မင်္ဂလာပါ ဆော့ဝဲမြို့ကိုတော် နေ့စဉ်လာရောက်အားပေးနေကြတဲ့ ပရိသတ် ဘော်ဒါများခင်ဗျာ.
ကျွန်တော်တို့ ဆော့ဝဲမြို့တော်လေးရဲ့ဒိုမိန်းက www.aungkyaw.com ပါ ကျွန်တော့်နာမည်
အောင်ကျော်နဲ့လုပ်ထားပေမယ့် ဒီဆိုဒ်လေးကို ကျွန်တော်တစ်ယောက်တည်း တာဝန်ယူနေတာ
မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော် စပြီး တည်ထောင်ခဲ့တာပါ ရည်ရွယ်ချက်ကတော့ ကျွန်တော်က
ကွန်ပျူတာသင်တန်းကို စုံလင်အောင် မတတ်ခဲ့ရပါဘူး ဘာကြောင့်လဲဆိုတော့ကျွန်တော်က မြို့မှာ
နေရတာမဟုတ်ပါဘူး ကျေးရွာလေးမှာ နေရတာပါ (ရွာမှာ လျှပ်စစ်မီးမပေးပါဘူး) အဲလိုရွာလေးမှာ
နေရတဲ့ ကျွန်တော်က ကွန်ပျူတာနည်းပညာတွေကို လေ့လာရာမှာ အခတ်အခဲတွေ အများကြီးရှိခဲ့ပါတယ် ဒါတွေကိုလည်း ကျွန်တော့်အကြောင်း မှာ ရေးထားခဲ့ပြီးပါပြီ ..
ကျွန်တော်ကြုံတွေ့နေရတဲ့အခတ်အခဲတွေလို ကြုံတွေ့နေရတဲ့ မြန်မာ နည်းပညာသမားတွေ 
အများကြီးပါ ကျွန်တော့်ကို မေးမြန်းကြတဲ့လူတွေကိုလည်း ကျွန်တော်သိသလောက် တတ်သလောက်
လေးကို စေတနာအပြည့်နဲ့ ကူညီပေးခဲ့ပါတယ် ဒါပေမယ့် မေးသမျှ အခတ်အခဲအကြောင်းအရာအားလုံးကို
ဆိုဒ်လေးတစ်ခုမှာ မျှဝေထားချင်တယ် လင့်ပေးလိုက်ရင်သူတို့သွားဖတ်နိုင်အောင်ပေါ့
ဒါပေမယ့်မဖြစ်နိုင်ခဲ့ပါဘူး ကျွန်တော်လုပ်ပေးချင်တဲ့စိတ်သာရှိခဲ့ပါတယ် အချိန်မပေးနိုင်ပါဘူး
ကျောင်းတက်ဖက်နဲ့ မအားခဲ့ပါဘူး ကျွန်တော့်မှာလည်း ကိုယ်ပိုင်အင်တာနက်မရှိပါဘူး..
အခုတောင် ဖုန်းနဲ့ တစ်မိနစ် လေးကျပ်ပေးပြီး သုံးနေရပါတယ် ကဲထားလိုက်ပါတော့ ကျွန်တော့်မှာလဲ
အဲလို အခတ်အခဲတွေနဲ့ဆိုတော့ လုပ်ချင်တဲ့စိတ်သာရှိခဲ့တာ မဖြစ်ခဲ့ပါဘူး... ကဲ မဖြစ်ဘူးဆိုလို့
ဒီအတိုင်းနေလို့တော့မဖြစ်ဘူး ကျွန်တော်ကိုယ်တိုင်ကိုက သူများတွေကို ကူညီရတာ ကျေနပ်တဲ့ကောင်
ကိုကူညီလို့သူများအဆင်ပြေသွားရင် အင်မတန်ပျော်ရွှင်တဲ့ကောင်ဆိုတော့ စဉ်းစားမိတယ်
ကွန်ပျူတာတွေမှာ အဓိက လိုအပ်တာက ဆော့ဝဲလေ ကိုလိုချင်တဲ့အရာတစ်ခုကို ဆော့ဝဲတင်ပြီး
လုပ်နိုင်တယ် ဒါပေမယ့် အဲဆော့ဝဲတွေကို မရှာတတ်တဲ့လူတွေ အတွက်ဆော့ဝဲဆိုဒ်လေးတစ်ခု
လောက်လုပ်မယ်ဆိုပြီးတော့ 19.5.2012 မှာ ကျွန်တော် www.mmsoftwarecity.co.cc ဆိုပြီး 
ဆော့ဝဲမြို့တော် ဆိုဒ်လေးကို စတင်တည်ထောင်ခဲ့ပါတယ်... လူတော်တော်များများလည်း လာလည်ကြပါတယ် ကျွန်တော်ဆိုဒ်မှာတော့ ဆော့ဝဲတွေတင်ပေးတယ် တောင်းတာတွေ ရှာပေးတယ်ပေါ့
