ကျွန်တော်လည်း အိမ်မှာ အင်တာနက်မရတာနဲ့ ဘာလုပ်ရမှန်းကို မသိဖြစ်နေတယ်ဗျာ အိမ်က အလုပ်ကို
ဝိုင်းကူပေးလိုက် ၊ နည်းပညာစာအုပ်လေးတွေ လေ့လာပြီး ကလိလိုက်နဲ့ ကျွန်တော်တစ်ယောက်တည်း
အလုပ်ရှုပ်နေတာပဲ .. ကျွန်တော့် ဆော့ဝဲမြို့တော်လေးကို အားပေးနေကြတဲ့ မိတ်ဆွေအပေါင်းကို
ကျွန်တော်အမြဲသတိယပါတယ် ကျွန်တော့်ကို မျှော်လင့်နေသူတွေ ရှိသလို ပြန်မလာပါစေနဲ့လို့ ဆုတောင်း
နေသူတွေလည်း ရှိကြမှာပါ ။ သို့သော် ကျွန်တော် အင်တာနက်သုံးခွင့်ရတိုင်းမှာ ကျွန်တော်တတ်နိုင်
သလောက် ပို့စ်တစ်ခုသော်လည်းကောင်း ဆော့ဝဲတစ်ခုသော်လည်းကောင်းတင်ပေးမှာပါ ဟိုတစ်နေ့က
တောင် ကျွန်တော်အမေ့ဆီက ခွင့်တောင်းပြီးတော့ ဗိုလ်မြတ်ထွန်းတံတားပေါ်တက်ပြီးတော့ Phone နဲ့
အင်တာနက်သုံးကြည့်ပါသေးတယ် ဆိုးရွားလှတဲ့ Connection ကြောင့် Gtalk လေး (၁၅)မိနစ်လောက်
ပြောပြီး ပြန်လာခဲ့ရပါတယ်ဗျာ .. ဒါပေမယ့် ကျွန်တော် အားနေချိန်လေးတွေမှာ ကျွန်တော့်မိတ်ဆွေတွေ
အတွက် ကျွန်တော် နည်းပညာနဲ့ပက်သက်တာလေးတွေ ရေးထားပါမယ် ကျွန်တော်အင်တာနက်သုံးဖြစ်ရင်
ပို့စ်တင်ဖို့အတွက် offline  writing လေးတွေ လုပ်နေပါတယ် .. ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးနဲ့
အတွေ့အကြုံများအရ ရေးမှာဖြစ်တဲ့အတွက် အလွဲလေးတွေ ရှိခဲ့ရင်သော်လည်းကောင်း ၊ အမှားအယွင်း
များရှိခဲ့သည်သော်လည်းကောင်း ကျွန်တော့်အပြစ်တွေပါ ကျွန်တော်၏ ၁၈နှစ်သာရှိသေးသည့်
နည်းပါးလှသော ဗဟုသုတ ၊ အတွေးလေးများဖြင့် မိတ်ဆွေများကိုပေးဆပ်ချင်လွန်း၍သာ
ရေးသားခြင်းဖြစ်ပြီး မည်သူတစ်ဦး တစ်ယောက်ကိုမျှမထိခိုက်ပါ ထိခိုက်စေလိုသော ရည်ရွယ်ချက်များလည်း
 ကျွန်တော့်မှာ မရှိပါဘူးခင်ဗျား အားလုံးကို လေးစားခင်မင်တဲ့ စိတ်စေတနာများဖြင့် ကျွန်တော့် အတွေးလေးများကို ရေးခွင့်ပြုပါ မိတ်ဆွေတို့ခင်ဗျာ… ကျွန်တော် ကွန်ပျူတာ စသင်တဲ့အချိန်ကတည်းက
ယခုအချိန်ထိ ကျွန်တော့် အား ကိုယ့်တွေ့သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း
သင်ကြားပြသပေးခဲ့ပါသော သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာအပေါင်းတို့အား လက်ဆယ်ဖြာဦးထိပ်ပန်ဆင်
ကန်တော့၍ ထာဝရဦးထိပ်ပန်ဆင်လျှက်ပါ….. ကျေးဇူးရှင် ဆရာအပေါင်းတို့ခင်ဗျာ
++++++++++++++++++++++++++++++++++++++++++
ကွန်ပျူတာနဲ့ပက်သတ်ရင်မိမိက ဘယ်အပိုင်းကိုစိတ်ဝင်စားလဲ? ဘာတွေတတ်ထားသင့်လဲ?
