Deep Freeze ဆိုတာဘာလဲ?  
 


Deep Freeze ဆိုတာ လွယ်လွယ်ပြောရရင်တော့ ကွန်ပြူတာ Drives (or) Disks (ဥပမာ C, D, E, etc.,) တွေကို Freeze/Lock
လုပ်ပေးတဲ့ ဆော့ဖ်ဝဲဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ Internet Security and Antivirus ဆော့ဖ်ဝဲ
တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဲ .. အဲဒီလိုမျိုးတော့ တစ်ထပ်တည်းတူတာ မဟုတ်ပါဘူး။

ဘယ်လိုမတူသလဲ?
အရိုးရှင်းဆုံး ဥပမာ ၅ ခု ကိုပေးရမယ်ဆိုရင် …
ဥပမာ (၁)
သားငယ်း ဖေဖေကြီး၊ သား ဖေဖေကြီးရဲ့ C:\Windows ဖိုလ်ဒါကို မှားပြီးဖျက် (Delete) လုပ်လိုက်မိတယ်။
ဖေဖေကြီးး ဟေ … ဘာတဲ့? အမလေးကုန်ပါပြီ၊ အမေကြီးရေ သားငယ်ကို လာထိန်း ပါလှည့်။
သားငယ်း အီးဟီးဟီးဟီး … ကွန်ပြူတာဂိန်းကစားချင်သေးတယ်။
ဥပမာ (၂)
ကွန်ပြူတာကျောင်းသားး ငါတော်တယ်၊ ငါတတ်တယ်၊ ငါတော်တယ်၊ ငါတတ်တယ်။
အင်တာနက် Virusး I’m sailing .. I’m sailing .. Home again .. Cross the Sea .. I am sailing ..
Stormy waters .. To be near You ..
ကွန်ပြူတာကျောင်းသားး ဟာ .. ငါ ဒီတစ်ချီတော့ ခံရပြီထင်တယ်။ အရင်က ငါ Computer virus ၁၀၂၄ ကောင်တောင်
သတ်ခဲ့တာ၊ ဒီ “Fool You” virus နဲ့တွေ့မှ ခံရတော့တယ်။ Drive C: က မ Boot တော့ဘူး။ Repair လည်း လုပ်လို့ မရတော့ဘူး။
Partition table ပျက်သွားပြီထင်တယ်။ Data recovery ကတော့ရနိုင်ပါရဲ့၊ ဒါပေမယ့် အချိန် မပေးနိုင်ဘူး။ Norton ကလည်းကွာ
ဒါလေးတောင် မဖြေရှင်း ပေးနိုင်ဘူး။ Ahhhhhhhhhhhh …
ဥပမာ (၃)
အင်တာနက်ကဖေး ဆိုင်ပိုင်ရှင်းး ဟာကွာ .. အင်တာနက်ဆိုင်ဖွင့်မှဘဲ အင်တာနက် ပေါ်မှာ ဒီလောက် Virus ပေါမှန်း
သိတော့တယ်။ တစ်နေ့တစ်နေ့ Run လိုက်ရတဲ့ Norton, McAFee နဲ့ Antivirus ဆော့ဖ်ဝဲတွေ။ ကွန်ပြူတာတွေကို Reinstallation
လုပ်ရတဲ့ အကြိမ်ပေါင်းလည်း မနဲတော့ပြီ။ …
ဥပမာ (၄)
အတွေ့အကြုံ မရှိသေးသော ကွန်ပြူတာ အသုံးပြုသူး ဟာ .. မနေ့ကမှ ကွန်ပြူတာကို ၀ယ်လိုက်ပါတယ်၊ မနက်က အိမ်က
အငယ်ကောင် Online တက်ပြီး အခု ဘာဖြစ်သွား လည်းမသိဘူး၊ Desktop မတက်တော့ဘူး။ စိတ်ညစ်တယ် .. ငွေကထွက်ဦးမယ်။
ဥပမာ (၅)
အတွေ့အကြုံ အတန်အသင့်ရှိပြီး Virus ကိုကြောက်သူး အဲ .. ဒီ Program ကို မ Run ရဲဘူး၊ Virus ရှိတယ်ပြောတယ်။
အင်း .. ဟို Program ကိုလဲ မ Run ရဲပြန်ဘူး၊ Virus ရှိတယ်ကြားပြန်တယ်။ အိုး .. ဟို Website ကိုလဲ မသွားရဲဘူး၊ Virus
တွေနဲ့လို့ဆိုဘဲ။ အီး .. ကွန်ပြူတာကို Virus ကိုက်လို့ Registry Editor ကို နဲနဲ ကလိလိုက်တာ Windows Search နဲ့ Recycle Bin ကြောင်သွားတယ်။
ဥပမာတွေကို ဆက်ပေးရရင် မဆုံးနိုင်ပါဘူး။ Windows ဟာအလွန်ကိုမှ မာယာများတတ် သော ၀င်္ကဘါတစ်ခု အလားပါဘဲ။ ဆိုတော့ ..
