့ ကလိရင်းနဲ့ အခု www.aungkyaw.com ဆိုတာလေးဖြစ်လာတာပါ
ဒိုမိန်းလေးကလည်း ကျွန်တော်အမှတ်တရအနေနဲ့ ၉.၁.၂၀၁၂ ကျွန်တော့်ရဲ့ (၁၈) နှစ်ပြည့် မွေးနေ့လေးမှာ ၀ယ်လိုက်တာ
အဲလိုနဲ့ပဲ 13.5.2012 နေ့မှာပဲ ကျွန်တော် ဒီ ဘလော့လေးကို စလုပ်ဖြစ်တာပါ ။ အဲဒီအချိန်က စပြီး ကျွန်တော်အင်တာနက်ပေါ်တက်လိုက်တိုင်း ကျွန်တော့်ရဲ့ နည်းပညာလေ့လာမှုအား နည်းသွားပါတယ် ဘာကြောင့်လဲဆိုတော့ မေးတဲ့သူတွေကိုပြန်ဖြေရတယ် တောင်းတဲ့လူတွေကို ရှာဖွေပြီး လင့်ပေးလိုက်တင်ပေးလိုက်နဲ့ပဲ ကျွန်တော့်အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်
လေ့လာမှုအား အရင်လောက်မကောင်းတော့ပါဘူး ဒါပေမယ့် ည ၁၂ နာရီ နောက်ပိုင်းမှာတော့ မအိပ်ပဲနဲ့ကျွန်တော်လော့မှုတွေပြန်လုပ်ခဲ့ပါတယ် တစ်ခါတစ်လေ မနက်(၈)နာရီမှအိပ်ပါတယ် ကျောင်းလည်းသွားမတက်ပါဘူး အဲဒါကြောင့် ကျွန်တော် အခုထိ ပထမနှစ်က 
မတက်သေးပါဘူး ဒီနှစ်လည်း ထပ်ကျပြန်ပါတယ် First year(Civil) ကို ၂ကြိမ်မြောက်
ကျခဲ့ပြီးပါပြီ ဘာကြောင့်လဲ ? ကျွန်တော် မကြိုးစားပါဘူး မိဘတွေက ထားလို့သာ ကျွန်တော်လာတက်နေရတာပါ ကျွန်တော့် ၀ါသနာနဲ့က တစ်ခြားဆီဖြစ်နေပါတယ် ဒါပေမယ့် 

ကျွန်တော်ဂရုမစိုက်ပါဘူး ကျွန်တော်ဖြစ်ချင်တာကို စာမေးပွဲအကျခံပြီးတော့
ကျွန်တော်လုပ်ရဲပါတယ်။အဲပြောမယ့်စကားတွေတောင် ဘယ်ရောက်သွားပြီလဲမသိတော့ဘူး ။ ကျွန်တော့်အကြောင်းလေးပြော ပြတာက ကျွန်တော်ပြောချင်လွန်းလို့မဟုတ်ပါဘူး ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေပါ နေ့မနား ညမအား
ကြိုးစားခဲ့တာတွေကို ပြောချင်တာပါ ။ ကျွန်တော်အခု အင်တာနက်မှာ သိချင်တာတွေကို ရှာတတ်ဖွေတတ်ဖို့ဆိုတာ အချိန် ခဏလေးရင်းခဲ့ရတာမဟုတ်ပါဘူး အချိန်တွေ အများကြီးပေးဆပ်ခဲ့ရပါတယ် ကြိုးစားခဲ့ရပါတယ် ။ ကျွန်တော့်မိတ်ဆွေတွေကို
လည်း ကျွန်တော်ရှာတတ်တာထက်ပိုအောင် သိစေချင်တယ်ဗျာ အဲဒါတကယ့်စေတနာပါ ဒါကြောင့်လည်း တစ်ချို့မေးတဲ့သူတွေ ကိုကျွန်တော် မရှာပေးပါဘူး ရှာပုံရှာနည်းလေး သူတို့ကိုပြောပြလိုက်ပါတယ်