ကျွန်တော် ဒီနေ့ အကြောင်းအရာလေးတစ်ခုလောက် ပြောပြချင်တယ်ဗျာ ထွေထွေ ထူးထူးတော့မဟုတ်ပါဘူး
နည်းပညာလောကထဲကို ၀င်လာကြမယ့်မိတ်ဆွေ တွေအတွက် လုပ်သင့်တာ ရွေးချယ်သင့်တာလေးတွေကို
စဉ်းစားဖို့ အတွက် ကျွန်တော့် အမြင် ၊ ကျွန်တော့်အတွေ့အကြုံအရ ပြောချင်တာပါ
ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အရမ်းကို တော်ကြပါတယ် ကြိုးစားရင် သူများတွေထက်ကို
သာပါတယ် သို့သော် မြန်မာနိုင်ငံကြီး သူများနိုင်ငံလောက် မတိုးတက်သည်မှာ ရေသာခိုအချောင်လိုက်
နေသူများနေလို့ လို့ ကျွန်တော်ထင်ပါတယ် ..။ လူတွေက မိမိလုပ်အားမပါဘဲ အလကားရတဲ့ပိုက်ဆံကို
လိုချင်ကြတယ် ၊ ရာထူးအာဏာကို မက်မောကြတယ် ၊ မိမိ အကျိုးသာဖြစ်ထွန်းခဲ့မယ်ဆိုလျှင်
အများအကျိုးပျက်လည်း ဂရုမစိုက်ခြင်းကြောင့် ကျွန်တော်တို့ လူမျိုးတွေ နှစ်ပေါင်း တစ်ရာကျော်လောက်
သူများနိုင်ငံတွေထက် နောက်ကျခဲ့ရပါတယ်.. အခု အချိန်မှာတော့ အခြေအနေတွေက တဖြည်းဖြည်း
တိုးတက်လာနေပါပြီ .. မိမိ လုပ်ရင်လုပ်သလောက် တန်ပြန်အကျိုးခံစားခွင့်တွေ ရရှိတော့မှာပါ..
နည်းပညာနယ်ပယ်ကို စ၀င်လာကတည်းက မိမိမှာ ရည်ရွယ်ချက်တွေတော့ကိုယ်စီရှိကြမှာပါ
ကွန်ပျူတာ စသင်တဲ့လူတွေကို မေးကြည့်လိုက်ပါ ကွန်ပျူတာဘာကြောင့် သင်လဲဆိုရင်သူတို့ဘယ်လို
ဖြေကြမလဲ? ကျွန်တော်ကတော့ ဓါတ်ပုံရိုက်တာ ပြင်တာ ကိုဝါသနာပါလို့ပါ .. ကျွန်တော်ကတော့
Website တွေ ရေးချင်လို့ပါ ကျွန်တော်ကတော့ Software တွေ ရေးချင်လို့ပါ ၊ ကျွန်မကတော့
Networking ပိုင်းကိုစိတ်ဝင်စားလို့ပါ စသဖြင့် ပြောကြမယ့်သူ 50% သာရှိကြပါတယ်
မိဘက ဆယ်တန်းအောင်ပြီးရင် ကွန်ပျူတာသင်ဆိုလို့ လာသင်ရတာနဲ့ သူများက ကွန်ပျူတာဆိုလို့
ကွန်ပျူတာ လာသင်တာပါ ဆိုတာတွေ အများကြီးပါ သို့သော် နည်းပညာလောကကို ၀င်လာပြီဆိုရင်တော့
မိမိ မှာ Target တစ်ခုထားပါ တစ်ချိန်မှာ ငါဟာ ဘယ်အပိုင်းမှာ ဆရာဖြစ်ရမယ် ကျွမ်းကျင်ဆုံးဖြစ်ရမယ်
စသဖြင့် ဥပမာ - ကျွန်တော်အောင်ကျော်ဟာ တစ်ချိန်မှာ Operating System တစ်ခုကို ရေးနိုင်ရမယ်(ဟဲဟဲ
အခုထိတော့ဘာမှတိတေးဝူး တားတားကဥပမာကြောတာနော်) အိုး ကြီးမားလိုက်တဲ့ ရည်မှန်းချက်ကြီးပါလား
မဖြစ်နိုင်ဘူးလို့ မတွေးပါနဲ့ လူတိုင်းမှာ သူများထက်သာတဲ့ ကိုယ်ပိုင်အစွမ်းအစတွေ အများကြီးရှိပါတယ်
မိမိရပ်တည်နေရတဲ့ဘ၀ ရဲ့ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီးတော့ အကောင်အထည်
ဖော်မပြနိုင်သေးတာပါ ကျွန်တော်တို့ ကွန်ပျူတာ ဘယ်အပိုင်းကိုပဲလိုက်လိုက် စစသင်ရမှာကတော့ အခြေခံပါ

