အမည်ကျော်ဇေယျ
Emailzayya.55@gmail.com
သင်တောင်းချင်သည့် SoftwareUSB နဲ.၀င်းဒိုးတင်နည်းတွေကိုသင်ပြပေးစေလိုပါတယ်
ဝင်းဒိုး7နှင့်xp ဘယ်ဟာရရ ကျေးဇူးတင်လျှက်
သင့်အမြင်ဆော့ဝဲမြို့တော်က ကောင်းတယ်



Window ကို USB Drive ကနေတင်ဖို့အတွက် WinToFlash လေးက usb ကို ၀င်းဒိုးခွေ အသွင်ပြောင်းပေးတာပဲဖြစ်ပါတယ် ... WinToFlash လေးက ဖိုင်ဆိုက်သေးပြီး သုံးရတာလည်း လွယ်ကူပါတယ် ... USB ကလည်း 4 GB ဆိုလုံလောက်ပါတယ် ... တချို့ CD Drive မဖတ်တော့တာတို့မျိုးဆိုရင် ဒီနည်းလေးကအသုံးဝင်ပါတယ်... အောက်မှာလည်း ပုံနှင့်တကွ ဖော်ပြပေးထားပါတယ် ... ဒီနည်းလေးကိုသိပြီးသားသူငယ်ချင်းတွေတော်တော်များမှာပါ ... ကျွန်တော့် blog လေးကလုပ်တာမကြာသေးတော့ မရှိသေးလို့တင်လိုက်တာပါ ... ပထမဆုံး WinToFlash
ကိုဒေါင်းလော့လုပ်ဖို့ မူရင်းဆိုက်ကို ဒီမှာ သွားလိုက်ပါ ...


 ပုံမှာပြထားတဲ့အတိုင်းနှိပ်ပြီး ဒေါင်းလော့လုပ်ပါ ...
 ဒေါင်းလော့မှရလာသော WinToFlash RAR ဖိုင်လေးကိုဖွင့်ပြီး 
အထဲကဖိုင်အကုန်လုံးကို Folder တစ်ခုဆောက်ပြီးထည့်ပါ ...
(ပုံများကို ကလစ်နှိပ်ပြီး အကြီးကြည့်နိုင်ပါသည်)
 Folder ထဲမှ WinToFlash လေးကို run လိုက်ပါ ...
ပုံမှာပြထားသည့်အတိုင်းတဆင့်ခြင်းလုပ်ဆောင်ပါ ...
Next ကိုနှိပ်ပါ ...
ဒီအတိုင်းမြင်ရပါလိမ့်မယ် ... အပေါ်က window files path နေရာမှာ window CD ထည့်ပြီး 
အောက်က USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...
 
 ဒီအဆင့်မှာ window files path နေရာမှာ window CD ဒါမှမဟုတ် စက်ထဲက ၀င်းဒိုးဖိုင်မှတ်ထားတဲ့နေရာကို select လုပ်ပေးရပါမယ် ...
ကျွန်တော်ကတော့ window CD ထည့်ပြီးသုံးထားပါတယ် ...
ပုံမှာပြထားသည့်အတိုင်း USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...
ပုံမှာပြထားသည့်အတိုင်း window CD နှင့် USB ကိုနေရာပေးပြီးသွားလျှင်...
Next ကိုနှိပ်ရပါမယ် ...
ဒီနေရာမှာ ပုံမှာပြထားသည့်အတိုင်း ရွေးပြီး continue ကိုနှိပ်ပါ ...

ပုံမှာပြထားသည့်အတိုင်း WinToFlash ကပြောင်းလည်းပေးပါလိမ့်မယ်...

ပြီးလျှင် Next ပေါ့...


ပြီးလို့ USB Drive ကို ထုပ်ပြီး ပြန်တပ်ကြည့်တဲ့အခါမှာ 
ပုံမှာပြထားသည့်အတိုင်း အသွင်ပြောင်းသွားတာကို မြင်ရပါလိမ့်မယ်...
ဒါဆိုရင်တော့ USB ကနေ Window တင်ဖို့အဆင်သင့်ဖြစ်ပါပြီ ...
ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key ကိုနှိပ်ထားလိုက်ရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်.. 
Advanced BIOS Features ကို select လုပ်ပြီး Enter ခေါက်ပါ ... 
 First Boot ကို USB HDD  လို့ပြောင်းပေးရပါမယ် ......  
Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ ...
Keyboard မှ F10 ကိုနှိပ်ပြီး Save ပါ..
.ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတက်ပါပြီ ...
 
ဆာဟာရ မှ ပြန်လည်မျှဝေသည်

Post a Comment

  1. ကျေးဇူးတင်ပါတယ်။အောင်မြင်မှုများစွာရရှိပါစေ။

    ReplyDelete
  2. ထပ်ပြီးကူညီပါလို.တောင်းခံပါရစေ။ ဆော့ဝဲံနာမ်မည်တော့မသိဘူး။ဇတ်ကားခွေ ၁၀ခွေ ၁၂ခွေလောက် DVD ကူးတဲ့ဆော့ဝဲ တင်ပေးပါခင်ဗျာ

    ReplyDelete
  3. ဒီပို့လေးကို ကျွန်တော် 30.4.12 မှာ http://www.pyayblogger.co.cc/2012/04/wintoflash-usb-drive-window.html ဒီလင့်လေးမှာ ကိုယ်တိုင်ရေးတင်ပေးထားတာပါ... ကျွန်တော်နာမည်လေးမပါတော့ ငိုချင်တယ်...

    ReplyDelete
  4. အစ်ကို ပြည် ဘလော်ဂါရေ ကျွန်တော် အစ်ကို့ပို့စ်မှန်းလဲမသိပါဘူးခင်ဗျာ
    နောက်ပြီး ကျွန်တော်ကိုယ်တိုင်ရေးတယ်လို့ လည်း မဆိုလိုထားပါဘူး အောက်ဆုံးမှာ
    ဆာဟာရမှ ပြန်လည်မျှဝေသည်လို့ ရေးထားပါတယ် ကျွန်တော် ရှာလိုက်တာ
    ဆာဟာရမှာ တွေ့လို့ပါ အစ်ကို့ကို မစော်ကား ပါဘူးဗျာ ကျွန်တော်လည်း ဘာမှ မတတ်တဲ့
    ငတိလေးတစ်ကောင်ပါ မစော်ကားရဲပါဘူးဗျာ.. သိသမျှတွေကို ပြန်လည်မျှဝေရင်း
    အင်တာနက် ပေါ်မှာ မရှာဖွေတတ်တဲ့ အင်တာနက် စသုံးစ လူတွေတွေအတွက် ကျွန်တော်က
    ကျွန်တော် တတ်သလောက်လေး ရှာဖွေပေးခြင်းပါ ... အစ်ကို့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်
    ဗျာ ကိုယ်ရေးတဲ့ပို့စ်က ကိုယ့်နာမည်မပါဘူး ဆိုရင်တော့ ဒီလိုပဲခံစားရပါတယ်ဗျာ ဒါပေမယ့် အစ်ကိုရာ
    အဓိကက ကိုယ်ရေးထားတဲ့ နည်းပညာလေးတစ်ခု မသိကြသေးတဲ့ လူတွေ သိသွားရင် အကျိုးထူးပါတယ်ဗျာ..

    ReplyDelete
  5. ဒါလည်းဟုတ်တာပဲ.......

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top