အထက်ပါဖော်ပြခဲ့တဲ့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့မေးခွန်း ထွက်လာပါတယ်။ အဖြေတွေကလည်း မေးခွန်းတွေ လောက်ကို
များပြားပါတယ်။ ရှိလက်စ Worm, Trojan horse, File infectors, Time bombs, Logic bombs, Boot sector viruses, Program viruses,
Multipartite viruses, Stealth viruses, Polymorphic viruses, Macro Viruses, Active X, Network viruses, Cross-site scripting viruses,
Sentinels, Companion viruses, Nonresident viruses, Resident viruses, Inhospitable vectors, Self-modification viruses, and more!
တွေကို နှိမ်နင်းဖို့ AntiWorm, AntiTrojan နဲ့ AntiVirus ဆော့ဖ်ဝဲ တွေအပြိုင်အဆိုင် ထွက်လာကြပါတယ်။ ဘယ်ဟာကောင်းသလဲဆိုတာ လိုအပ်ချက်က
ပြဠာန်းတာမို့လို့ ဘယ်ဟာကတော့ဖြင့် အကောင်းဆုံးဘဲလို့ လက်ငြိုးထိုးပြလို့ မရပါဘူး။
အထက်ပါ ဥပမာများမှ ပေါ်ထွက်လာသော မေးခွန်းများကို Deep Freeze က တစ်ခွန်းတည်း ပြန်ဖြေပါတယ်။ ကွန်ပြူတာကို “Restart”
သာလုပ်လိုက်ပါတဲ့။ အလို တယ်လွယ်ပါသလားဟဲ့။ ဟုတ်ပါတယ်။ အဲဒီလောက်ကို လွယ်ကူပါတယ်။
မေးခွန်းး ဒါဆို ကျွန်တော်၊ကျွန်မ AntiVirus ဆော့ဖ်ဝဲတွေ Run စရာ မလိုတော့ဘူး လား?
အဖြေး Strictly ပြောရရင် မလိုတော့လောက်အောင် ပါဘဲ။
မေးခွန်းး ဘယ်လို မလိုတော့လောက်အောင် ပါဘဲလဲ?
အဖြေး Virus ရှိတဲ့ Website တစ်ခုခုကို သွားမိလိုက်လို့ ကိုယ့်ကွန်ပြူတာကို Virus အကိုက်ခံရရင် ဘာမှ မပူပါနဲ့။ ကွန်ပြူတာကို “Restart” သာလုပ်လိုက်ပါ။ Restart လုပ်ပြီးရင် ကွန်ပြူတာဟာ Virus အကိုက်မခံရခင်က
အခြေအနေ ကို ပြန်ရောက်သွားပါလိမ့်မယ်။
မေးခွန်းး ဒါဆို ကျွန်တော်၊ကျွန်မ Virus ရှိတဲ့ Website တွေကို သွားလို့ ရပြီပေါ့နော်?
အဖြေး အဲ .. အဲဒါကိုတော့ ကျွန်တော် မတိုက်တွန်းပါဘူး။ မိမိဆန္ဒရှိသပ ဆိုရင်တော့ စမ်းကြည့်ချင်
စမ်းကြည့်ပေါ့လေ။ ခေတ်ကလေးတွေ ခက်တယ်။ အရိပ်ပြရင် ဂေါ်ဇီလာ မြင်တယ်။ တော်တယ်ဘဲ ပြောရမလား ..