အခြေခံစလေ့လာမယ့်သူတွေ
 အခြေခံဆိုတာ ကွန်ပျူတာမှာပါဝင်တဲ့ အရာတွေကို သိရမယ် Hardware ပိုင်းပေါ့ဗျာ။ keyboard , mouse
စတာတွေကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရမယ် Operating System  Concept ကိုလည်း
တတ်နိုင်သလောက် လေ့လာထားရမှာပါ OS Concept ဆိုတာကတော့ OS ဆိုရင်တော့
အထူးသဖြင့် အများသုံးပြီး သိပြီးသားဖြစ်နေတဲ့ Windows ပဲဆိုပါတော့ခင်ဗျာ Windows တောင်မှ
အခွဲတွေ အများကြီးပါ ယခုလက်ရှိအခြေအနေဆိုရင်တော့ Windows XP, Windows 7 ကိုတော့
တတ်နိုင်သလောက် လေ့လာထားသင့်ပါတယ် Windows XP ကို မြန်မာနိုင်ငံက အင်တာနက်ဆိုင်တွေမှာ
လက်ရှိအချိန်ထိ အသုံးပြုနေဆဲပါ အမှန်တော့လည်း မသုံးသင့်တော့ပါဘူး 2009 ခုနှစ်ကတည်းက ထွက်တဲ့
Windows 7 ဟာ အစစအရာရာ လုပ်ဆောင်ရတာကောင်းပြီး Stable ဖြစ်နေပါပြီ အခြေခံစလေ့လာမယ့်
သူတွေဆိုရင်တော့ windows 7 ရဲ့ သာမန် System error လေးတွေကို ဖြေရှင်းတက်ရမှာပေါ့နော်
System မှာ အများကြီးရှိတာပဲ ဘယ်လိုလုပ်အကုန်လုံးကို သိနိုင်မှာလဲ အောင်ကျော်ရဲ့လို့တော့ မပြောပါနဲ့ဗျာ
အကုန်လုံးကိုတော့မဟုတ်ပါဘူး သာမန်ပြဿနာလေးတွေဖြစ်တဲ့ Disk Drive ပျောက်တာတို့
Write Protect ဖြစ်တာတို့ font ပျောက်တာလေးတွေနဲ့ Program install , uninstall , full version
ဖြစ်အောင်လုပ်တတ်ဖို့ နောက်ပြီး ပိုက်ဆံမကုန်စေချင်ရင်တော့ မိမိကိုယ်တိုင် Window တင်တက်ရင်ပို
အဆင်ပြေတာပေါ့ ဒါဆို အခြေခံလေးတွေ လုံလောက်ပါပြီ ပြီးမှ ဆက်သွားကြမယ် ငါတို့ target ကဘာလဲ

Networking သမားလား 
ဒါဆိုရင် Window 7 နဲ့ ရပ်နေလို့မဖြစ်တော့ပါဘူး Windows server တွေကို ကလိရပါတော့မယ်
Protocol version တွေ ၊ IP ဆိုတာဘာလဲနားလည်ရမယ် , DHCP ချပေးတတ်ရမယ် ၊
Sharing ပိုင်းတွေနဲ့ Network Admin ပိုင်းတွေကို လေ့လာရပါတော့မယ် နောက်ပိုင်းမှာ
Linux Server ,Cisco , VPN ,VPS စတာတွေကိုပါ လေ့လာရတော့မှာပါ တစ်ရွေ့ရွေ့ခြင်းသွားကြရမှာပေါ့ဗျာ
တစ်ခါတည်းအကုန်တက်ချင်လို့တော့မဖြစ်နိုင်ပါဘူး သူ့ဟာနဲ့သူ အဆင့်ဆင့်သိမှ လုပ်နိုင်တာပါ
ပြီးမှ မိမိ ကြိုးစားမှုအပေါ်မူတည်ပြီး ကျွမ်းကျင်မှု ဆိုတာဖြစ်လာရတာပါ ဖြစ်ချင်တာပဲသိတယ် ဖြစ်အောင်
မလုပ်ဘူးဆိုရင်တော့ ဖြစ်လာဖို့က ဝေးသထက်ဝေးလာမှာပါ ဝေးသထက်ဝေးဆိုတာကတော့
နည်းပညာဆိုတာ တစ်နေ့ထက်တစ်နေ့ များပြားလာလို့ပါပဲ အဲတော့ မလုပ်ပဲနေလေ ဝေးသထက်ဝေးလေ
ဖြစ်နေမှာအမှန်ပါ ဒါဆို ကျွန်တော်တို့ အခုပဲစလိုက်ကြရအောင်ဗျာ
