ကျွန်တော့်အစ်ကို ကိုအောင်အောင် ရဲ့အကူအညီတောင်းမှုကြောင့်
ကျွန်တော်ဒီပို့စ်လေးကို အမြန်ရေးလိုက်ရပါတယ်

ဘလော်ဂါတွေရဲ့ ဘလော့လေးတွေမှာ facebook like လေးတွေ လုပ်ချင်မှာပါ
ဆိုဒ်ရဲ့ Side bar မှာ facebook like လေးလုပ်ထားခြင်းဖြင့် ကိုယ့်ဆိုဒ်ကို
လူတွေ ဘယ်လောက် လေ့လာလဲ သိရတဲ့အပြင် အဲဒီ facebook page မှာ
တင်သမျှကို Like လုပ်ထားတဲ့ မိတ်ဆွေတွေ ကို facebook က notification ပြပါလိမ့်မယ်ဗျာ

Facebook Like box လုပ်ဖို့က အရင်ဆုံး facebook fan page တစ်ခု လိုပါမယ်
Facebook fan page လုပ်နည်းလေးကိုတော့ ကျွန်တော့်ညီလေး ဝေလင်းဌေးရေးထားပါတယ်
ဒီမှာ သွားရောက်ဖတ်ရှုလိုက်ပါ မိတ်ဆွေတို့ facebook page လေးတစ်ခုလုပ်ပြီးပြီဆိုရင်တော့
မိမိ facebook page Link လေးကိုသိဖို့လိုအပ်ပါတယ် 

မိမိ facebook fan page လင့်လေးကို မသိရင် မိတ်ဆွေတို့ရဲ့ facebook မှာ Home ကို
နှိပ်လိုက်ပါ ပြီးရင်တော့ ဘယ်ဘက်မှာ လုပ်ထားတဲ့ facebook page လေးကို 
Right Click နှိပ်ပြီးတော့ Copy Link Location ကိုနှိပ်လိုက်ပါ
မသိရင်အောက်ကပုံလေးကိုကြည့်လိုက်ပါ....
 

facebook like box လေးလုပ်ဖို့ ဒီနေရာလေး ကိုသွားလိုက်ပါ

ပြီးရင် Facebook page URL ဆိုတဲ့နေရာလေးမှာ ခုနက ကော်ပီကူးထားတဲ့ လင့်လေးကို
ကီးဘုတ်က Ctrl+V သို့မဟုတ် mouse က Right Click နှိပ်ပြီး Paste လုပ်ပေးလိုက်ပါ
အောက်က Width နဲ့ Height ကတော့ မိမိ ဘလော့ရဲ့ side bar နဲ့
အဆင်ပြေမှာလေး ရိုက်ထည့်ရမှာပါ .. Color Scheme ဆိုတာကတော့
မိမိဆိုဒ်လေးက အလင်းဆိုဒ်လား အမှောင်ဆိုဒ်လားပေါ့ တစ်နည်းဆိုရလျှင်
အဖြူများနေရင်တော့အလင်းဆိုဒ်လေးပေါ့ ဒါဆို Light ကိုရွေးပေးလိုက်ပါ
အမည်းဆိုဒ်လေးဆိုရင်တော့ Dark ကိုရွေးပေးရမှာပါ 
ပြီးရင်တော့ Get Code ကိုနှိပ်လိုက်ပါဗျာ
 
အပေါ်မှာပြထားတဲ့ပုံလေးအတိုင်း Box လေးတစ်ခုတက်လာမှာပါ အဲဒါဆို
IFRAME ကိုရွေးပြီးတော့ ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ ကုဒ်တွေ အားလုံးကို 
ကော်ပီကူးပြီးတော့ မိမိဘလော့လေးရဲ့ HTML/javascript ကုဒ်ထည့်တဲ့ နေရာလေးမှာ
ထည့်ပေးလိုက်ရုံနဲ့ပဲ facebook Like box လေးဖြစ်သွားမှာပါ ဒီအဆင့်လေးကိုတော့
သေချာမပြောတော့ပါဘူး Blogger အားလုံး ဒီအဆင့်လေးကိုတော့သိကြမှာပါ
ဒါဆိုရင်တော့ ကျွန်တော်တို့ blog လေးမှာ facebook Like လေးကိုတွေ့မြင်ရမှာပါခင်ဗျာ

 အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်

Post By:အောင်ကျော်(ပုသိမ်)

10 Oct 2012

Post a Comment

  1. This comment has been removed by the author.

    ReplyDelete
  2. This comment has been removed by a blog administrator.

    ReplyDelete
  3. http://sawmicromyaw.blogspot.com/

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top