အင်းဟင်းဟင်းဟင်း။
မေးခွန်းး ဒါဆို Virus ရှိတဲ့ Program တွေကို စမ်းပြီးတော့ Run ကြည့်လို့ရတာ ပေါ့နော်? Virus
ကိုက်သွားရင်၊ Virus ပါရင် ကွန်ပြူတာကို Restart လုပ်လိုက်ရုံနဲ့ အားလုံးပြေလည်သွားမှာ ပေါ့နော်?
အဖြေး ဟုတ်ပါတယ်။
မေးခွန်းး ဒါဆို Windows ကိုလည်း ကြိုက်သလို ကလိလို့ ရပြီပေါ့နော်? ဟို Registry Editor တို့
System Configuration Utility တို့ DOS Commands တို့ကို လည်း ကြိုက်သလို ကလိလို့ ရပြီပေါ့နော်?
အဖြေး အဲ အဲဒီလိုတော့ လုပ်လို့ရပါတယ်။ ဒါပေမယ့် ကွန်ပြူတာကို Restart လုပ်ပြီး ရင်တော့
အကုန်လုံးနဂိုအခြေအနေကို ပြန်ရောက်သွားမှာ မို့လို့ အဲဒီလို ပြောင်းထားတဲ့ Effects တွေကိုသိလိုက်ရမှာ မဟုတ်ပါဘူး။
မေးခွန်းး သိချင်တယ် ဆိုရင်ရော?
အဖြေး ကိုယ်ပြောင်းထားတဲ့ ပြောင်းလဲမှုတွေကို Windows ကို Boot အပြီးမှာ မြင်ချင်တယ်၊ သိချင်တယ်၊
စူးစမ်းချင်တယ်၊ အဲဒီအတိုင်းဘဲ ရှိနေစေချင်တယ် ဆိုရင်တော့ Deep Freeze ကို Disable လုပ်ပေးရမှာ ဖြစ်ပါတယ်။
အဲ ပြောင်းလဲမှုတွေ ပြီးရင် (သို့) ကိုယ့်စိတ်ကြေနပ်ပြီ ဆိုရင်တော့ Deep Freeze ကိုပြန်ပြီး Enable လုပ်ပေးလိုက်ပေါ့။ လွယ်ပါတယ်။
မေးခွန်းး ဥပမာ ပေးပါ။
အဖြေး Program တစ်ခုကို Install မလုပ်ခင် Virus ရှိမရှိ သိချင်တယ်ဆိုရင် exe file ကို Norton AntiVirus
အစရှိသဖြင့်တို့နှင့် စစ်နိုင်သကဲ့သို့ Deep Freeze run ထားသော ကွန်ပြူတာပေါ်မှာ ယာယီ Install လုပ်ကြည့်နိုင်ပါ တယ်။
အကယ်၍ Virus ရှိပါက ကွန်ပြူတာကို Restart လုပ်ပေးလိုက်ရုံဖြင့် အခုဏက သွင်းထားသော Program လည်း
အလိုလိုပျောက်ဆုံးသွားမှာပါ။ ဒီနေရာမှာ ကျွန်တော်တစ်ခု ထည့်သွင်းပြောဆို ချင်တာကတော့ ကာယကံ ရှင်သည်
မိမိလုပ်နေသည့် အလုပ်ကို မိမိ သေသေချာချာ သိဖို့တော့ လိုအပ်ပါတယ်။ Deep Freeze ကို Disable လုပ်ထားတဲ့
အချိန်မှာ တစ်ခုခု အမှားလုပ်မိပြီး Enable ပြန်လုပ်လိုက်မယ်ဆိုရင် အဲဒီအမှားဟာလည်း Freeze ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒါဟာစိုးရိမ်စရာ မဟုတ်ပါဘူး။ Deep Freeze ကို Disable ပြန်လုပ်ပြီး မိမိလုပ်နေကြ Maintainance sequence
(သို့) Virus cleaning steps တွေကိုလုပ်ပြီး မိမိ ကွန်ပြူတာကို စိတ်ကြိုက် အနေအထားသို့ ရောက်အောင် ပြန်ပြီး Optimize
လုပ်ပေးပြီး Deep Freeze ကိုပြန် Enable လုပ်ပေးလိုက်ရုံပါဘဲ။
မေးခွန်းး ဘယ်လို Enable, Disable လုပ်မှာလဲ?