ဖြစ်ခဲ့တာတွေကို တွေးပြီး မှားလေစွလို့ မညဉ်းညူလိုက်ပါနဲ့ အနာဂတ်ကိုတွေးပြီးလည်း အဲဒီအချိန်ကျမှ လုပ်မယ်လို့ မစဉ်းစားလိုက်ပါနဲ့ လက်ရှိအချိန်က အကောင်းဆုံးပါပဲ

Web Development သမားလား  Software Development သမားလား
ငါတို့ကတော့ Website တွေရေးချင်တာကွ ဆော့ဝဲတွေ ထုတ်ချင်တာကွ ဂိမ်းတွေ ရေးချင်တာကွ
ဆိုသူများကတော့ အခုအချိန်က စပြီးတော့ Programming လောကထဲကို ခြေစုံပစ်လိုက်ပါတော့
Programming ဟာ ရှုပ်ထွေးပါတယ် လွယ်လွယ်နဲ့မတက်ပါဘူး အထပ်ထပ်အခါခါ လေ့ကျင့် မှတ်သား၊
လက်တွေ့တွေရေးကြည့်မှသာ အဆင်ပြေမှာပါ မိမိက ဘယ်လိုင်းပဲလိုက်လိုက် Programming Flow လေးကို
တော့နားလည်အောင် အရင်လုပ်ရမှာပါ Software လိုင်းးကို သွားချင်ပါတယ်ဆိုသူများကတော့  C, C++ ,C#, java စတာလေးတွေကို အရင်လေ့လာရပါမယ် နောက်မှ စပ်ဆက်ပြီး ဆက်သွားကြတာပေါ့
ဒီ 4 ခုလောက် ကို ကျွမ်းကျင်နေပြီဆိုရင်တော့ ဆော့ဝဲကောင်းကောင်းတစ်ခု ရေးနိုင်ပါပြီ ငါကတော့
Web သမားကွ ဆိုရင်တော့ အင်တာနက်နဲ့ ထိတွေ မှုများမှ ပိုအဆင်ပြေမှာပါ Web page တွေကို
ဖန်တီးတဲ့နေရာမှာ Concept တွေအများကြီးရှိပါတယ် အကယ်၍ မိမိဟာသာမန်ဘလော့လေးတစ်ခု
ပဲရေးချင်တယ်ဆိုရင်တော့ Programming language ဆိုတာကို နားလည်ဖို့သိပ်မလိုပါဘူး
ကျွန်တော့်လိုမျိုးပေါ့ ဘာမှ သေချာ မသိပဲနဲ့ ဘလော့လေးတွေရေးလို့ ရပါတယ် ဒါပေမယ့် အင်တာနက်မှာ
ရှာဖွေ လေ့လာတတ်ရမှာပါ CMS application  တွေကိုလည်းသိရမှာပါ.. Web design ပိုင်းကို ဆိုရင်တော့ HTML ,CSS ,javascript စတဲ့ Programming language တွေအပြင် Photoshop လိုမျိုး ဆော့ဝဲလေးကိုလည်း  ကျွမ်းကျင်အောင်သုံးတတ်ဖို့လိုပါသေးတယ် ဒါမှသာ မိမိဒီဇိုင်းက သူများထက်
သာပြီး အများနှစ်ခြိုက်မှာပါ ။ မဟုတ်ဘူး… ငါက Website တစ်ခုလုံးကကိုအစအဆုံးရေးချင်တာ
 စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ရပ်တည် ချင်တာဆိုရင်တော့ အပေါ်က ဟာလေးတွေ တက်ထားရုံနဲ့ မလုံလောက်တော့ပါဘူး Server Side Language တွေဖြစ်တဲ့ PHP , ASP.net, Ajax စတဲ့ Language တွေ အများကြီးကို  လေ့လာရမှာပါ အချိန်တွေလည်း မနည်းပေးရပါတယ် လေ့ကျင့်မှုတွေကလည်း Triple တောင်မကပါဘူး နောက်ပြီး Database ဆောက်နည်းအကြောင်းလေးတွေနဲ့ ဆက်စပ်မှုတွေကိုသိရပါအုံးမယ်
 ဒါကလည်း မိမိလိုချင်တာက ကြီးမားတာကို Company website တွေရေးချင်တာတို့ Online Shopping တွေ
ရေးချင်တာတို့ဆိုတော့  စီးပွားရေးတစ်ခုတောင်ဖြစ်နေပြီလေ
များများယူချင်ရင် များများပေးဆပ်ရမှာပေါ့ဗျာ  နော်..

