windows 8 မှာ အချို့ software တွေဖွင့်ရင် netframe 3.5 လိုတယ်ဆိုတာပြတတ်တယ်ဗျ 7မှာတုန်းကတော့တစ်ခါထဲပါတာပေါ့ ထပ်သွင်းစရာမလိုဘူး အခုအသစ်ထွက်တဲ့ 8 မှာတော့မပါလာဘူး သူက 4.5 build in ပါပြီးသား 3.5တော့မပါဘူး ။ အဲတော့သွင်းကမယ်ပေါ့ဗျာ။ အခုပြောမယ့်နည်း ကို မသိခင်တုန်းက တော့တော်တော်တိုင်ပတ်တယ် တင်ပြီးတိုင်း 3.5 ကို ပြန်ပြန်ဒေါင်းနေကတယ် ။ connection က အရမ်းကောင်းတော့ မြန်တာပေါ့ ဗျာ သိတဲ့အတိုင်းပဲ :P ... လေကြောတော်တော်ရှည်သွားတယ် sorry ဗျာ.. လုပ်နည်းလေးက အရမ်းလွယ်ပါတယ် .. Windows 8 အခွေလေးစက်ထဲအရင်ထည့်ဗျာ.. ပြီးရင် အခွေထဲမှာ ရှိတယ့် folder တွေထဲကsources ထဲဝင်ဗျာ အဲဒီ့ထဲက sxs ဆိုတာကို D ထဲကူးထည့်ဗျာ ( ထည့်ချင်တဲ့ ကူးထည့်လို့ ရပါတယ် location တော့မှတ်ထားပေါ့နော်)... ကူးပြီးရင် window key နဲ့ x ကိုတွဲနှိပ်လိုက် ဘယ်ဘက်ဘေး က ပေါ်လာတဲ့ အကွက်မှာ command prompt (Admin)ဆိုတာကိုရွေး လိုက် command prompt ကျလာလိမ့်မယ် အဲဒီထဲမှာ ဒီ command ကို ရိုက်ထည့်ကမှာ dism.exe /online /enable-feature /featurename:NetFX3 /Source:D:\sxs /LimitAccessdism.exe ဒါဆိုသွင်းနေပါပြီ .. 100 ပြည့်အောင် တော့ ခဏစောင့်ပေါ့ နော်။ပြီးရင် sxs ကိုဖျက်လိုကဖျက်နိုင်ပါသည် မလိုတော့ပါ.. ကဲ ပြီးပါပြီ အောက်ကတော့ နည်းနည်း ဖောထားတာပေါ့ :D

ဒါနဲ့ command မှာ D:\sxs က ကူးထားတဲ့ sxs folder တည်နေရာကိုပြောတာပါ အကယ်၍ C: ထဲက new folder ထဲမှာ ထားတယ်ဆိုရင်တော့ dism.exe /online /enable-feature /featurename:NetFX3 /Source:C:\new foldaer\sxs /LimitAccessdism.exe ပေါ့ နားလည်မယ်ထင်ပါတယ် မသိသေးတယ့် သူအတွင်ပေါ့နော် ... အဲဒီနေရာမှာ တစ်ခါထဲ အခွေထဲ က တည်နေရာကို တစ်ခါထဲထည့်မယ်ဆိုလည်းရပါတယ် ဒါပေမယ့် ပြည့်ဖို့တော်တော်နှေးတယ် မပြည့်တော့ဘူး တစ်နေတယ် ကျွန်တော့စက်ပဲ စုတ်နေလို့ လားမသိဘူး .. ဟဲ ဟဲ

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top