အဖြေး Ctrl + Alt + F6 နဲ့ Deep Freeze ရဲ့ Password window ကို ခေါ်တင်ဖို့ပါ။ ညာဖက်အပေါ်မှာ တိုကင်
နံပါတ်တွေ့လိမ့်မယ်။ အဲဒီ တိုကင်နံပါတ်ကို ကော်ပီကူးပြီးတော့ Deep Freeze Enterprise ဆော့ဖ်ဝဲနဲ့ တစ်ခါသုံး One time
password (သို့မဟုတ်) ထပ်ခါထပ်ခါ အသုံးပြုနိုင်သော Password for multiple use ကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်
အဲဒီ Password ကို အောက်ပါ Password box ထဲမှာ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ရိုက်ထည့်ပြီးရင်တော့ ပုံ (၂) မှာပြထားတဲ့
Window ပေါ်လာမှာ ဖြစ်ပါတယ်။
Image and video hosting by TinyPic
ပုံ (၁)။ Deep Freeze password window.
အောက်ပါ ပုံ (၂) တွင်တော့ အထက်ပါ ပုံ(၁) မှာပြထားတဲ့ တိုကင်နံပါတ်ကို အသုံးပြုပြီး ရရှိထားသောPassword
ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့ဒီPassword ကိုအသုံးပြုပြီး ပုံ (၁) တွင်ပြထားသော Password window ထဲသို့ရိုက်ထည့်
လိုက်လျှင် ပုံ (၃) ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှတစ်ဆင့် ကွန်ပြူတာကိုနောက်တစ်ခါ Boot လျှင် Frozen state ဖြင့်လား၊
ဒါမှမဟုတ် Thawed state ဖြင့်လား ဆိုတာကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Image and video hosting by TinyPic
ပုံ (၂)။ Deep Freeze password generator window
(from Deep Freeze Administrator).
Image and video hosting by TinyPic
ပုံ(၃)။ Deep Freeze ON/OFF selection window.
Frozen state = Deep Freeze enabled (Deep Freeze ON)
Thawed state = Deep Freeze disabled (Deep Freeze OFF)
မေးခွန်းး Deep Freeze 6 Enterprise မှာ Configuration Administrator နဲ့ Deep Freeze 6 ဘယ်လို ကွာခြားပါသလဲ?
အဖြေး လွယ်လွယ်နဲ့ ပြောရရင်တော့ အဖေနဲ့သား (သို့) Motherboard နဲ့ Daughterboard ကွာခြားသလို ပါဘဲ။
Deep Freeze Configuration Administrator ကို အသုံးပြုပြီးတော့ Deep Freeze 6 installation program ဖိုင် (exe files) တွေကို
ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲဒီဖန်တီး ထားတဲ့ exe ဖိုင်ကိုမှ ကိုယ် Install လုပ်ချင်တဲ့ ကွန်ပြူတာပေါ်မှာ Install လုပ်ပေးရမှာ ဖြစ်ပါတယ်။
ပြီးလျှင် ကွန်ပြူတာကို လိုအပ်သလို Restart ပြုလုပ်ပေးပါ။ အဲဒီလို လုပ်ပြီးရင် အောက်ပါ ပုံ (၄) မှာပြထားတဲ့အတိုင်း စစ်စတမ်ကလော့ခ်
(System clock) ရဲ့ဘေးနားမှာ ၀က်ဝံပုံနဲ့ ကိုယ်စားပြု ထားသော System tray icon တစ်ခု ပေါ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
ဒီအဆင့်ကို ရောက်ပြီဆိုရင်တော့ Deep Freeze 6 installation ပြီးဆုံးသွား ပါပြီ။
Image and video hosting by TinyPic
ပုံ (၄)။ Deep Freeze system tray icon.
မေးခွန်းး Deep Freeze 6 installation ဖိုင် တစ်ခုကို ဘယ်လိုဖန်တီးမလဲ?
အဖြေး Deep Freeze Configuration Administrator ကိုဖွင့်လိုက်ပါ၊ ပုံ (၆)။
Image and video hosting by TinyPic
ပုံ (၅)။ Deep Freeze Administrator window.