စာစီစာရိုက် ၊ Photo , Video လေးတွေနဲ့စီးပွားရေးလုပ်ချင်သူတွေလား
ဒါဆိုကျွန်တော်တို့က တော့ Office လို စာစီစာရိုက်ဆော့ဝဲကို ကျွမ်းကျင်ရပါတော့မယ်
Microsoft word , Excel , PowerPoint , Adobe Page Maker စတဲ့ စာရိုက်တဲ့
ဆော့ဝဲတွေကို ကောင်းကောင်းအသုံးချနိုင်မှသာ စာရိုက်ခြင်းနဲ့ အသက်မွေးရပါလိမ့်မယ်ဗျာ
ဓါတ်ပုံလေးတွေရိုက်မယ် လိုင်စင်ပုံလေးတွေထုတ်ပေးမယ် ၊ ပုံဟောင်းတွေပြင်မယ် ပုံဒီဇိုင်းတွေကို
အလန်းလေးတွေ လုပ်ချင်သူတွေကတော့ Adobe Photoshop ကို ကျွမ်းကျင်တတ်ဖို့တော့လိုပါလိမ့်မယ်ဗျာ
နောက်ပြီးအရေးကြီးတာက Camera အကြောင်းလေးလည်းသိသင့်ပါတယ် Camera တစ်လုံးဝယ်မယ်ဆိုရင်
ဘယ်လိုရွေးချင်မလဲ? ဓါတ်ပုံရိုက်နည်း ၊ ဓါတ်ပုံဆရာတစ်ယောက်ရဲ့စိတ်ကူး တွေက အရေးမကြီးဘူးလို့
မထင်လိုက်ပါနဲ့ဗျာ Photoshop တတ်ရုံနဲ့ပုံကောင်းတစ်ပုံမရလာပါ မူရင်းကောင်းမှ မိတ္တူကောင်းမှာပါ
ဓါတ်ပုံဆရာရဲ့စိတ်ကူးနဲ့ပုံဖော်မှုတွေက အရမ်းကို အရေးကြီးပါတယ် အရောင်တွေရဲ့ သဘောတွေ
Exposure, Focus , ဓါတ်ပုံရိုက်ချိန် , ပုံရဲ့အနေအထား စတာတွေက လိုအပ်ပါတယ် တကယ်လုပ်ကြည့်ရင်
 အရမ်း အနုစိတ်တဲ့အလုပ်တွေဖြစ်လို့ အနုပညာလုပ်ငန်းတစ်ခုလို့တောင် ဆိုနိုင်ပါတယ်ဗျာ
Camera က shot ခလုတ်ကို နှိပ်တတ်တိုင်းဓါတ်ပုံမရိုက်တတ်ကြပါဘူး အဲဒါက နှိပ်တတ်တာပါခင်ဗျာ.
မိမိရပ်တည်မယ့်လုပ်ငန်းပေါ်မူတည်ပြီးတော့ Designer သမားတွေတက်သင့်တဲ့ Illustrator ,Indesign,
Corel Draw စတဲ့ Program တွေကိုပါ အသုံချတတ်ဖို့လိုပါတယ်  ဆိုရရင်တော့ မိမိကျွမ်းကျင်ရာ
လိမ္မာရာဆိုတဲ့အတိုင်းပေါ့ဗျာ မိမိရပ်တည်မယ့်ဘ၀နဲ့ လုပ်ရမယ့် အလုပ်ပေါ်မူတည်ပြီး ကျွမ်းကျင်မှုတွေက
ကွားခြားသွားမှာပါ ။ အလှူမင်္ဂလာပွဲတွေမှာ မှတ်တမ်းတင်ဓါတ်ပုံလေးတွေရိုက်ရာကနေ
ရုပ်ရှင်ဗီဒီယိုဖြစ်အောင် ရိုက်ကူးမယ်ဆိုရင်တော့ Corel Video Studio, Power Director , Pinnacle,
Premier စတဲ့ဆော့ဝဲတွေကို အသုံးချတတ်ဖို့လိုပါလိမ့်မယ် Premier လိုဆော့ဝဲမျိုးကိုတော့တကယ့်
Professional Video Editing သမားတွေမှသာ သုံးကြပါတယ် ဒါပေမယ့် သာမန် အလှူမင်္ဂလာ
Home Video လေးတွေကိုတော့ ကျွန်တော်ပြောထားတဲ့ပထမဆော့ဝဲသုံးမျိုးလောက်နဲ့ Edit လုပ်နိုင်ပါတယ်

ကွန်ပျူတာHardware တွေကိုပြင်ချင်တဲ့ A+ သမားလား
ကွန်ပျူတာလောကကို စတင်ဝင်ရောက်လာကတည်းက သိထားသင့်တဲ့ အပိုင်းလေးဆိုလည်းမမှားပါဘူး
ကျွန်တော်တို့ကွန်ပျူတာတစ်လုံးမှာ ဘာတွေနဲ့တပ်ဆင်ထားသလဲ Casing , Motherboard ,
CPU , Hard Disk , RAM , Power Supply , UPS , Keyboard , mouse စတာတွေနဲ့တပ်ဆင်ထားပါတယ်
အဲဒီအစိတ်အပိုင်းတစ်ခုချင်းကို ကောင်းကောင်းသိပြီးတော့ သူတို့ရဲ့အလုပ်လုပ်ပုံတွေကို သေချာသိထားဖို့
