ကွန်ပျူတာကို လှလှပပလေးအသုံးပြုချင်သည့် အလှအပကြိုက်သူများအတွက် Desktop Fan Software လေးများကို ရှာဖွေစုစည်းပေးလိုက်ပါသည်။ File Size သေးငယ်ပြီး လွယ်ကူစွာအသုံးပြုနိုင်ပါသည်။
Desktop Snow OK
          Computer Desktop ပေါ်မှာ နှင်းလေးတွေကျပြီး ဆောင်းရာသီရဲ့အငွေ့အသက်ကို ခံစားစေရမယ်လို့ ဆိုထားပါသည်။ ထို့အပြင် ၎င်းတွင် နှင်းကျနေခြင်းအပြင် ကြယ်လေးများကြွေနေခြင်း၊ ပန်းပွင့်လေးများ ကြွေနေခြင်း၊ ပူပေါင်းလုံးလေးများလွင့်မျောနေခြင်း၊ တင်းနစ်ဘောလုံးလေးတွေဝဲကျနေခြင်း စသည်ဖြင့် အမျိုးအစားပေါင်းများ စွာအသုံးပြုနိုင်ပါသည်။ ကြယ်လေးများကြွေကျနေခြင်းကို အသုံးပြုမည်ဆိုပါက ကြယ်များ၏အကြီးအသေး၊ အရေအတွက်၊ ကြွေကျတဲ့အရှိန်စသည်ဖြင့် ပြင်ဆင်နိုင်ပါသည်။  Portable Screensaver Software ဖြစ်ပါသည်။ Screensaver ထက်ပို၍ထူးခြားသည်မှာ ကွန်ပျူတာအသုံးပြုနေစဉ်၌ပင် မိမိတို့ရွေးချယ်ထားသည့်အတိုင်း နှင်းပွင့်များကျဆင်းခြင်း၊ ပန်းပွင့်များကျဆင်းနေခြင်း စသည်တို့ကို အသုံးပြု နိုင်ခြင်းဖြစ်ပါသည်။
အသုံးပြုပုံမှာလည်း ရိုးရှင်းလွယ်ကူပါသည်။ DesktopSnowOK ကို Double Click နှိပ်ပေးလိုက်ရုံဖြင့် အောက်ဖော်ပြပါပုံအတိုင်း အသုံးပြုရန်အသင့်ဖြစ်နေသည်ကိုတွေ့ရပါမည်။ Flakes သည် မိမိရွေးချယ်လိုက် သည့် ကြယ်၊ ပန်းပွင့်၊ ပူပေါင်း စသည်တို့၏ အရေအတွက်ကိုဖော်ပြခြင်းဖြစ်ပြီး အနည်းဆုံး ၅ ခုမှ၊ အများဆုံး ၆၄ ခုထိ ရွေးချယ်ပေးနိုင်ပါသည်။ Transparency ဆိုသည်မှာ ကြယ်၊ ပန်းပွင့်စသည်တို့၏အရောင်အနုအရင့်ကို သတ်မှတ်ခြင်းဖြစ်ပြီး ၀(သုည) မှ ၅၀ အထိရှိပါသည်။ ၀(သုည) ဆိုလျင် အရောင်အရင့်ဆုံးဖြစ်ပြီး ၅၀ ဆိုပါက  အရောင်အနုဆုံးဖြစ်ပါသည်။ Speed တွင် ကြယ်၊ ပန်းပွင်တို့၏ ရွေ့လျားမှု အနှေး၊ အမြန်ကိုပြင်ဆင်ပေးနိုင်ပါ သည်။ Image / Texture တွင် ပန်း၊ ကြယ်၊ တင်းနစ်၊ ပူပေါင်း စသည်ဖြင့် မိမိနှစ်သက်ရာကိုရွေးချယ်ပေးနိုင်ပါ သည်။ အမျိုးအစားပေါင်း (၃၅) မျိုးခန့်ရှိပါသည်။ Deactivation တွင် None၊ If Mouse Events စသည်ဖြင့် ပါရှိပါသည်။ None ကိုရွေးချယ်ပါက အမြဲတမ်းအလုပ်လုပ်နေမည်ဖြစ်ပါသည်။ If