ပိုစ့်ခေါင်းစဉ်ကို ဘာပေးရမှန်းမသိတာနဲ့ (အသံလိုင်းမှ အချက်အလက်သို့ ) လို့ဘဲ ပေးလိုက်တော့တယ်။ တကယ်လဲ ခေါင်းစဉ်အတိုင်းကို အလုပ်လုပ်တဲ့ apps လေးဖြစ်ပါတယ် ဒီ apps လေးက ထွတ်တာကြာ
လောက်ပါပြီး ဒါပေမဲ့ ဟိုတနေ့ကမှ activity တခုလုပ်ကြတာနဲ့ ဒီလုပ်တဲ့နေရာမှာ သီချင်းကို cassette နဲ့ ဖွင့်ပြပြီး သီချင်း ခေါင်းစဉ်နဲ့ ဆိုတဲ့လူကို ရေးခိုင်းတယ် ဒါနဲ့ တော်တော်များများကတော့ သီချင်းကို သေသေချာချာ နားထောင် ပြီးတော့ ဖြေကြတာပေါ့။ ဒါပေမဲ့ ဒီထဲက ကျွန်တော့် သူငယ်ချင်း တစ်ယောက်က တော့ iphone ကိုဖွင့်ပြီးတော့ ပြုံးစိစိနဲ့ သီချင်း ခေါင်းစဉ်နဲ့ ဆိုတဲ့ အဆိုတော်တွေရဲ့ နာမည်ကို ရေးချနေတာတွေ့ရတယ်။ ဒါနဲ့ ပြီးတဲ့ အခါကြတော့ ဒီ ကျွန်တော် သူငယ်ချင်းက အမှန်အများဆုံးနဲ့ အနိုင်ရသွားတာပေါ့။ ကျွန်တော် သူ့ကို မေးကြည့်တော့ (Soundhound apps) လိုခေါ်ပါတယ် Free ပါဘဲ။ cassette နဲ့ ဖွင့်ပြတာတွေကို သာနားလည်တာ မဟုတ်ဘဲ ကိုယ်ကိုတိုင်
ဆိုပြတာကိုလဲ နားလည်ပြီး ဖော်ပြပေးပါတယ်။ ကျွန်တော် အင်္ဂလိပ် သီချင်းတပုဒ်ဆိုပြတာတော့
နားလည်တယ်....မိတ်ဆွေတို့လဲ စမ်းသပ်ကြည့်ကျပေါ့။ အင်္ဂလိပ်လို၊ hindi လို့၊ တရုတ်လို၊ကိုးရီးယား၊
ဂျပန်လို စပြီးတော့ သီချင်းတွေကို ကိုယ်ဆိုရင်ဆိုသလို၊ ဖွင့်ပြရင်ဖွင့်ပြသလို နားထောင်ပြီး ပြန်ဖော် ပြပေးပါ
တယ်။ ဒါတွင်မကဘဲ ဖွင့်ထားတဲ့ သီချင်းရဲ့ စာသားကိုပါ အမှီလိုက်ထိုးပြပေးပါတယ်။ အထူးသဖြင့် သီချင်းကိုဝါသနာပါတဲ့ လူတွေအတွက်တော့ တနည်းနည်းအသုံးတည့်မှာပါ။ ခက်တာက မြန်မာလို့တော့
မရဘူးနော်။....
လိုချင်ရင် Download လုပ်ကြပေါ့၊ (Iphone,Android,Ovi,Windows phone) စတာတွေမှာရပါတယ်။
http://www.soundhound.com/
SBSangpi(စံပီး)
Post a Comment
Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်
Click to see the code!
To insert emoticon you must added at least one space before the code.