အရမ်းကိုအရေးကြီးလှပါတယ် A+ သများတစ်ယောက်ဟာ အဓိကကတော့ Hardware ကို ပြင်တတ်ဖို့ပါ
ဒီ A+ course က အချိန်တွေပေးရတယ် စက်တွေ အများကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖြုတ် ၊တပ်
လုပ်ပြီး စမ်းသပ်ရတယ် ။ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို  ဖြေရှင်းနိုင်ဖို့ဆိုတာ
မိမိ Service သက်တမ်းနဲ့အမျှ သိလာမှာပါ ၊ ဒီ ပညာရပ်လေးကို တက်ထားတာနဲ့တင် ထမင်းမငတ်တော့
ပါဘူး ကွန်ပျူတာ Service ဆိုင်တွေမှာ ၀င်အလုပ်လုပ်နိုင်ဖို့လွယ်ကူပါတယ် မိမိကသာ အစစအရာရာ
ကို ပြင်တတ်မယ် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ လက်မခံနိုင်တဲ့ အလုပ်ရှင်
မရှိပါဘူးဗျာ Service ဆိုင်အများစုမှာ မကျွမ်းကျင်တဲ့ ပြင်ဆရာတွေ အများကြီးရှိတာမိတ်ဆွေ
တို့လည်းသိကြမှာပါ သူတို့ကို ပြဿနာလေးတစ်ခုဖြစ်လို့သွားပြရင် ပစ္စည်းလဲလိုက်ဆိုတာတွေချည်း
အမှန်တော့ပစ္စည်းက ပြင်ရင်ရပေမယ့် သူတို့မကျွမ်းကျင်တဲ့အခါ လဲဖို့သာအဓိက ပြောဆိုလိုက်တာပါ
System ပိုင်းဆိုလည်း ဒီအတိုင်းပါပဲ ကျွန်တော်ဟိုတစ်ခါ ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ်
ဆော့ဝဲတစ်ခု တင်မရလို့ သူ့ကိုသွားပြတာ ၀င်းဒိုးတင်ဖို့ချည်းပြောနေတယ် ၊ Windows တင်တာက
သွားပြတဲ့လူလည်းတင်တက်တာပဲ တစ်ခါတစ်လေမှာဆော့ဝဲတင်ရတာတွေ အဆင်မပြေဖြစ်တတ်ပါတယ်
အချို့ဆော့ဝဲများက သာမန် install လုပ်တတ်ရုံနဲ့ အဆင်မပြေပါဘူး နည်းလမ်းပေါင်းများစွာ
ကျော်ဖြတ်ပြီးမှ success ဖြစ်တာပါ ဒါကလည်း မိမိလေ့လာမှုနဲ့ အတွေ့အကြုံအရကွာခြားသွားမှာပါ
~~~~~~~~~~~~~~~
နိဂုံးချုပ်အနေနဲ့ကျွန်တော် အကြံပေးချင်တာလေးက အခုမှ ကွန်ပျူတာ လောကကို စ၀င်ရောက်မယ်
ဆိုရင်တော့ အခြေခံကိုပိုင်နိုင်အောင် အရင်ကျွမ်းကျင်အောင် လေ့ကျင့်လိုက်ပါ တော်တော်လေး
ကျွမ်းကျင်နေပြီဆိုမှ မိမိ စိတ်ဝင်စားရာ Course ကို ဆက်သွားပါ သင်တန်းတက်တယ်ဆိုရင်လည်း
မစုံစမ်းဘဲနဲ့ ငွေတွေအများကြီး အကုန်အကျခံပြီး မတက်လိုက်ပါနဲ့ အပြင်ပိုင်းကောင်းပြီး အတွင်းပိုင်းညံ့
တဲ့ သင်တန်းတွေ အများကြီးပါ ကျွန်တော်ကိုယ်တိုင် သင်တန်းသိပ်မတက်ဖူးပါဘူး ဒါပေမယ့်
အဲလိုမျိုးသင်တန်းတစ်ခုကိုတော့ တစ်ခါကြုံခဲ့ဖူးပါတယ် ။ မိမိက သင်တန်းတက်မယ်ဆိုရင်တော့
မိမိပတ်ဝန်းကျင်က တက်ဖူးတဲ့လူတွေကိုမေးကြည့်ပါ သူတို့ကိုယ်တိုင် ကျွမ်းကျင်စွာ တက်တယ်ဆိုရင်တော့
တက်လိုက်ပါ အခုသင်တန်းတွေ တော်တော်များများက ဈေးလျှော့နေကြပါတယ် အပြိုင်အဆိုင်ဖြစ်နေကြတာ
ဆိုတော့ ။ Mobile Service ဆိုရင် ၆ သိန်းကျော်ပါတယ် ကြောက်ဖို့ကောင်းလောက်တဲ့သင်တန်းကြေးပါ
ငွေကြေးမတတ်နိုင်သူတွေဆို ဘယ်လိုများတက်ကြမလဲ အိုကေ စိတ်မပူနဲ့ Online ပေါ်တက်လိုက်ပါ