ဒါပေမယ့် ကျွန်တော် ကွန်ပျူတာနည်းပညာတွေကိုလည်း ကူညီခဲ့ပါတယ် aungkyaw155@gmail.com
ကိုအပ်ပြီး မေးမြန်းနိုင်ပါတယ် ဘာညာပေါ့... အပ်ကြပါတယ် မေးကြပါတယ် ဒါပေမယ့် မေးတဲ့လူတွေ
များလာတဲ့အခါကျတော့ ကျွန်တော် တစ်ယောက်ချင်းစီ အရင်မေးတဲ့လူကို ဦးစားပေးပါတယ်
အဲဒီအခါ အခြားလူတွေကို ပြန်မပြောနိုင်တဲ့အခါတွေရှိပါတယ် သူတို့က မကျေနပ်လို့ ဆဲကြပါတယ်
ထားလိုက်ပါ မမှုပါဘူး.. ကိုပြောတာကို ပြန်မပြောရင် လူတိုင်းစိတ်တိုကြတာချည်းပါပဲ..... အင်းအဲလို
ကူညီခဲ့တယ်ဆိုပါတော့  ကျွန်တော်အဲလိုနဲ့ဆိုဒ်လေးမှာပုံမှန်အားသလောက်လိုအပ်တာတွေကို
တင်ပေးနေပါတယ်.. ကြာလာတော့ ကျွန်တော်တစ်ယောက်ရဲ့အားနဲ့ မရတော့ပါဘူး ကျွန်တော့်မှာ
အချိန်တွေ ပိုတာတွေ နည်းလာတာကြောင့်ပါ အဲဒီအချိန်မှာပဲ မလေးက ကျွန်တော့် အစ်ကိုလိုခင်ရတဲ့
ကိုအောင်ဆန်း(လယ်တီမြေသားဆိုဒ်) က စတင်ပါဝင်ကူညီခဲ့တာပါ သူသိသလောက် တတ်သိသလောက်လေးတွေ တင်ပေးတယ် ဖြေပေးခဲ့ပါတယ်ဆိုဒ်အတွက် တစ်ထောင့်တစ်နေရာက
ကူညီခဲ့ပါတယ် အရမ်းချစ်ဖို့ကောင်းပါတယ် စေတနာအင်မတန်မှ ကောင်းပါတယ် အရမ်းလည်း
ချစ်ဖို့ကောင်းတဲ့အစ်ကိုပါ..... အဲလိုနဲ့ဆော့ဝဲမြို့တော်ဆိုဒ်လေး ယနေ့အချိန်ထိ ရှင်သန်ခဲ့ပါတယ်
ကျွန်တော် အဓိကပြောချင်တာက ဒီဆိုဒ်လေးကို www.aungkyaw.com နဲ့ ပြောင်းလိုက်တော့ 
ဆော့ဝဲမြို့တော်ဆို ကျွန်တော်တစ်ယောက်တည်း ကူညီနေတယ် ထင်ကြပါတယ် မဟုတ်ပါဘူးခင်ဗျာ
ဒိုမိန်းပြောင်းလိုက်ရတာက ဒီလိုပါ ကျွန်တော့်ရဲ့ ၁၈နှစ်ပြည့်မွေးနေ့(9.1.2012)မှာ www.aungkyaw.com ဒိုမိန်းလေးကို အမှတ်တရအနေနဲ့ ၀ယ်ထားလိုက်ပါတယ် ဒါပေမယ့်
မသုံးဖြစ်ပါဘူး wordpress နဲ့တော့ တစ်ခါသုံးဖြစ်ခဲ့ပါတယ် ဒါပေမယ့် မကြာပါဘူးပြန်ဖျက်လိုက်တယ်
ကျွန်တော်မလုပ်ချင်တော့လို့ အဲလိုနဲ့ ကျွန်တော်ဆိုဒ်လေးက ကိုယ်ပိုင်ဒိုမိန်းမရှိခဲ့ပါဘူး
www.mmsoftwarecity.co.cc လေ co.cc က ကြာရင် ပြသနာတတ်တယ် နောက်ပြီး Google
က ဘန်းထားပါတယ် အဲတော့ .com  ဒိုမိန်းလုပ်ထားမှ ဖြစ်တော့မယ်လို့တွေးပြီး အသစ်မ၀ယ်ချင်တော့
တာနဲ့ ကျွန်တော်ဝယ်ပြီးသား ဒိုမိန်းလေးကို ပြောင်းထားလိုက်ရခြင်းပါ... ကျွန်တော့်နာမည်နဲ့
လုပ်ထားပေမယ့် ကျွန်တော်တစ်ယောက်တည်းကူညီနေတာမဟုတ်ဘူးဆိုတာ မိတ်ဆွေတို့
သိစေချင်တာပါ ဒါပေမယ့် ကျွန်တော့်ဆိုဒ်လေးမှာ ပါဝင်ကူညီနေတဲ့ အစ်ကိုတွေ ညီတွေကိုတော့
ကျွန်တော်မိတ်ဆက်ပေးသင့်တယ်ထင်တယ် ကဲမိတ်ဆက်ပါရစေ အရင်ဆုံးကျွန်တော်ကစမယ်

