Huawei C8500 ကို ICS မြင့်ရာမှာ Rom Manger နဲ့ Flash လုပ်တာ အဆင်မပြေပါဘူး အဲဒီတော့ တစ်မျိုးကြံရတော့တယ်။တရုတ်စာကလည်းမတတ်တော့ Google Translate အားကိုးနဲ့ web ထဲ C8500 ရဲ့ Recovery Image ကို ရှာလိုက်ရတာနှံ့နေတာဘဲ နောက်ဆုံးမှ ခက်ခက်ခဲခဲ ICS ကို မြင့်လို့ရသွားတော့တယ်။Huawei C8500 အတွက် ICS က Custom Rom ပါ Volume Key,3G,Camera Wifi မရပါဘူး ပြီးတော့နည်းနည်းလေးပါတယ် မကြိုက်ရင်တော့ Original 2.2.1 ပြန်ချပေါ့ မဟုတ်ဘူးလား။Version မြင့်ပြီးမှ root လုပ်ချင်ရင် အရင်ဆုံး 2.2.1 ကတည်းက Z4root နဲ့ root လုပ်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်
အရင်ဆုံး  Download> HuaweiC8500 Recovery ကိုဒေါင်းပါ
ပြီးရင် ဒေါင်းလုပ်လုပ်ထားတဲ့ Huawei C8500 Recovery ကို zip ဖြေလိုက်ပါ
Install Recovery Windows.batch ဖိုင်ကိုဖွင့်လိုက်ပါ
Waiting For Device ဆိုတာပေါ်နေလိမ့်မယ် (အဲဒီ Command Windowsကို ဒီအတိုင်းဖွင့်ထားပါ ပြီးတော့ USB ကြိုးကို အရန်သင့် ကွန်ပျူတာနဲ့ချိတ်ထားပါ)
အဲဒီအချိန်မှာ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ရင် ဘာမှပေါ်မှာမဟုတ်ပါဘူး ဖုန်းကို Shutdown ချလိုက်ပါ
ပြီးရင် ပါဝါပိတ်ထားတဲ့ဖုန်းကို Volume Down+Red Hand Button+Power တပြိုင်တည်းတွဲနှိပ်လိုက်ပါ
Huawei Logo နဲ့ boot တက်လာရင် ချက်ခြင်းဘဲ ဖုန်းကို ကွန်ပျူတာနဲ့အမြန်ချိတ်လိုက်ပါ  (ကွန်ပျူတာက Install Recovery Windows.batch ဖိုင်ကိုဖွင့်ထားရန်မမေ့ပါနဲ့)
ဒါဆိုရင် အောက်ကပုံလိုပေါ်လာပြီး ဖုန်းက restart ကျသွားပါမယ်
ပြန်တက်လာရင် Phone ကို Recovery Flash လုပ်တာပြီးသွားပါပြီ
Download လုပ်ထားတဲ့ HUAWEI_C8500_4.0.3 ကို Memory Card ထဲကူးထည့်ပြီး အဲဒီ zip ဖိုင်ကို Update လို့နာမည်ပေးလိုက်ပါ (Zip ဖြေဖို့မလိုပါဘူး)
ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ
၁၀စက္ကန့်လောက်နားပြီး ဖုန်းကို Volume Up+Green Hand Button +Power ခလုတ်သုံးခုစလုံးတွဲနှိပ်ပါ မလွှတ်ပါနဲ့
အောက်ကပုံအတိုင်းပေါ်လာရင် လွှတ်လိုက်ပါ ဒါဆို Recovery Mode ထဲရောက်သွားပါပြီ
Update လုပ်ဖို့ အောက်ကပုံအတိုင်း တရုတ်စာတန်းကို ရွေးပေးလိုက်ပါ
Volume Down ခလုတ်နဲ့အောက်ဆင်းပြီး Power Key က Enter ပါ)
ဒါဆိုရင် သူ့ဘာသာသူ Update ဖိုင်ကို Install လုပ်သွားပါလိမ့်မယ်
 ပြီးသွားရင် Phone က Restart ကျသွားပါမယ် ပြန်တက်လာရင် IDEOS ဆိုတဲ့စာတန်းနဲ့ boot တက်လာပြီး 3D Animation ပေါ်လာပါမယ် အဲဒီနေရာမှာ စိတ်ရှည်ရှည်နဲ့စောင့်ပေးပါ နည်းနည်းကြာသွား ပြီး အောက်ကပုံလိုမျိုးပေါ်လာရင် Phone က ICS ဖြစ်သွားပါပြီ
 နောက်ဆုံး Phone က Ice Cream Sandwich Update ဖြစ်သွားပါပြီ
20 Aug 2012

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်

:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top