ပုံမှာ မြင်တွေ့ရတဲ့ ဖုန်းကို Samsung Galaxy S4 ရဲ့  Leak image ဆိုပြီး အင်တာနက်မှာ ရေပန်းစားလျက် ရှိပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းသာဆိုရင် အပြင်ပန်း physical appearance က ဘာမှ ထူးထူးခြားခြားပြောင်းလဲမသွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အတွင်း Specification များကတော့ ပြောင်းလဲ သွားမယ်လို့ ဆိုပါတယ်။ ကင်မရာ 13 megapixel, Android 4.2.1 OS , Full HD (1920x1080) resoultion မျက်နှာပြင်၊ Processor 1.8 GHz, RAM 2GB အစရှိသဖြင့် အတွင်းကတော့ နောက်ဆုံးပေါ် အကောင်းဆုံးချည်း ဖြစ် ပါတယ်။

နောက်ထပ် ကြားသိရတဲ့ သတင်းတစ်ခုက eye-tracking technology လို့ခေါ်တဲ့ မျက်လုံးနဲ့ ထိန်းချုပ်စနစ် ပါလာတယ်လို့ ဆိုပါတယ်။ Web page တစ်ကို စာဖတ်တဲ့အခါ အောက်ကို လက်နဲ့ touch ဆွဲစရာ မလိုပဲ မျက်လုံးက အောက်ကိုကြည့်သွားရုံနဲ့ Page ကအလိုလိုနေရင်းနဲ့ အပေါ်တက် လာမှာလို့ ဆိုပါတယ်။ ဒါ့အပြင် အခြားသော မျက်လုံး အသုံးပြု Function များလည်း ပါဝင်ပါသေးတယ်။

လာမယ့် မတ်လ ၁၄ ရက်နေ့မှာ နယူးယောက်မြို့ မှာ Samsung Galaxy S4 ကို ထုတ်ဖော်ပြသသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top