Samsung Galaxy S2 (GT-I9100) တွင် official ICS (4.0.4) တင်ပြီးသွားသောအခါ ဖုန်းရဲ့ internal sd ကို format ချမိရင် 11GB မှ 4GB သို့ပြောင်းသွားပါသည်။ အဲဒီလိုဖြစ်ခြင်းကို EMMC brick ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲဒါကို ပြန်လည်ပြင်ဆင်ဖို့ အတွက်ကတော့ ဖုန်းရဲ့ storage ကို ပြန်လည် partition ခွဲဖို့ pit ဖိုင်တစ်ခုရယ် official ICS 4.0.3 (XXLPQ) သို့မဟုတ် သူ့ထက်နှိမ့်တဲ့ ICS or GB firmware တစ်ခုလိုပါတယ်။ 

လိုအပ်ချက်များဒေါင်းရန်

PIT FILEICS
FIRMWARE
Odin3 V3.04
SAMSUNG USB DRIVER


အဆင့် (၁)

Samsung usb driver ကို install လုပ်ပါ။

ဒေါင်း၍ ရလာသော odin3_ v3.04  ကို rar ဖြေပြီး Odin3 v3.04.exe  run လိုက်ပါ။

pit ဖိုင်ကို odin ရဲ့ pit ဆိုတဲ့ နေရာမှာထည့်ပါ။

ဖုန်းကို volume down+ power + home ကို တွဲနှိပ်ပြီး download mode တက်လာရင် volume up ကို တစ်ချက်နှိပ်ပါ။ downloading ဆိုတဲ့နေရာမှာရပ်နေပါလိမ့်မယ်။

ပြီးလျှင်ဖုန်းကို computer နဲ့ချိတ်လိုက်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်းဖြစ်သွားလျှင် start ကိုနှိပ်လိုက်ပါ။




ပြီးသွားလျှင် ဖုန်း restart ကျသွားပါလိမ့်မယ်။

အဆင့် (၂)

ဖုန်း battery ကို ဖြုတ်ပါ။ download mode ပြန်ဝင်ပါ။

Odin ကို ပိတ်ပြီး ပြန်ဖွင့်ပါ။

Firmware ကို Odin ရဲ့ PDA နေရာမှာထည့်ပါ။

အောက်မှာပြထားတဲ့ ပုံအတိုင်းဖြစ်လျှင် start ကိုနှိပ်လိုက်ပါ။


အားလုံးပြီးဆုံးသွားပြီး home screen ပြန်တက်လာသည့်အထိ ကြိုးကို မဖြုတ်ပဲစောင့်ပါ။
ဖုန်းပြန်တက်လာလျှင် setting>storage>Earse USB storage လုပ်လိုက်ပါ။
ပြိးသွားလျှင်တော့ ဖုန်းရဲ့ internal sd ဟာ 4GB မှ 11 GB ပြန်ဖြစ်သွားပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ.............

Creadit:http://freemobilesharing.blogspot.com/2012/10/galaxy-s2-gt-i9100-internal-sd-4gb-11-gb.html
By .  Htay Hlaing Oo

Post a Comment

  1. အကိုရေကျွှန်တော်ဘဲမျက်စိလျှမ်းတာလာ...ညံ့တာတာလားမသိဘူး
    samsung galaxy sII ကို root လုပ်နည်းနဲ့ version မြှင့်နည်းလေးကိုရှာနေတာ
    မတွေ့လို့အကိုရေ..အဆင်ပြေရင်တင်ပေးစေချင်ပါတယ်..

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top