• software တစ်ခုတင်တိုင်း desktop ပေါ်မှာ short cut icon ရှုပ်ပွလာတဲ့ အခါ
    စိတ်ညစ်လာတတ်ကြပါတယ် ။ ကြည့်ရတာလဲ အဆင်မပြေပါဘူး။
    အဆင်လည်းပြေအောင် မြန်လည်းမြန်အောင် ကိုယ်လိုချင်တဲ့ဘယ်နေရာမဆို အမြန်ဆုံးသွားလို့ရအောင် ဒီလိုလုပ်ကြည့်ရအောင်။
    windows logo + R နှိပ်ပြီး Run command promt ပေါ်တဲ့အခါ calc type ပြီး enter ခေါက်ရင်ဘာကြောင့် calculator ပေါ်လာသလဲလို့ တွေးကြည့်ဖူးပါသလား။
    ဒီလိုပါ။ calc.exe ဟာ C:\Windows\System32\ အောက်မှာရှိတာပါ။တစ်ကယ်ဆို ဒီလို C:\Windows\System32\calc.exe အပြည့် type ရမှာပါ။
    အပြည့် type စရာမလိုပဲ ရ ရခြင်းအကြောင်းအရင်းဟာ C:\Windows\System32\ ကို Windows Environment Class Path မှာ setting လုပ်ထားလို့ရယ်
    .exe .dll .ဘာညာ ဆိုပြီး excutable class path extension ကြေညာထားလို့ရယ်ကြောင့် ဖြစ်ပါတယ်။ဒါဆိုရင်ကျနော်တို့run ချင်တဲ့ Application or
    Folder တွေရဲ့ short cut တွေကို System32 မှာ သွားထားပြီး လိုသလို ဆွဲစားရင်ရရမှာပေါ့။ ဥပမာ Desktop မှာရှိနေတဲ့ Gtalk shortcut ကို gt လို့

    rename ပေး။ cut ။ C:\Windows\System32\ မှာ သွားထား။ပြီးရင် Run Command promt မှ gt လို့ type ။ Enter ခေါက်ရင် Gtalk window
    ပြူးနေအောင်တက်လာပါလိမ့်မယ်။ မိမိဘာသာ Environment Class Path တစ်ခု setting ချပြီး လုပ်ရင်ရော ဖြစ်ရမှာပေါ့။
    ကဲစရအောင် new folder တစ်ခုဆောက်ပါ။ကြိုက်တဲ့နေရာမှာ ထားပါ။ ဥပမာ ကျနော်ကဒီလိုလုပ်ပါတယ်။ C:\ မှာ myshortcuts ဆိုပြီး Folder ဆောက်ပါတယ်။ path က ဒီအတိုင်းပါ။ C:\myshortcuts ပါ။

အဲ ဒါ ကို environment path အတွင်းသွင်းပေးရအောင်။ My Computer icon ကို right lick ပါ။ ကို properties နှိပ်ပါ။ Advanced->Environment Variables ကို နှိပ်ပါ။
System Variables မှ Path ကိုရှာပါ။
Edit ကို နှိပ်ပါ။ Delete ကိုမနှိပ်မိဖို့သတိထားပါ။
Variable Value အဆုံးတွင် cursor ချပါ။ ;C:\myshortcuts; ထပ်ထည့်ပြီး Ok ပေး။ဒါဆိုပြီးပါပြီ။
ကျနော်ဥပမာလုပ်တဲ့ shortcuts တွေကတော့ movies folder ( mov ), Gtalk (gt ), Pfingo ( pf ).
Run command promt မှ gt လို့ type ပါက Gtalk တက်လာပါပြီ။ mov လို့ type ပါက Movies Folder တက်လာပါပြီ။အသုံးဝင်ပါစေလို့
မျော်လင့်ပါတယ်။


{C4F} [By YeaKharr]{ Code For Fun }
မှတ်ချက်။ ။။ နေမင်း ဒီ စကေး တွေကို ဘယ်ဆိုဒ်က ဆွဲထားမှန် မသိတော့ဘူးခင်ဗျ..။
အသုံးဝင်ထင်လို တင်လိုက်တယ်နော်..။ ဒီအကြောင်းလေး သိရလိုလဲ  ဒီ ပိုစ့်ကိုရေးတဲ့သူကိုနေမင်း အရမ်း ကျေးဇူတင်ပါ၏..။
အားလုံးကိုကျေးဇူတင်ပါတယ်ခင်ဗျာ..။
နေမင်းသူ(သထုံသားလေး)

Post a Comment

  1. I loved as much as you'll receive carried out right here. The sketch is tasteful, your authored material stylish. nonetheless, you command get bought an shakiness over that you wish be delivering the following. unwell unquestionably come more formerly again as exactly the same nearly very often inside case you shield this hike.
    my web page: Vision Without Glasses Review

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top