 အသုံးချတတ်စေချင်လို့ပါ။ အရင်ဆုံးတော့ဘာ လုပ်ရမလဲဆိုတော့ Chatting ထိုင်တာတွေကို လျှော့ပြီး တစ်နာရီ (၄၀၀)ပေးရတာနဲ့တန်အောင် လေ့လာမယ်ဗျာ နည်းပညာအကြောင်းတွေရေးတဲ့ ၀က်ဆိုဒ်တွေ 
၊ ဘလော့တွေ ကို အချိန်ရှိသမျှ လိုက်ဖတ်မယ် ပြီးတော့ ပြန်လေ့ကျင့်မယ် ။ ဖိုရမ်တွေ
မှာ ၀င်ဆွေးနွေးမယ် မေးမယ် မသိတဲ့လူတွေကိုလည်း ကိုသိသလောက်ပြန်ပြောပြမယ် နည်းပညာလေ့လာနေတဲ့ လူအချင်း ချင်း မိတ်ဆွေတွေဖွဲ့ကြမယ် ဒါဆိုရင် ကျွန်တော်တို့ရဲ့ ကုန်ခဲ့တဲ့အချိန်တွေက အကျိုးရှိစေမှာပါ။ နောက်ပြီ မြန်မာလိုရေးထား
တဲ့ နည်းပညာစာအုပ်တွေဝယ်ဖတ်ပါ ကိုသန်းထိုက်(ရွှေရိပ်) ၊ ကိုမျိုးသူရ ၊ ကိုအောင်လင်း ၊ ကိုအောင်မြင့် ၊ ကိုသူရအောင် သူတို့ရေးထားတဲ့ စာအုပ်တွေက စာအုပ်ရဲ့တန်ဖိုးထက်များတဲ့ 

နည်းပညာ အသိတွေကို ရစေပါတယ်ဗျာ ။ အချို့တွေကပြောကြတယ် နည်းပညာ စာအုပ်တွေက

 ဈေးကြီးတော့ ၀ယ်မဖတ်နိုင်ဘူးတဲ့ တစ်အုပ်ကို လေးငါးခြောက်ထောင်တောင်တဲ့။
အဲဒါကိုဈေးကြီးတယ်လို့မခေါ်ပါဘူး ကျွန်တော်တို့အပြင်မှာ သင်တန်းတစ်ခုတက်ရင် အနည်းဆုံးသင်တန်းကြေး  ၂သောင်းရှိ ပါတယ်ဗျာ အချို့ စာအုပ်တွေဆိုရင် အပြင်မှာ ၁သိန်းခွဲ 

တန် သင်တန်းတွေကို ၅၀၀၀ ကျပ်နဲ့ ရေးပေးနေတာပါ ဈေးမကြီးပါဘူး။ နောက်ပြီးတော့ Search Engine တွေဖြစ်တဲ့ www.google.com , www.yahoo.com , www.bing.com စတာတွေကို
အသုံးချပြီး ကိုလိုချင်တာ ရှာဖွေတတ်ဖို့ကလည်း အရေးကြီးပါတယ်။ အဲဒါနဲ့ပက်သတ်ပြီး ငွေကုန်ကျနည်းသွားတဲ့ စင်ကာပူ
ကအစ်ကိုတစ်ယောက်အကြောင်း ဘော်ဒါတို့ကို ပြောပြချင်တယ်။ သူကသင်္ဘောသားပါ ကျွန်တော်နဲ့ အွန်လိုင်းမှာပဲ သူ့ရဲ့ ကွန်ပျူတာပြဿနာ တိုလီမုတ်စတွေကို ဖြေပေးရင်းနဲ့ ရင်းနှီးသွားတာပါ။တစ်နေ့ သူသင်္ဘောနဲ့ပက်သတ်တဲ့စာအုပ်တစ်အုပ် သူရှာတာမတွေ့လို့ဆိုပြီး ကျွန်တော့်ကို အကူအညီတောင်းတယ် ကျွန်တော်လည်းရှာကြည့်တော့ Amazon မှာ တွေ့တယ်
ဒေါ်လာ 49 တောင်   သူက ၀ယ်နိုင်ပါတယ် ဒါပေမယ့် သူအခုရောက်နေတာက ကျွန်းပေါ်မှာဆိုတော့ ၀ယ်လို့မရဘူးဖြစ်နေတာ ကျွန်တော်က အဲဒီ 49 ဒေါ်လာတန်တာကြီးကို Free ရှာပေးရမယ်တဲ့ စတွေ့ပြီဗျာ ကျွန်တော်ကလည်း အဲဒါမျိုးတွေကို ရှာချင် နေတာဆိုတော့ လက်မနှေးပေါင် 
ချက်ချင်းကိုရှာပေးလိုက်တာ ၁နာရီ အတွင်း တွေ့ပါလေရော ရှာလိုက်ရတာလည်း ဖတ်ဖတ်
မောပဲ တွေ့တော့ မသေချာမှာစိုးလို့ဒေါင်းလိုက်တယ် သေချာပြီ စာမျက်နှာလည်း အပြည့်အစုံပါတယ် ကြော်ငြာလည်းမပါဘူးဆိုတော့ အိုကေပေါ့ ။ အဲဒါနဲ့အားပါးတရ သူ့ကိုပြောတော့ သူက အိပ်ပျော်နေလေရဲ့ အိုး ကိုကတော့ အမောရှာလိုက်ရတာ
ဒါပေမယ့် ကျွန်တော်မသေချာမှာဆိုးလို့ hosting တစ်ခုမှာ upload ပြန်လုပ်ပေးခဲ့ပြီး သူ့ကို ဒေါင်းလုတ်လင့်လေးပေးလိုက် ပါတော့တယ် နောက်နေ့ကျတော့ သူအရမ်းပျော်ပြီး 

