iPhone/Pad/Pod touch တွေအတွက် Gita Myanmar Music App (ဂီတမြန်မာ)  လို့ခေါ်တဲ့ iOS application လေးတ်စခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီ application လေးကို  Developer ကိုဇော်မင်းစိုး (Initial Studio) မှရေးသားထားပါတယ်။
Gita ဆိုတာဘာလဲဆိုတော့ နာမည် အတိုင်းပဲ iPhone/iPod/iPad တွေပေါ်မှာ သီချင်းများကို နားဆင်ခံစားနိုင်ဖို့ ဖြစ်ပါတယ်.
ဘယ်လို နားဆင် ခံစားနိုင်ဖို့ လဲဆိုတော့ရင် Jailbreak မပြုလုပ်ထားတဲ့ iPhone/iPod/iPad တွေမှာဆိုရင် ကျွန်တော် တို့ အတွက် Built-in Music App ဟာ မြန်မာစာများ ပါဝင်တဲ့ သီချင်းများ ကိုဖွင့်ရာမှာ
နှောင့်နှေးခြင်း / Lag ခြင်း ၊ မြန်မာနာမည်နှင့်ပေးထားသော သီချင်းများတွင် မြန်မာစာ မပေါ်ခြင်း ၊ မြန်မာလို နာမည်များပေးထားသော Playlist များ , songs များ , Artists များ နှင့် Albums များကို ရှာဖွေ၍မရနိုင်ခြင်း ၊ မြန်မာလို သီချင်းစာသားများကို ဖတ်ရှု၍ မရခြင်း များနဲ့ အခြား ဒုက္ခများ စွာဖြစ်ပါတယ်.
ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် တစ်ချို့ သောသူများ(ကျွန်တော် အပါအဝင်) သည် မိမိတို့ ရဲ့ iPod Library တစ်ခုလုံးကို မြန်မာလိုပြောင်းထားခြင်းကိုနှစ်သက်ကြပါတယ်.
တစ်ချို့ တစ်ချို့ သောသူများကတော့ iPod Library တစ်ခုလုံးကို မြန်မာလိုပြောင်းထားချင်သော်လည်း iOS မြန်မာစာ မမြင်ရတဲ့ အခက်အခဲတွေအပြင် တခြား အခက်အခဲတွေပါရှိတဲ့အတွက်ကြောင့် ပြောင်းထားချင်သော်လည်း မပြောင်းနိုင်ဖြစ်နေကြသူများလည်း ရှိပါတယ်.
မိမိတို့ ရဲ့ iPod Library တစ်ခုလုံးကို မြန်မာလိုပြောင်းထားသော မြန်မာစာသားများပါဝင်သည့် iPod Library တစ်ခုလုံးကို Built-in Music App နဲ့ ဖတ်ရှုဖို့ ရာမဖြစ်နိုင်ပါဘူး.
သို့ ပေမဲ့ Jailbreak ပြုလုပ်ပြီး မြန်မာဖောင့်သွင်းထားမယ်ဆိုရင်တော့ ဖတ်လို့ ရနိုင်ပါတယ်. Jailbreak မလုပ်ချင်သူများကတော့ ဖတ်လို့ ရမှာမဟုတ်ပါဘူး.
ထို့ ကြောင့် မိမိတို့ ရဲ့ iPod Library တစ်ခုလုံး ကိုမြန်မာလိုပြောင်းထားခဲ့ပါက အားလုံး အဆင်ပြေပြေ ဖတ်ရှု၍ ရနိုင်စေရန်. နားထောင်နိုင်စေရန် နှင့် အခြားသော Feature များစွာပါဝင်တာကတော့ ကျွန်တော် အခု မိတ်ဆက်ပေးမဲ့ Gita App ကလုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်.
Gita App ကဘာတွေလုပ်ဆောင်ပေးနိုင်လဲဆိုတာတွေကို Overview အနေနဲ့ ပြောရမယ်ဆိုရင်တော့
★ Read in Burmese for your songs , playlists , albums and artists with no lag
★ Search in Burmese for your songs with embed Zawgyi layout keyboard
★ Read Burmese lyrics
★ Save User Preferences
★ Integrate with iPod
★ Many Gesture feature
★ User Interface design is easy to use and cool
★ Clock style now playing timer
★ Auto control playback state
★ Auto play when app crash
★ Support full music controls
★ Support iPhone5 and retina
★ and much more …
အထက်ပါ အချက်အလက်များစွာပါဝင်ပါတယ်.
အသုံးပြုသူတွေ ယခင်အတိုင်းအသုံးပြုလို့ ရအောင် iOS Music App နဲ့ တူစေရန် ဆောင်ရွက်ထားပါတယ်.
Update တွေနဲ့ နောက်ထပ် ပိုကောင်းမွန်တဲ့ Feature တွေကိုလည်း ထပ်ထည့်ပေးဦးမှာဖြစ်ပါတယ်.
ဒါဆိုရင် ကျွန်တော်တို့ အောက်မှာ ပြထားတဲ့ ပုံလေးတွေကို ကြည့်လိုက်ရအောင်.
Information about Gita
App Name : Gita , Gita-HD
Platform : iOS (iPhone/iPad)
Price : $0.99 for each
Minimum iOS Version : iOS 5.0
Developer : Zaw Min Soe (Initial)
Official Page : https://www.facebook.com/InitialStudio
License : © 2013 Initial Studio
Download links
For iPhone / iPod : https://itunes.apple.com/sg/app/gita-myanmar-music-app/id614169364?mt=8
For iPad : https://itunes.apple.com/sg/app/gita-hd/id614270564?mt=8

ဝယ်ယူအားပေးမှုကို ကျေးဇူးအထူးတင်ပါတယ်
Zawminsoe (Initial)
2013 Initial Studio
123461
2
5
(မြန်မာဆော့ဝဲများကိုဝယ်ယူအားပေးခြင်းဖြင့်  မြန်မာ developer များရှေ့ဆက်ပြိး ဆော့ဝဲကောင်းလေးထုတ်နိုင်ဖို့၊ မြန်မာ့ Mobile Application Development လောကကိုပိုမိုတိုးတက်လာစေဖို့ ကူညီပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။)
Ref & Credit to www.myanmartutorials.com
App Content and Photo: www.myanmartutorials.com

REF:www.myanmarmobileapp.com

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top