ကျွန်တော်တို့ မြန်မာတွေ အသုံးအများဆုံး Social site လေးဖြစ်တဲ့ Facebook
လေး က အောက်တိုဘာလ ၁၅ ရက်နေမှာ Down တော့မယ်လို့ ပြောနေကြပါတယ်

ကောလဟာလ လား တကယ်လားတော့မသိပါဘူး ဒါပေမယ့် ဒီလိုမျိုး ပြောတာတွေကို
ကျွန်တော်ခဏခဏ ကြားရပါတယ် တော်ကြာ Anonymous က တိုက်တော့မယ်လို့လည်းပြောတယ် တော်ကြာ မာဇူကာဘတ်က
 Facebook ကို လုပ်ရတာ အရမ်းတာဝန်ပိတယ် စိတ်တွေလည်း ရှုပ်ရပါတယ်
 မလုပ်နိုင်တော့လို့ ပိတ်တော့မယ်လည်းပြောတယ်
ခဏခဏ ကြားခဲ့ရတယ် ဒါပေမယ့်လည်းတကယ်မဟုတ်ခဲ့ပါဘူး.......

အခုလည်း သတင်းတွေက ထွက်နေပြန်ပါပြီ ဘယ်လိုပဲဖြစ်ဖြစ် 
ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ ဒေါင်းသွားတယ်ဆိုလည်း မသုံးတော့ရုံပေါ့

 ဒါပေမယ့် ကျွန်တော်ထင်တာတစ်ခု ပြောပြမယ်နော်သယ်ချင်းတို့

တစ်ကမ္ဘာလုံး လူသန်းပေါင်းများစွာ သုံးနေတဲ့ Social Site ကြီးက ပိတ်ဖို့ဆိုတာတော့
မဖြစ်နိုင်ပါဘူး သူတို့တည်ထောင်ခဲ့တာ ကောလိပ်ကျောင်းသားတွေ အချင်းချင်း
ရင်းနှီးစေဖို့ တည်ထောင်ရင်းကနေ တစ်ကမ္ဘာလုံးက သုံးနေတဲ့ Social Site ဖြစ်နေလို့
မာဇူကာဘတ်က တောင် ဂုဏ်ယူပြီးတော့ ကျွန်တော်တို့ရဲ့ facebook လေးကို
ဒီထက်ကောင်အောင်ကျိုးစားသွားမှာပါလို့ မနေ့တစ်နေ့ကတောင် ပြောခဲ့သေးတာဆိုတော့
ကျွန်တော်ထင်တာ တော့ကောလဟာလ ဖြစ်ဖို့များပါတယ်ဗျာ...
အတိအကျကြီးတော့မဟုတ်ဘူးနော် ကျွန်တော်ထင်တာလေးကိုပြောပြတာပါ
ကျွန်တော်က ထင်မြင်ချက်တွေပေးရအောင် မင်းကဘာကောင်လဲလို့တော့မပြောနဲ့နော်
ကျွန်တော်သိသလောက်လေး ပြောတာပါ လူအားလုံးမှာ လွတ်လပ်စွာတွေးခေါ်ခွင့်ရှိပါတယ်
ဖတ်ပေးတဲ့လူ အားလုံးကိုကျေဇူးတင်ပါတယ်
 ဖတ်ပေးတဲ့သူငယ်ချင်းများအားလုံးလည်း မိမိတို့ ထင်မြင်ချက်လေးတွေကို ရေးပေးသွားပါအုံးခင်ဗျာ
လေးစားလျှက်
အောင်ကျော်(ပုသိမ်)
09 Oct 2012

Post a Comment

  1. ပိတ်သွားတော့လည်းတစ်ရက်တစ်ရက်သုံးတဲ့အင်တာနက်ဖိုးတစ်ဝက်လောက်သက်သာသွားတာပေါ့

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. ပိတ်သွားရင် ပိုက်ဆံအကုန် သက်သာတာတော့ အမှန်ပါ။
    ဒါပေမယ့် သတင်းတံခါးလေးတွေ ပိတ်သွားတာပေါ့။ ဘာမှ မဖြစ်ပါဘူး။

    ReplyDelete
  4. ကိုယ် ပြောင်းလဲလို့ မရတာအတွက် လက်ခံယုံပဲပေါ့။

    ReplyDelete
  5. ဘာမှ မှ မတတ်နိုင်တာဘဲဗျာ

    ReplyDelete
  6. Google Plus ပြောင်းသုံးယုံ :)

    ReplyDelete
  7. ဒီလိြုေ့ပာနေတာ လွန်ခဲ့တဲ့နှစ်လောက်ကဘဲ ပြောလိုက်ရင်လည်း ဘာလို့အားလုံး(၁၅)ရက်တွေဘဲဖြစ်နေတယ်။. ဟိုလ၊ ဒီလနဲ့ဟုတ်တာလည်းမဟုတ်ဘူး......

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top