ကျွန်တော့်ကို ကျေးဇူးတင်တဲ့အကြောင်းတွေကို ထပ်ခါတလဲလဲ ပြောပါ
တယ် ကျွန်တော် ရှာရကျိုးနပ်ပါတယ် သူအဲဒီစာအုပ်ဖတ်ပြီး သင်တန်းဖြေရမှာမို့လို့ပါ။ ကျွန်တော်ပြောချင်တာကတော့ မိတ်ဆွေတို့မှာလည်း သိချင်တဲ့အရာတွေ အများကြီးပါ

 အဲဒါတွေကို သိအောင်လုပ်ဖို့က အပြင်မှာဆိုမလွယ်ပါဘူး ဒါပေမယ့်
အင်တာနက်မှာဆိုရင်တော့ လွယ်ပါတယ်။ ခုနလိုပိုက်ဆံပေးဝယ်ရတဲ့စာအုပ်မျိုးကို အလကားရတော့ ပိုက်ဆံကုန်အတော်သက်သာတာပေါ့ ။ အဲလိုရှာတတ်ဖို့ဘာတွေ လိုအပ်မလဲ ဆိုရင် အင်္ဂလိပ်လိုလေးတော့ တီးမိ ခေါက်မိတတ်ထားဖို့တော့လိုလိမ့်မယ်ထင်တယ်ခင်ဗျ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာလို Search Engine တွေမှာ ရိုက်ထည့်ရင်
လိုချင်တာတွေကို မြန်မာဘာသာနဲ့ရေးထားတာတွေပဲတွေ့ရမှာပါ ရေးထားတာမရှိရင် မရှိဘူးလို့ တန်းပြောမှာပါဘာကြောင့်လဲဆိုတော့ ကိုသိချင်တဲ့အရာတိုင်းကိုတော့ မြန်မာလိုရှိချင်မှရှိမှာလေ အင်တာနက်မှာရေးနေတဲ့ မြန်မာလူမျိုးက ကမ္ဘာနဲ့ယှဉ်ရင်တော့ နည်းနည်းလေးပါ။ ဒါပေမယ့် သိချင်တာကိုတော့ မြန်မာလိုအရင်ဆုံး အနီးစပ်ဆုံးတူအောင် ရိုက်ကြည့်
ပေါ့ ကြိုးစားကြည့်ပါ အဆင်မပြေရင်တော့ အင်္ဂလိပ်လို တတ်သလောက်သာရေးလိုက် ကျလာတဲ့ Web page တွေကိုတစ်ခုချင်းသာ ကလစ်ပြီး လိုက်ကြည့် ။ ရှာဖွေတာများလာရင် ကျွမ်းကျင်လာပါလိမ့်မယ်ဗျာ ။ ဆော့ဝဲတွေ တော်တော်များများကိုကျွန်တော်တို့ နိုင်ငံခြားဆိုဒ်တွေကနေရှာဖွေတာပါ ကုလားဆိုဒ်တွေ တရုတ်ဆိုဒ်တွေလည်း ပါတယ် ဒါပေမယ့် ကုလားဆိုဒ်တွေကျတော့ နားမလည်ဘူး ဘယ်လိုလုပ်လဲဆိုတော့ Translator တွေကိုသုံးတယ် ကုလားကနေ - အင်္ဂလိပ် ၊တရုတ်ကနေ-အင်္ဂလိပ် အဲဒါတွေကိုသုံးတယ် ဘယ်လိုသုံးလဲဆိုတာတွေကတော့ မသိတဲ့သူတွေအတွက် ကျွန်တော်နောက်ပိုင်း
ပို့စ်တစ်ခုအဖြစ်ရေးပေးသွားပါမယ်။ ကျွန်တော်အဓိကပြောချင်တာကတော့ သူများအားကိုးတာကိုလျှော့ပါ အထူးသဖြင့် ဥပမာကျွန်တော်က Photoshop CS5 လေးကို Full version လိုချင်တယ် အဲဒါကို မရှာတတ်တော့ ကိုအောင်ဆန်းကို အကူအညီ