သာမန် အိမ်သုံးကွန်ပြူတာ တစ်လုံးအတွက်ကတော့ သိပ်ပြီး ထူးထူးခြားခြား Configuration လုပ်ပေးစရာ မလိုပါဘူး။
အောက်ပါ ပုံ (၆) မှ ပုံ (၁၂) ကိုကြည့်ပါ။ Network ချိတ်ထားသော ကွန်ပြူတာများကို Central administration workstation ကနေပြီး
Deep Freeze application program တွေကို Install လုပ်ချင်တယ်ဆိုရင်တော့ နဲနဲထပ်ပြီး Configure လုပ်ပေးရမှာဖြစ်ပါတယ်။ အသေးစိတ်ကို
သိချင်တယ် ဆိုရင်တော့ မိမိ ကိုယ်တိုင် Help file ဖတ်၍စမ်းကြည့် နိုင်ပါတယ်။ အဲ ရမ်းသမ်းကလိ၍ စမ်းသပ်ခြင်း မျိုးကိုတော့ သိပ်အားမပေးပါဘူး။
အဲ အဲဒါက ကိုယ်နဲ့အဆင် ပြေတယ် ဆိုရင်တော့ ကာယကံရှင် မိမိ၏ သဘောသာဖြစ်ပါတယ်။
Image and video hosting by TinyPic
ပုံ (၆)။ မိမိကြိုက်နှစ်သက်ရာ Password ကို ရိုက်ထည့်ပါ။
ဤ Password ကို Deep Freeze application program ကို Install လုပ်ပြီးသည့်နောက် Deep Freeze ကို Disable/Enable လုပ်ပေးချင်
တယ်ဆိုရင် အသုံးပြုရမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်၊ ပုံ (၃)။ ပုံ (၂) မှာပြထားတဲ့ One time password ကိုလည်း
အသုံးပြုနိုင်ပါတယ်။ အောက်ပါ ပုံ (၇) တွင်တော့ Freeze/Lock လုပ်ထားတဲ့ C drive ထဲမှာ Unfreeze/Unlock လုပ်ထားတဲ့ Virtual partition
ပါတီးရှင်းအတုအယောင် တစ်ခုကို ဘယ်လိုဖန်တီးရမလဲ ဆိုတာကို ပြသ ထားပါတယ်။ ဒီအဆင့်ဟာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
Virtual partition မပါရင် ကွန်ပြူတာအသုံးပြုသူ အနေဖြင့် C drive ထဲမှာ ဘာကိုမှ Save, Copy, Delete, Paste, Edit, Install, Uninstall
အလွယ်တကူ လုပ်လို့ရတော့မှာ ဟုတ်ပါဘူး။ အဲဒီလို လုပ်ချင်တိုင်း Deep Freeze ကို Disable/Thaw လုပ်ပေးရမှာ ဖြစ်လို့ အလုပ်ပိုပါတယ်။
Image and video hosting by TinyPic
ပုံ (၇)။ Frozen drive C ထဲတွင် Thaw Space တစ်ခု ဖန်တီးခြင်း။
Deep Freeze ကို အသုံးပြုပြီး မိမိကွန်ပြူတာကို ရက်သတ္တပတ် တစ်ပတ်၏ မိမိရွေးချယ်သော ရက်တို့တွင်သာ Restart/Shutdown
လုပ်ပေးချင်တယ် ဆိုရင် ပုံ (၈) မှာ ပြထားတဲ့အတိုင်း Configuration လုပ်ပေးရမှာပါ။ အဲ .. ချွင်းချက်ကတော့ ကွန်ပြူတာဟာ Hibernate/Standby
အခြေအနေမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ကွန်ပြူတာကို လုံးဝပါဝါပိတ်ထားမယ် ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
Set one change all ကို ရွေးချယ်ထားမယ်ဆိုရင်တော့ တစ်ရက်ကိုသတ် မှတ်ပေးလိုက်ရုံဖြင့် ရှိသမျှရက် အကုန်လုံး
သတ်မှတ်ပြီးသား ဖြစ်လိမ့်မယ်။
Image and video hosting by TinyPic
ပုံ (၈)။ Restart/Shutdown configuration mode.
Image and video hosting by TinyPic
ပုံ (၉)။ Maintenance configuration mode.
