တလောက ကိုအောင်ကျော်က Torrent အသုံးပြုနည်းကို ရေးသားခဲ့ပါတယ်။ Torrent သုံးတဲ့အခါမှာ torrent file တွေဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျနော်နည်းနည်း ရေးပြချင်ပါတယ်။ ကဲ ကျနော်တို့ Torrent file တွေဘယ်လိုပြုမူလဲဆိုတာကို မစဉ်းစားခင် download type ၂မျိုးကို အရင်ရှင်းပြချင်ပါတယ်။ ပထမတစ်မျိုးက ကိုယ်တင်ချင်တဲ့ ဖိုင်ကို server တစ်ခုမှာတင် ပြီးရင် အသုံးပြုချင်တဲ့သူတွေက ၀ိုင်းပြီး download ဆွဲကြ။ အဲဒါကို direct downloading လို့ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ အခုပြောပြမယ့် indirect downloading တနည်းအားဖြင့် torrent သုံးပြီးဒေါင်းလုပ်ဆွဲခြင်းဖြစ်ပါတယ်။ ပထမနည်းက ရှင်းပါတယ်။ server ပေါ်တင် ဒေါင်းလုပ်ဆွဲ။ ဒါပေမယ့် ပြဿနာတစ်ခုပေါ်လာပါပြီ။ အကယ်၍ ကျနော်တို့တွေ 10 GB လောက်ရှိတဲ့ ဖိုင်ကြီးတွေဆိုဘယ်လိုလုပ်ဒေါင်းလုပ်ဆွဲကြမလဲ။ Host လုပ်တဲ့သူဖက်က အဆင်မပြေသလို ဒေါင်းလုပ်ဆွဲတဲ့သူတွေလဲ မသက်သာပါဘူး။ ဥပမာ ကျနော်က Battlefield 3 လို 11.5 Gb လောက်ရှိတဲ့ဂိမ်းတစ်ခုကိုတင်လိုက်ပြီ။ တစ်ချိန်တည်းမှာ ၀ိုင်းဒေါင်းကြပြီဆိုရင် download speed က ပိုနှေးသည်ထက်နှေးလာမှာဖြစ်ပါတယ်။ အဲ..နောက်ဆုံးမနိုင်တဲ့အခါကျရင် server လဲ crash ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် file size ကြီးတာတွေဒေါင်းချင်ရင် direct download ကအဆင်မပြေတာသေချာပါပြီ။ ဒါပေမယ့် ကျနော့သူငယ်ချင်းတွေ ဘယ်လောက် စိတ်ရှည်နိုင်လဲ စမ်းသပ်လို့ရပါတယ်။ :D

ကဲ torrent downloading ကိုလေ့လာရအောင်ဗျာ။ Torrent downloading ဟာ ဒေါင်းလုပ်ဆွဲတဲ့သူအရေအတွက်ပြဿနာနဲ့ file size ကြီးတဲ့ပြဿနာကိုဖြေရှင်းပေးဖို့ တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမှာကျတော့ ဒေါင်းလုပ်ဆွဲသူဦးရေ များလာလေလေ ကျနော်တို့စက်က download speed လဲတက်လေပဲဖြစ်ပါတယ်။ ဘယ်လိုထင်ပါသလဲ သူငယ်ချင်းတို့..... ဟာ ဒီကောင်ငါ့ကိုလာနောက်နေပြန်ပြီ လို့တွေးနေကောင်းတွေးနေပါလိမ့်မယ်။ ဖြေရှင်းပုံက ဒီလိုပါ။ direct downloading မှာ source ကတစ်ခုထဲဖြစ်ပါတယ်။ အဲဒါအပြင်ကျန်တာတွေက downloader တွေချည်းပဲ။ အဲဒါကြောင့် download လုပ်သူများလေ speed နှေးလေပါ။ Torrent မှာတော့ ကျနော်တို့က တစ်ချိန်ထဲမှာ downloader ဖြစ်သလို source လဲဖြစ်ပါတယ်။ နားရှုပ်သွားပြီလားမသိဘူး။ တစ်ချိန်ထဲမှာ ကျနော်တို့က file တစ်ခုကိုဒေါင်းလုပ်ဆွဲနေသလို အဲဒီ ဖိုင်ရဲ့ uploader လဲဖြစ်ပါတယ်။