တောင်းလိုက်မယ်ပေါ့ သူက စေတနာကောင်းတော့ ကျွန်တော့်ကိုရှာပေးတယ် ဒေါင်းလင့်လေးပေးလိုက်တယ် ကျွန်တော်က
ဒေါင်းလိုက်တယ် သုံးလို့အဆင်ပြေသွားပြီ ။ အိုးးးးးးး ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင် ကျွန်တော်က သူများကိုအားကိုးလိုက်တာပဲ အဲတော့ နောက်ကျွန်တော်က Premier ဆော့ဝဲလိုချင်ရင်လည်း ကိုအောင်ဆန်းကိုပဲ အကူအညီထပ်တောင်းရတော့မှာပဲ ဒီလိုဆိုတော့ မဟုတ်သေးဘူးလေ 
သူမရှိရင်ရော ? သူမရှိရင် အခြားသူကို တောင်းမှာပေါ့ လွယ်လွယ်လေးပဲကို လို့ ကပ်သီးကပ်
သပ်တော့ မပြောကြပါနဲ့ ။ ကိုယ်တိုင်ရှာဖွေကြည့်မယ်ဗျာ ကြိုးစားမယ် နည်းနည်းအားစိုက်လိုက်မယ် အိုးတွေ့ပီ ကျွန်တော်ကိုယ် တိုင်ရှာထားတဲ့ Photoshop CS5 full version လေး ဘယ်လောက်ပျော်ဖို့ကောင်းလဲ နောက်လိုချင်တာတွေကိုလည်း အဲလိုပဲ
ရှာကြည့်မယ် မတွေ့ဘူးဆိုရင်တော့ အကူအညီတောင်းကြည့်မယ် ရှာပေးပါလို့မပြောပါနဲ့ ဘယ်လိုရှာရမလဲ သင်လိုက်ပါ သင် တဖြေးဖြေးနဲ့ Search Engine တွေကို 

hacking လုပ်တတ်မှာပါ။ ကျွန်တော် နောက်အားတဲ့အချိန်လေးများရှိခဲ့ပါက
နမူနာရှာနည်းလေးများကို ရေးပေးပါအုံးမယ် ။ aungkyaw155 ကိုအပ်ပြီးတော့လည်း ရှာဖွေနည်းများကို မေးနိုင်ပါတယ်ခင်ဗျာ ကျွန်တော် မရှာတတ်တာတွေကိုလည်း ကျွန်တော်ကပြန်အကူအညီတောင်းဖို့  ကျွန်တော့် ဆရာတွေ မိတ်ဆွေတွေရှိပါတယ်
ကျွန်တော့်စာကို ပြီးဆုံးအောင်ဖတ်ပေးတဲ့ မိတ်ဆွေများလည်း 
အင်တာနက်မှာ အကုန်လုံးကို ရှာဖွေတတ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း 
++++++ 
အားလုံးကို ခင်မင်လေးစားလျှက်
အောင်ကျော်ခိုင်(ပုသိမ်)
24 Dec 2012

Post a Comment

  1. ကျေးဇူးကမ္ဘာပါပဲကိုအောင်ကျော်ရေ ကျွန်တော်လည်းကိုယ်တိုင်ရှာနိုင်ဖို့ကြိုးစားတော့မယ်