mouse Events ကိုရွေးချယ် ပြီး စက္ကန့်ကို ၅ စက္ကန့်ဟုသတ်မှတ်ထားပါက ၅ စက္ကန့်ကြာသည်ထိ Mouse အသုံးပြုမှုမရှိပါက စတင်အလုပ် လုပ်ဆောင်မည်ဖြစ်ပါသည်။ စက္ကန့်မှာ ၅ စက္ကန့်မှာ ၅၉ စက္ကန့်ထိ နှစ်သတ်သလိုသတ်မှတ်ပေးနိုင်ပါသည်။ Algorithm တွင် အထက်မှအောက်၊ အောက်မှအထက် စသည်ဖြင့်ရွေ့လျားမှုကိုပြင်ဆင်နိုင်ပါသည်။ ထိုသို့ ပြင်ဆင်ပြီးသည်နှင့် မိမိတို့ကွန်ပျူတာ Desktop ပေါ်တွင် လှပစွာကျဆင်းနေသည့် နှင်းပွင့်၊ ပန်းပွင့် စသည်တို့ ကိုတွေ့မြင်နိုင်ပြီဖြစ်ပါသည်။ ကွန်ပျူတာစဖွင့်သည်နှင့်တစ်ပြိုက်နက်တည်း အလုပ်လုပ်ဆောင်လိုပါက Start With Windows ကို Check ပြုလုပ်ပေးထားနိုင်ပါသည်။ Download ချရမယ့် Size ကလည်း 90.5 KB ခန့်သာ ရှိပါသည်။
The Aero Clock
          ကွန်ပျူတာ Desktop ပေါ်မှာ နာရီ တင်ထားဖိုပအတွက် အသုံးပြုတဲ့ Software ဖြစ်ပါသည်။ Window 7 အသုံးပြုသူများအတွက်မလိုအပ်သော်လည်း Window XP အသုံးပြုသူများအတွက် အသုံးဝင်ပါသည်။ နာရီ  အရွယ်ပမာဏ၊ အရောင် စသည်တို့ကို မိမိတို့စိတ်ကြိုက်နှစ်သက်သလိုပြောင်းလဲ ပြင်ဆင်ပေးနိုင်ပါသည်။
Portable Software တစ်ခုဖြစ်ပြီး Install ပြုလုပ်စရာမလိုအပ်ပဲ Double Click ကိုနှိပ်၍ အသုံးပြုနိုင်ပါ သည်။ Double Click နှိပ်လိုက်သည်နှင့် အောက်ဖော်ပြပါပုံအတိုင်းတွေ့မြင်ရမည်ဖြစ်ပြီး အသုံးပြုရန်အတွက် အသင့်ဖြစ်နေပါမည်။ Size တွင် နာရီ၏ အရွယ်ပမာဏကို အတိုးအလျော့ပြုလုပ်နိုင်ပါသည်။ Transparency တွင် ရွေးချယ်ထားသောနာရီ၏ အရောင်အနုအရင့်ကို ပြင်ဆင်နိုင်ပါသည်။ Image / Texture တွင် မိမိနှစ် သက်ရာအရောင်ကို ရွေးချယ်နိုင်ပါသည်။ Desktop ပေါ်တွင် မိမိရှိစေချင်သည့်နေရာသို့ Drag ဆွဲပြီးနောက် Fixed at that position ကို Check ပေး၍ အသေထားရှိနိုင်ပါသည်။ ကွန်ပျူတာဖွင့်သည်နှင့် Desktop ပေါ် တွင် ရှိစေလိုပါက Start With Window ကို Check ပြုလုပ်ပေးရပါမည်။ Download ချရန် 1.81 MB ခန့်သာရှိ ပါသည်။
Click Here To DownloadTheAeroClock

ချယ်ရီမြေမှ ပြန်လည်မျှဝေသည်..
06 Sep 2012

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top