ဖြစ်စဉ်ကဒီလိုပါ။  ကျနော်ကဖိုင်တစ်ခု ဥပမာ-  သဇင်အပိုင်း-၃ အဲလေ မှားကုန်ပြီ... Battlefield 3 ကို torrent creator ကနေ torrent file အနေနဲ့ပြောင်းလိုက်တယ်။ ပြီးရင် www.thepiratebay.se ဆိုမျိုး torrent hosting site တစ်ခုခုမှာတင်လိုက်ပြီဆိုပါစို့။ အဲဒါကို လူ ၁၀ ယောက်က Bittorrent ဒါမှမဟုတ် utorrent လိုမျိုး client တစ်ခုခုကနေတစ်ပြိုင်ထဲဒေါင်းလုပ်ဆွဲကြပြီ။ ကျနော်အပေါ်မှာပြောခဲ့ပါတယ် downloader တိုင်းဟာ source ဖြစ်ပါတယ်။ အဲဒါကြောင့် တစ်ယောက်က request လုပ်လိုက်တဲ့ file ကို server ကချက်ချင်း response မလုပ်ပေးနိုင်ရင်တောင် တခြား source/downloader ၉ယောက်ထဲက response ပြန်ပေးပါလိမ့်မယ်။ အဲဒါဆို server လဲ crash မဖြစ် ဒေါင်းရတာလဲ ပိုအဆင်ပြေတာပေါ့။ ဒီမှာတစ်ခုမေးနိုင်ပါတယ်။ ကိုယ်ကဒေါင်းလုပ်လုပ်ချင်လို့ server သွားချိတ်တယ်.. အဲဒါတော့ဟုတ်ပြီ... ကျန်တဲ့လူကိုးယောက်က ကိုယ့်ဆီကဘယ်လိုရသွားတာလဲ? ဒီလိုပါ။ Torrent ဒေါင်းလုပ်ဆွဲတဲ့ client တိုင်းမှာ tracker ဆိုတဲ့ function ရှိပါတယ်။ သူကတစ်ချိန်ထဲမှာ ဒေါင်းနေတဲ့ source/downloader တွေကို လိုက်ချိတ်ပါတယ်။ အချိတ်ခံရတဲ့ computer ကို peer လို့ခေါ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာတစ်ချိန်ထဲမှာ tracker ဖြစ်သလို peer လဲဖြစ်ပါတယ်။ ကိုယ့်ဆီက torrent ကဒေါင်းနေတဲ့ ဖိုင်တွေကိုသူများယူနိုင်သလို ကိုယ့်ဆီကလဲယူသွားမှာပါ။

Torrent တွေကို မြန်မာပြည်မှာ အသုံးနည်းပါတယ်။ ကွန်နက်ရှင်အရ source တွေကိုလိုက်ချိတ်ဖို့တောင်မလွယ်ပါဘူး။  အဲ နောက်တစ်ခု torrent မှာမသိမဖြစ် terms ၂ခုရှိပါတယ်။ seeder နဲ့ leecher ပါ။ seeder က ကိုယ်ဒေါင်းပြီးသွားလို့ torrent file ကိုမဖျက်သေးဘဲ နောက်ဒေါင်းလုပ်ဆွဲမယ့်သူတွေကို ဆက်ပီး provide လုပ်နေတဲ့သူတွေပါ။ leecher ကတော့ လက်တလောဒေါင်းလုပ်ဆွဲသူများကိုဆိုလိုပါတယ်။ Torrent ကဒေါင်းဖို့ဆို seeder တွေက leecher ထက်များမှ ဒေါင်းလို့ကောင်းပါတယ်။ မဟုတ်ရင် server တစ်ခုထဲ သေအောင်ရုန်းရမှာပါ။ ကျနော်ကတော့ leecher ထက်တောင်ဆိုးပါတယ်။ ပြီးတာနဲ့ တန်းဖျက်ပစ်တာ..ဘာမှပြန် upload မလုပ်ဘူး... ဟီး... Torrent နဲ့ပတ်သက်ပြီးတော့ဒါဟာ ကျနော်လေ့လာထားသမျှပြန်ရှဲတာပါ။

အခုလောက်ဆို Torrent တွေဘယ်လိုအလုပ်လုပ်ဆောင်လဲ ရှင်းလင်းကြမယ်ထင်ပါတယ်။ တစ်လက်စတည်း နာမည်ကြီး torrent site တွေကိုပါညွှန်းချင်ပါတယ်။ Full version တော်တော်များများလဲ အဲဒီဆိုဒ်တွေကနေ မလို့ရတယ်ဗျ။

http://www.thepiratebay.se
http://www.torrentz.eu
http://www.isohunt.com
http://www.btjunkie.org
http://www.extratorrent.com
http://www.bitsnoop.com

Post a Comment

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top