ရှာဖွေတတ်သလောက် ကျွမ်းကျင်မှာပါ အချိန်လည်း သီးသန့်မပေးရပါဘူး မိမိကြိုက်တဲ့အချိန်
သင်လို့ရပါတယ် facebook group တွေ မှာ လိုက်မေး ၊ Forum တွေမှာ ၀င်ဆွေးနွေးပါ ၊ ၀င်ဖတ်ပါ
နည်းပညာ ဘလော့တွေ ၊ ဖိုရမ်တွေ ၊ Group တွေ Chat တွေကို လုပ်ပါ သင် အလိုလိုကျွမ်းကျင်လာပါလိမ့်မယ်
ပညာတစ်ခုရဲ့တန်ဖိုးကိုတော့ ဘယ်ငွေကြေးနဲ့မှ အဖိုးမဖြတ်လိုက်ပါနဲ့ဗျာ ကိုယ်တိုင် Self-Study လုပ်လို့
တတ်လာတဲ့ပညာက သင်ပေးတာထက်ပိုမှတ်မိစေပါတယ်ဗျာ ကျွန်တော်ကိုယ်တိုင် အွန်လိုင်းမှာပဲ
နည်းပညာတွေကို ရှာဖွေ သင်ယူနေတဲ့အတွက် ကိုယ်တွေ့လေးမို့ အားလုံးကို ပြောတာပါ ဒါပေမယ့်လည်း
Programming လိုမျိုး ကျတော့ Self-Study လုပ်ဖို့ အင်မတန်ခဲယဉ်းသွားပါတယ် သင်တန်းလေးတော့
တက်လိုက်ပါ Language တစ်ခုရဲ့ Flow လေးတွေ နားလည်သွားမယ် Program တစ်ခု အလုပ်လုပ်
ပုံလေးတွေကို သိသွားရင် နောက်ထပ်လေ့လာမယ့် Language တွေက စပ်ဆက်မှုတွေ အများကြီးပါ
ကျွန်တော့်အစ်ကိုလို ခင်ရတဲ့ ကိုဝေလင်းဦး(ရန်ကုန်)က အစ်ကိုဆိုရင် လက်ရှိ Web Developer
တစ်ယောက်အဖြစ်အသက်မွေးနေပါတယ် သူကွန်ပျူတာတက္ကသိုလ်နဲ့ကျောင်းပြီးခဲ့ပါတယ် ကျောင်းတုန်းက
တက်ခဲ့တဲ့ C language လေးကိုအခြေခံပြီး ဘယ် သင်တန်းမှ မတက်ဘဲ Online မှာ Self-Study
လုပ်ရင်း ကျွမ်းကျင်လာတာပါ ဒါဆိုရင် ကျွန်တော်တို့အားလုံးလည်း လုပ်နိုင်မှာပါ ဘယ်တော့မှ
အားမလျှော့လိုက်ပါနဲ့ လို့ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်ဗျာ

ကျွန်တော်ရေးခဲ့တာလေးတွေက ကျွန်တော့်အမြင် အတွေ့အကြုံလေးတွေနဲ့ ရေးသားထားသည့်အတွက်
အမှားပါခဲ့ရင် ကျွန်တော်အောင်ကျော်ကပဲ တောင်းပန်ပါတယ်ဗျာ အခုမှ အခြေခံစလေ့လာနေသူများကိုသာ
ရွည်ရွယ်ရေးသားထားခြင်းဖြစ်ပါသဖြင့် ကျွမ်းကျင်သူများက ကျွန်တော့်ပို့စ်လေးအား ရယ်စရာဖြစ်နေမလား
လို့ပြောလည်း ကျွန်တော်ခံနိုင်ပါတယ်ဗျာ ကျွန်တော့်လို မသိမတတ်သေးတဲ့လူတွေအတွက်တော့
အထောက်အကူဖြစ်စေမှာ အမှန်ပါဗျာ
                                                                                  စာဖတ်သူအားလုံးကိုလေးစားလျှက်
                                                                       အောင်ကျော်(ပုသိမ်-နည်းပညာ)
                                                                       ၂၁-၁၀-၂၀၁၂(နံနက် ၁၂:၃၄)


Post a Comment

  1. ညီလေးအောင်ကျော်ရေ မင်းရေးထားတာလေးသိပ်ကိုကောင်းပါတယ်။ကိုယ်လည်းနည်းပညာကိုစိတ်သာပါတာဘာလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မင်းရဲ့blog postကလမ်းညွှန်ပါပဲ။ဆက်ပြီးတော့လည်းpost တွေတင်ပါဦးနော်။
    May you be happy!