    ReplyDelete
  2. ကျွှန်တော်လည်း အကိုပြောသလိုဖြစ်နေတယ် ကျေးဇုးအများကြီးတင်ပါတယ်

    ReplyDelete
  3. ကျေးဇူးပဲအကိုရေ

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အားကျွန်တော်တော်တော်မောသွားတယ်ကိုအောင်ကျော် .....ဒါပေမယ်လို့ ကျွန်တော်ဖတ်ရကျိုး..့ မောကျိုးလေးနပ်ပါတယ်လေ.....ကျွန်တော်အင်္ဂလိပ်ဆိုက်တွေကလိုက်ရှာလိုက်တာတွေ့ပါလေရောဆော့ဝဲတွေအမိုက်စားတွေ ရက်စက်ပါပေတယ်ဗျာ ...သိပ် ဖတ်ရကျိုးနပ်သွားပြီပေါ့.....ကျွန်တော်ဆက်လိုက်လိုက်အုံးမယ်နော်...ကျွန်တော်ရှာကြည့်တာ...လ၀တ်ကျော် အလုပ်ပြတ်သွားတယ်...ကျွန်တော်က ဆော့ဝဲ တွေလိုက်နေတဲ့သူပါ....ဂွင်တွေ့သွားတာပေါ့...ကျေးဇူးပါ...နောက်များများမျှဝေနိုင်ပါစေ...နည်းပညာများကို...ပေါ့.....ဘိုင်.......။

    ReplyDelete
  6. လေးစားပါတယ်ဗျာ။

    ReplyDelete
  7. Thank you very much . I would try as you try .

    ReplyDelete
  8. ငယ်ငယ်ရွယ်ရွယ်နဲ့လေ့လာမှုအားကောင်းခဲ့တဲ့ ညီလေး အောင်ကျော်ကို ဂုဏ်ယူပါတယ်ကွာ။

    ငါ့ blog မှာကျတော့ မရေးပေးဝူးးးး။
    မိန်းမမရပါစေနဲ့ ဟွန်း

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်..စာ ကို အဆုံထိဖတ်လိုက်ပါတယ်...တစ်ကယ်ကိုအကျိုးရှိတဲ့စကားလုံးတွေပါပဲ..
    ထပ်မံပြီးကျေးဇူးတင်ပါတယ်...ကျနော် မင်းအာရုံ က
    အင်္ဂလိပ်စာအားနည်းတော့...ရမ်းသန်းပြီးရှာနေတာ...ဆော်ဝဲတွေရတာလဲရှိ မရတာလဲရှိပေါ့..
    Full တော့မရပါဘူး....အစ်ကိုရဲ့ စာကိုဖတ်ပြီး..ကြိုးစားလိုက်ဦးမယ်...အစ်ကို ဒီထက်ပိုပြီး...ပညာဒါန မပြုနိုင်ရင်တောင်...ညီလေး အစ်ကိုတို့ လို....ပညာမျှဝေသူမှန်သမျှ...ကျေးဇူးတင်နေဦးမှာပါ..
    အစဉ်လေးစားလျှက်...အစ်ကိုရဲ့ အကောင့်ကိုတော့ မအပ်တော့ပါဘူး...ဖီဘော့မှာတော့ လိုက်ခ် ထားပါတယ်..
    ရှယ်ပေးထားပါတယ်...အကောင့်မအပ်တာက မလေးစာတာ ဟုတ်ရပါဘူး...မေးတဲ့သူတွေများတော့...ဖြေတဲ့ လူက တစ်ယောက်ထဲဆိုတော့...ပင်ပန်းမှာပဲလို့တွေးပြီး မအပ်တာပါအစ်ကို...ဘာမှလဲ နားမလည် အင်္ဂလိပ် က နတ္တိ ဆိုတော့..ရှင်းပြတဲ့ ..လူကပဲ မောတာပဲအဖတ်တင်မှာပါ...လေးစားလျှက်....

    ReplyDelete
  10. I've been surfing online more than 3 hours today, yet I never found any interesting article like yours. It is pretty worth enough for me. In my view, if all webmasters and bloggers made good content as you did, the net will be much more useful than ever before.

    Feel free to visit my webpage ... buy twitter followers
    My page :: buy followers on twitter

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top