အခုပြောမယ့် Virus က ပေါ်တာနည်းနည်းတော့ကြာပါပြီ။ တော်တော်များများကိုပြန့်သွားတဲ့ recycler virus ဆိုတာလေ။ ကျနော့်စက်လဲ အဲဒါမိလိုက်ပါသေးတယ်။ အဲဒီသကောင့်သားလေးဝင်ပြီဆို Removable Media တွေစပြီးပြဿနာတက်တော့တာပဲ။ သူက Autorun.inf ကနေတစ်ဆင့်ဒုက္ခပေးပါတယ်။ ကွန်ပျူတာမှာ လာတပ်သမျှ USB, DVD disc, Hard Disk Driveစတဲ့ removable drive တွေတင်သာမက သင့်မှာရှိသမျှ hard drive အကုန်လုံးကို self copy လုပ်မှာဖြစ်ပါတယ်။ Recycler Virus ဆိုတဲ့အတိုင်း recycle bin အယောင်ဆောင်ပြီးလှည့်စားထားပါတယ်။ သူပြဿနာရှာပုံနောက်တစ်ခုက ကိုယ်ဘာမှလုပ်ပဲနဲ့ Malicious website တွေကနေ spyware coding တွေဒေါင်း hidden file/folder တွေလုပ်ပြီး ကိုယ့်ဆီက privacy တွေပါခိုးယူပါတယ်။ အန်ကယ် virus တွေလဲ detect သာလုပ်နိုင်ပြီး မဖျက်ပစ်ဖူးဗျ။ 
အဲဒီငနဲကို ဖျက်ပစ်ဖို့ software ရှိပါတယ်။ သူက recycler virus အပါအ၀င် autorun virus တွေကိုပါရှင်းပေးနိုင်ပါတယ်။ လိုချင်တဲ့သူများ အောက်မှာ download လုပ်ရယူနိုင်ပါတယ်။
အဲဒါကို runပြီးရှင်းလိုက်ပါ။ ပြီးရင် စိတ်ချရအောင် ကွန်ပျူတာကို restart ချပေးပါ။ 
အဆင်ပြေသွားပါလိမ့်မယ် ခင်ဗျာ။


08 Oct 2012

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top