Advanced maintenance ကတော့ သာမန်အိမ်သုံးကွန်ပြူတာတွေနဲ့ မပတ်သက်ပါဘူး။ Network ချိတ်ထားသော
ကွန်ပြူတာများကို ထိန်းသိမ်း (Maintenance) လုပ်မှသာ Advanced maintenance ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်
Miscellaneous ဆီသို့ ကျော်သွားကြရ အောင်စို့။
အဲ ဒီမှာလည်း အထူးအတွေ သတ်မှတ်ပေးစရာ မလိုပါဘူး။ ကွန်ပြူတာ အသုံးပြုသူကို စစ်စတမ်ကလော့ခ် (System clock)
ကို ပြောင်းလဲပိုင်ခွင့် ရှိမရှိ သတ်မှတ်ပေးစေတဲ့ ရွေးချယ်မှု တစ်ခုကိုသာ အဓိကထား ရွေးချယ်ပေး ရမှာဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်ပေး
လိုက်မယ်ဆိုရင် Deep Freeze က Maintenance schedule တွေ အကုန်လုံးကို ရပ်ဆိုင်းပြစ်လိုက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကွန်ပြူတာ
အသုံးပြုသူ အနေနဲ့ စစ်စတမ်ကလော့ခ် (System clock) ကို အချိန်မရွေး ပြုပြင်ပြောင်းလဲလို့ ရနေလို့ပါဘဲ။ ကွန်ပြူတာအသုံးပြုသူကို စစ်စတမ်က
လော့ခ်ကို ပေးမပြောင်းပြန်ရင်လည်း နာရီတိုက်တဲ့ ပြဿနာ ရှိလာနိုင်ပါတယ်။ ဆိုတော့ Deep Freeze ကို Enable မလုပ်ခင် နာရီကို အရင်တိုက်
ထားလိုက်ရင် အကောင်းဆုံး ဖြစ်ပါ လိမ့်မယ်။
Image and video hosting by TinyPic
Image and video hosting by TinyPic
ပုံ (၁၀)။ ကွန်ပြူတာအသုံးပြုသူကို System clock အား ပေးပြောင်းပိုင်ခွင့် ရှိ မရှိ သတ်မှတ်ခြင်း။
မေးခွန်းး ပုံ (၇) မှာပြထားတဲ့ အဆင့်မှာ Password မဖန်တီးခဲ့ရင် ဘယ်လိုလုပ်ပြီး ပုံ (၁) မှာပြထား တဲ့ Window ထဲကိုဝင်ပြီး
Deep Freeze ကို Enable/ Disable လုပ်ရမလဲ?
အဖြေး အဲဒီလိုဆိုရင် လွယ်ပါတယ်။ ပုံ (၂) မှာပြထားတဲ့ အတိုင်းလုပ်လိုက်ပါ။
မေးခွန်းး အင်း အဲဒါဆို အခုနောက်ဆုံးအဆင့်အနေနဲ့ Deep Freeze application program (exe file) တစ်ခုကို ဘယ်လိုဖန်တီးမလဲ?
အဖြေး Create Programs tap ကို သွားလိုက်ပါ။ ပြီးရင် ပထမဆုံး (အပေါ်ဆုံး) Option ကို ရွေးချယ်လိုက်ပါ။ ကျန်တဲ့ Option တွေက
တော့ Network ချိတ်ထားသော ကွန်ပြူတာတွေနဲ့သာ ဆိုင်ပါတယ်။ ပြီးနောက် ပုံ (၁၂) မှာ ပြထားတဲ့ အတိုင်း Save As dialog box ပေါ်လာမှာ
ဖြစ်ပါတယ်။ မိမိကြိုက် နှစ်သက်ရာ အမည်တစ်ခုခုပေးပြီး သိမ်းလိုက်ပါ။ ပြီးနောက် ထိုသိမ်းထား သော Program ကို Install လုပ်ပေးရမှာ
ဖြစ်ပါတယ်။ အဲ ပြီးရင်တော့ ပုံ (၄) မှာပြထားတဲ့ အတိုင်း System clock ရဲ့ဘေးနားမှာ ၀က်ဝံပုံ System tray icon ကို တွေ့မြင်ရပြီဆိုလျှင်
ကွန်ပြူတာအသုံးပြုသူအနေဖြင့် Deep Freeze 6 ကို အောင်မြင်စွာ installation လုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။
မေးခွန်းး Uninstall ဘယ်လိုလုပ်ရမလဲ?
အဖြေး Deep Freeze ကိုအရင် Thaw state ဖြင့် boot ပါ။ C:\Program Files\Faronics\Deep Freeze\Install C-0\DF5Serv ကို Run ပြီး Uninstall ကိုရွေးပါ။
Image and video hosting by TinyPic
ပုံ (၁၁)။ Create Programs mode.