    ReplyDelete
  2. ကောင်းပါတယ် ကိုအောင်ကျော်ရယ် .အားပေးပါတယ်ဗျာဆက်ရေးးပေးပါဦး...

    ReplyDelete
  3. ညီလေးရေ သိပ်ကောင်းတယ်ကွာ ဆက်လုပ်ညီရေ.... အားပေးနေတယ်....:)

    ReplyDelete
  4. Very good;ကြိုးစားညီလေး ငါတို့လိုက်မမှီတော့ပေမယ့် မင်းတို့ကိုတော့ထိပ်တန်းရောက်စေချင်တယ် နောက်ပြီး စေတနာအပြည့်နဲ့ပညာတွေဖြန့်ဝေပါ လေးစားပါတယ်ညီလေး

    ReplyDelete
  5. ကျနော်လဲ နယ်ကနေ သုံးနေတာ ဒီလို siteတွေကြောင့် နည်းပညာနဲ့ အဆက်မပြတ်လို့ကျေးဇူးပါ

    ReplyDelete
  6. သိပ်ကြိုက်တယ်။hacker တစ်ယောက်ဖြစ်ချင် ရင် ဘာတွေသိထားသင့်လဲ ပြောပြ ပေးကြပါ

    ReplyDelete
  7. ကျနော်တို့လို မသိသေးနဲ့ လူတွေအတွက်တော့ အရမ်းကောင်းတဲ့post လေးပါ။အားပေးနေပါတယ်။

    ReplyDelete
  8. facebook page ka error pyit nay tal bya, bar lote ya mar tone ??

    ReplyDelete
  9. ညီလေးရေ
    အားလုံးကိုယ်စားကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. ကျေးဇူးပဲဗျာ

    ReplyDelete
  11. ဒီနေ့မှတွေ့လို့စ၀င်ကြည့်တာပါ။ အချိန်မရလို့ ဆက်ဝင်ဖို့ အားထုတ်ပါဦးမယ်။ အများ ကောင်းကျိုးအတွက် တကယ်ကိုယ်ကျိုးစွန့်နိုင်မှ ဆိုတဲ့ သွားလေသူ တိုးကြီးရဲ့ စကားလိုပဲ လေးစားပါတယ် ညီလေးရေ။

    ReplyDelete
  12. ကျေးဇူးတင်ပါတယ် စိတ်ဝင်စားပါတယ်။

    ReplyDelete
  13. ကျေးဇူးတင်ပါတယ်

    ReplyDelete
  14. ကျေးဇူးတင်ပါတယ်...နည်းပညာစိတ်ဝင်စားသူတွေအတွက်လည်းအရမ်းအဆင်ပြေပါတယ်...ဆက်လက်ပီးတော့အားပေးသွားမှာပါ.....

    ReplyDelete
  15. ကျေးဇူးပါဆရာလေး

    ReplyDelete
  16. thanks you my brother!!It is very good your post!
    Go ahead!! I will follow with you!!

    ReplyDelete
  17. ကျေးဇူးပဲညီလေး.........
    အကိုယ်တို့လိုစလေ့လာမယ့်သူတွေအတွက်..ရွေးချယ်စရာတစ်ခါးတစ်ချပ်ကို..ဖွင့်ပေးလိုက်သလိုပါပဲ...........
    အကိုယ်က.Networking ကို..လေ့လာနေတာ.ပါ..အိုင်လိုင်းမှာ..ကောင်းဆိုက်တွေ..တွေ့ရင်..ပြောပေးစေချင်ပါတယ်...
    ညီလေး..လုပ်ဆောင်တာမှန်သမျှ.........အောင်မြင်ပါစေကွာ................

    ReplyDelete
  18. တကယ့်လူသူတော်ကောင်းလေးပါဘဲ ။ အများအကျိုးဆောင်ရင်း ညီလေး လည်းလိုရာခရီးပန်းတိုင်ကို လွယ်ကူချောမွေ့ လျင်မြန် စွာရောက်ပါစေ ။ ဆက်လက်ကြိုးစားပါ ။

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top