Aung Kyaw Pathein
 နာမည်အပြည့်အစုံက အောင်ကျော်ခိုင်ပါ
 လက်ရှိ ပုသိမ်နည်းပညာကျောင်းမှာ ပထမနှစ် Civil တက်နေပါတယ်
 ဇာတိကတော့ ညောင်တုန်းမြို့ပါ...
 www.aungkyaw.com | www.aungkyawpathien.blogspot.com တို့ကို အဓိက တာဝန်ယူပါတယ်

အောင်အောင်(မကစ)
 နာမည်ကတော့ ကိုအောင်ဆန်းပါ
လက်ရှိ မလေးရှား မှာ နေပါတယ် .... လယ်တီမြေသား ၊ ဒီပဲယင်းသား ဆိုဒ် ရဲ့ Admin ဖြစ်ပါတယ်
ဇာတိကတော့ မကြီးစောက်ရွာ ၊ စစ်ကိုင်းတိုင်း..
www.aungkyaw.com | www.ledimyethar.com | www.depelyin.co.cc | www.mankyisauk.com

မျိုးမြတ်အောင် (or) Sai Myo Myat Aung
 နာမည်အပြည့်အစုံကတော့ စိုင်းမျိုးမြတ်အောင်ပါ
နေတာကတော့ လားရှိုး ပါရမီလမ်းမှာပါ
ဇာတိကတော့  နမ္မတူမြို့
www.aungkyaw.com | www.intware-smma.blogspot.com

ဝေလင်းဌေး
နာမည်ကတော့ ဝေလင်းဌေးပါ
နေတာကတော့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာပါ
အင်ဒိုးနီးရှားမှာ မြန်မာကျောင်း (၉)တန်းတက်နေပါတယ်..
www.aungkyaw.com| www.itware-wlh.blogspot.com

လုလင်ပျို(မိန်းမဆိုးအမုန်း)
နာမည်ကတော့ လုလင်ပျိုပါပဲ
နေတာကတော့ မော်လမြိုင် မြို့ပါ
www.aungkyaw.com | www.androidlulin.blogspot.com

Chan.Nyein pollen
နာမည်ကတော့ ကိုချမ်းငြိမ်းပါ
ဇာတိကတော့ ရန်ကုန်ကပါ
www.aungkyaw.com

 အပေါ်က ဖော်ပြထားတဲ့ ညီအစ်ကိုတွေက လက်ရှိတာဝန်ယူနေတဲ့ ဘော်ဒါတွေပါ အားလုံးကို
ခင်မင်နိုင်ပါတယ်ဗျာ... နောက် ကူညီပေးမယ့် ညီ အစ်ကို အစ်မတွေ လည်းရှိနေပါသေးတယ်
အကြောင်းအမျိုးမျိုးကြောင့် တာဝန်မယူနိုင်သေးတာပါ... အကယ်၍ မိတ်ဆွေက ဒီဆော့ဝဲမြို့တော်
ဆိုဒ်လေးမှာ ကူညီချင်တယ်ဆိုရင်တော့ aungkyaw155@gmail.com ကို အပ်၍ ပြောနိုင်ပါတယ်ခင်ဗျာ.

***** အမှားပါခဲ့ရင်ခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ *****

Post a Comment

  1. အားလုံးကို ကျေးဇူးတင်ပါသည်

    ReplyDelete
  2. ဟား လုပ်ချလြိက်ပြန်ပြီ ဘော်ဒါရယ်
    ကျွန်တော့် နာမည်မထည့်ပါနဲ့လား
    ကျွန်တော်က ကလေးပါ
    ကလေးအဆင့်ပဲ ရှိပါတယ်
    ဟီး ရှက်လို့

    ReplyDelete
  3. Aung Kyaw တို့ အဖွဲ့ ထာဝရ တည်တံ့ ပါစေသော်

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top