Image and video hosting by TinyPic
ပုံ (၁၂)။ Save As dialogue box.
နိဂုံးချုပ်အမှာစာ
ဤ Deep Freeze ပရိုဂရမ်ဟာ အသုံးပြုတဲ့နေရာမှာ အခက်အခဲတစ်စုံတစ်ရာ မရှိသည့် အပြင် Windows ကိုကာကွယ်မှုပေးတဲ့နေရာမှာလည်း
အတော်လေးထိရောက်ပါတယ်။ Network ဘဲဖြစ်ဖြစ်၊ Stand alone work station မှာဘဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။ Technical support မလိုသ
လောက်ဖြစ်ပြီး (Help file ဖတ်မယ်ဆိုရင်ပေါ့)၊ Hacker တွေရန်မှလည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။ တစ်ချိန်တည်းမှာဘဲ ကွန်ပြူ တာ
ရဲ့ နဂိုမူလ Configuration ကိုလည်းကာကွယ်ပေးပါတယ်။ ကွန်ပြူတာအသုံးပြုသူ တစ်ဦး မည်ကဲ့သို့ပင် ကွန်ပြူတာကို ကလိပါစေ၊ ကလိထားသမျှ
အကုန်လုံးကို ကွန်ပြူတာ ရီစတတ် (Restart) လုပ်ရုံဖြင့် နဂိုမူလနေရာသို့ပြန်လည်ရောက်ရှိစေပါတယ်။ ကွန်ပြူတာ ထိန်းသိမ်းပြုပြင်မှုကို
လွယ်ကူစေပြီး တန်ဖိုးကြီးကွန်ပြူတာ ပရိုဂရမ်တွေကို အနှောက် အယှက်မရှိစေဘဲ Run နေစေပါတယ်။ အဖြေကတော့ အမှန်ကာကွယ်၊
နက်ဝေါက့်လည်း ရပြီး ဗိုင်းရပ်စ်ကင်းတဲ့ (AntiVirus software လည်းကင်းတဲ့) ကွန်ပြူတာပါဘဲ။ မိမိ ကွန်ပြူတာက မြန်တယ်ဆိုရင်တော့
AntiVirus software ကိုပါတွဲ Run ပါ၊ ပိုပြီးလုံခြုံ စိတ်ချရမှုရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

လူလုပ်ဖန်တီးထားသော အခက်အခဲများကြောင့် ကုန်ဆုံးသွားသော အချိန်တို့ကို အုတ်တစ်ချပ် သဲတစ်ပွင့် မိမိတတ်နိုင်ရာဘက်မှ ကယ်ဆယ်၍
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်အား မှန်ကန်သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ဖြင့် တိုင်းရင်းသားတို့လက်တွဲကာ ကမ္ဘာ့အလည်တွင်
ခန့်ငြားထည်ဝါစွာ ဆောက်တည်အံ့။
ဆော့ဝဲလ်က  ဒီမှာပါ

http://www.mmsoftwarecity.co.cc/2012/06/deepfreeze-7-licence.html

Post a Comment

  1. ကိုအောင်ကျော်June 24, 2012 at 11:06 PM

    ကျေးဇူးတင်ပါတယ်ဗျ ကျွှန်တော်ကသိမသိဘူးဗျ အကိုအကူညီတခုလောက် ကျွှန်တော်စက်ကလေနေတယ်ဗျဘယ်လိုလုပ်ရမလဲ wildows7 ကိုရှာတာလဲမတွေဘူး ဘယ်လိုလုပ်ရမလဲ ကူညီပါအုံ

    ReplyDelete

Download နှိပ်လျှင် www.adf.ly ဆိုဒ်လေးပေါ်လာပါက
ညာဘက်အပေါ်ထောင့်တွင် ၅စက္ကန့်ခန့်စောင့်၍ SKIP နှိပ်ပေးပါ
ဒေါင်းရမယ့်ဆိုဒ်သို့ရောက်သွားပါလိမ့်မယ်


Like ပေးလျှင်အသစ်တင်သမျှကို facebook တွင်ဖတ်နိုင်သည်




-->
 
Top