သင်ပာာဖုန်းတစ်လုံးကို Firmware မြှင့်တော့မယ်ဆိုရင်အရင်ဆုံးဒါလေးကိုဖတ်ပါ။
SMS – မက်ဆေ့ခ်ျတွေကို backup လုပ်ထားပါ။ “SMS Backup & Restore app” တွေကို သုံးပြီး မက်ဆေ့ခ်ျတွေကို backup လုပ်လို့ရပါတယ်။ မလုပ်ချင်လဲရပါတယ် ဒါကတော့သင့်သဘောအတိုင်းပါ
Contacts – ဖုန်းထဲမှာပါတဲ့ Gmail Application ကို Sync လုပ်ထားလိုက်ပါ,
Images, Songs, Videos, Files – ဓာတ်ပုံတွေ သီချင်းတွေ ဗီဒီယိုဖိုင်တွေ ဖုန်းရဲ့ internal memory ထဲမှာရှိနေရင် External SD Card ထဲကို backup လုပ်ထားရပါမယ်။ (ဖုန်း internal storage မှာ အကုန်ပျက်မှာမို့ပါ)
APN and MMS Settings – “Applications > Settings > Wireless and Network > Mobile Networks > Access Point Names” ဆိုတဲ့ နေရာမှာ Setting တွေ မှတ်ထားဖို့လိုပါတယ်။ ဒါမှ Update လုပ်ပြီး Setting တွေမေ့နေတာမျိုး မဖြစ်ရအောင်ပါ။ ဒါကတော့အရေးကြီးပါတယ်
သင့်ဖုန်းမှာ USB Debugging ကို Enable လုပ်ထားပါ “Settings > Applications > Development > USB debugging”. အမှန်ခြစ်ဖြစ်နေရမည်
firmware upgrade လုပ်ဖို့အတွက် ဘက်ထရီဟာ အနည်းဆုံး ၅၀% ရှိထားသင့်ပါတယ်။
ဒါတွေလုပ်ပြီးသွားပြီဆိုရင်တော့ သင့်ဖုန်းကို firmware မြှင့်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ဒါဆိုရင်တော့ Samsung Galaxy S2 GT I9100 ကို Official ICS 4.0.4 တင်လို့ရပါပြီ
ICS 4.0.4 XWLPO Firmware Package 

ICS 4.0.4 ကိုဒေါင်းမယ်ဆိုရင် သူပြထားတဲ့ မိနစ်အတိုင်းစောင့်လိုက်ပါ ဥပမာ-၉ မိနစ်ဆိုရင် ၉မိနစ်စောင့်လိုက်ပါပြီးရင် sec 30 စောင့်ခိုင်းပါမယ် ဆက်စောင့်နေလိုက်ပါ ဘာမှမနှိပ်ပါနဲ့ တစ်ခါတစ်လေ sec 30 ကနှစ်ခါပြန်လာတတ်ပါတယ် အဲဒီ SEC 30 လေးပျောက်သွားရင် Regular Downlaod လေးကိုနှိပ်လိုက်ပါ အဲဒီအခါကျ၇င်အပေါ်ကပုံလေးလိုမျိုးပေါ်လာပါလိမ့်မယ်
Odin (456.59 KB)
Samsung Galaxy USB Driver ကတော့ကွန်ပျူတာထဲမှာရှိနေရင်မလိုတော့ပါဘူးမရှိရင်တော့ ဒီမှာယူုပါ
ပြီးရင် Download Mode ထဲဝင်ဖို့ ဖုန်းပိတ်ပါ။
PC မှာ Odin ကို အဆင်သင့်ဖွင့်ထားလိုက်ပါ။
ပိတ်ပြီးသွားရင် Volume Down + Home + Power နှိပ်ပြီး Download Mode ထဲဝင်ပါ။
ပြီးရင် Computer နဲ့ USB ကြိုးကတဆင့် ချိတ်လိုက်ပါ။ ဒါဆိုရင် Odin ထဲမှာ COM Section မှာ အဝါရောင်လေး ဖြစ်သွားပါမယ်။
Re-partation မှာ အမှန်မခြစ်ပါနဲ့ ။ Auto Reboot နဲ့ F.Reset Time မှာ အမှန်ခြစ်ပါ။
ပြီးရင် PDA နေရာမှာ ခုန zip ဖြည်ထားတဲ့ထဲက md5 ဖိုင်ကို ရွေးပေးလိုက်ပါ။
အကုန်ပြီးသွားရင်တော့ Start ကို နှိပ်လိုက်ပါ။
၎-၅ မိနစ်လောက် သူ့ဟာသူ update လုပ်အပြီးမှာတော့ ဖုန်း restart ကျသွားပါလိမ့်မယ်။
ဒါဆိုရင်တော့ သင့်ဖုန်းကို PC ကနေဖြုတ်လိုက်ပါ။ ပြီးတော့ ဖုန်းကိုလည်း ပြန် switch off လုပ်လိုက်ပါ။
ဒါမှ Recovery Mode ထဲဝင်လို့ရမှာမို့ပါ။
Recovery Mode ထဲဝင်ဖို့ Volume Up+Home ကိုတွဲနှိပ်ပြီး Power ခလုပ်ကို နှိပ်လိုက်ပါ။
Wipe Data/Factory Reset ထဲက Wipe Cache Partation ကို ရွေးပေးပါ။
ပြီးရင် Reboot Now ရွေးလိုက်ပါ။
ဒါဆို ဖုန်းပိတ်သွားပြီး ပြန်တက်လာရင် သင့်ဖုန်းဟာ Android Version 4.0.4 ဖြစ်သွားပါပြီ။
အဆင်ပြေရင်လဲပြေကြောင်းလေးအောက်မှာ Comment လေးပေးခဲ့ပါ
မပြေရင်လဲပေးခဲ့ပါ

By :
|

Post a Comment

  1. အကိုရေ ကျွန်တော် တင်လိုက်တာ wall paper အရှေမှာ စာတွေပေါ်နေတယ် ဘယ်လို ဖျက်ရမှာလဲ ဖျက်လို့ လဲ မရဘူး ဖြစ်နေတယ်

    ReplyDelete
  2. Lock တွေလဲ ချလို့ မရတော့ဘူး ကှန်

    ReplyDelete
  3. Нi, i think that і saw you viѕited my site so i cаme to “retuгn the favоr”.
    I аm trying to fіnd thіngs to improvе mу site!
    I suppoѕе іts ok tο use ѕome of your ideaѕ!

    !

    Look at mу blοg post: chemotherapy drugs for leukemia
    Feel free to surf my webpage samsung galaxy note 2

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top