ကွန်ပျူတာကိုဖွင့်လိုက်တဲ့အခါမှာ
သင်ဟာ ထိန်းချုပ်အမိန့်ပေးတဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ သင်ခိုင်းစေသလို
အမိန့်ပေးသလို လုပ်ဆောင်ပေးမယ့် Mouse နဲ့ keyboard တို့ရှိနေတယ်လေ။
မိမိရဲ့ desktop ဒါမှမဟုတ် laptop ရဲ့ရှေ့မှာ ဒါရိုက်တာ
တစ်ယောက်လို့ခံစားမှုမျိုး ကျွှန်တော်တို့ ခံစားနေရပေမယ့် အမှန်တကယ်
ကွန်ပျူတာအတွင်းမှာတော့
ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်များစွာကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။
ဆောင်ရွက်ဖို့လိုအပ်တဲ့ လုပ်ငန်းတွေကို နောက်ကွယ်ကနေလုပ်ဆောင်ပေးနေတာကတော့
Operating System ပဲဖြစ်ပါတယ်။
Desktop နဲ့ laptop PC အများစုမှာ
ရောင်းချစဉ်ကတည်းက Microsoft Windows ကိုထည့်သွင်းထားလေ့ရှိပြီးတော့
Macintosh computer တွေမှာတော့ Mac OS X နဲ့ပါလာလေ့ရှိပါတယ်။ အများစုသော
အဖွဲ့အစည်းကြီးတွေရဲ့ server တွေမှာတော့ Unix, Linux OS
တွေကိုအသုံးပြုကြပါတယ်။ အခြား software တွေ run နိုင်ဖို့အတွက် Computer
ပေါ်မှာ operating system က ပထမဆုံး run ရတာဖြစ်ပါတယ်။
အစဉ်အဆက်လက်ခံခဲ့ကြတာက OS မပါပဲနဲ့တော့ computer သုံးလို့မရနိုင်ပါဘူး။
အခုလက်တလောကာလအတွင်းမှာတော့
OS တွေဟာ electronic devices တွေမှာပါတွေ့လာရနေပါတယ်။ ဥပမာ cell phones
လိုဟာမျိုးမှာပေါ့။ ဒီပစ္စည်းလေးတွေအတွင်းထဲမှာပါဝင်တဲ့ သေးငယ်လှတဲ့
ကွန်ပျူတာလို့ဆိုနိုင်တဲ့ အရာတွေဟာ အလွန်ကို စွမ်းအင်မြင့်မားပြီးတော့
သူတို့အပေါ်မှာ OS နဲ့ application တွေတောင် အသုံးပြုလို့ရတာဖြစ်ပါတယ်။
ယနေ့ခေတ်ပေါ် cell phone တစ်လုံးမှာ ပါဝင်တဲ့ သေးငယ်တဲ့ ကွန်ပျူတာလေး က
လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်တုန်းက desktop computer တစ်လုံးထက်တော့
ပိုပြီး powerful ဖြစ်ပါတယ်။ ဒါဟာလည်း
ဖြစ်ရိုးဖြစ်စဉ်ပြောင်းလဲတိုးတတ်မှုတစ်ခုပါပဲ။
Operating System ရဲ့အဓိက
ရည်ရွယ်ချက်ကတော့ hardware နဲ့ software တွေကို ထိန်းချုပ်ပြီး
အတူတကွအလုပ်လုပ်စေဖို့ဖြစ်ပါတယ်။ ကွန်ပျူတာ အားလုံးမှာ Operating System
တော့မရှိကြပါဘူး ။ ဥပမာ သင့်ရဲ့မီးဖိုချောင်က microwave oven
ကိုထိန်းချုပ်တဲ့ ကွန်ပျူတာမှာ OS မရှိပါဘူး။ သူ့မှာလုပ်ဆောင်စရာ တာဝန်
ပုံစံတစ်မျိုးသာရှိပါတယ်။ အချိန်တိုင်းမှာ program ပုံစံတစ်ခုတည်းကိုသာ run
နေတာဖြစ်တဲ့အတွက်ပါ။ သူ့အတွက် OS မလိုအပ်ပါဘူး။
Desktop Computer
တွေအားလုံးမှာတော့ Operating System တွေရှိကြရပါတယ်။ အထင်ရှားဆုံးကတော့
Microsft ရဲ့ Windows အနွယ်ဝင် OS တွေပေါ့။ Apple ကထုတ်တဲ့ Macintosh နဲ့
လူပေါင်းများစွာ အဖွဲ့အစည်းပေါင်းများစွာ သမိုင်းတစ်လျှောက်မှာ ၀ိုင်းဝန်း
ထုတ်လုပ် ခဲ့ကြတဲ့ Unix အနွယ်ဝင် OS တွေဟာလည်း ထင်ရှားပါတယ်။ Mainframes
တွေအတွက် robotic တွေအတွက်အချိန်နဲ့တပြေးညီ control system
တွေကိုထိန်းချုပ်ဖို့ရန်အတွက် စသည်ဖြင့် မတူညီတဲ့ အထူးပြုမှုတွေအတွက် လည်း
operating system ပေါင်းရာနဲ့ချီပြီးရှိနေပါတယ်။
အခြေခံအကျဆုံးအနေအထားမှာ OS တစ်ခုအနေနဲ့ ဖော်ပြပါအချက်နှစ်ခုကို လုပ်ဆောင်ပါတယ်။
1.
System ရဲ့ hardware နဲ့ Software အရင်းအမြစ်တွေကို
ထိန်းချုပ်ပဲ့ကိုင်ပေးတယ်။ desktop computer တစ်ခုအနေနဲ့ processor,
memory, disk space စတဲ့ အရင်းအမြစ်တွေပါဝင်ပြီးတော့ cell phone
တစ်လုံးမှာဆိုရင်တော့ keypad, screen, address book အစရှိသဖြင့်ပေါ့။
2.
hardware ရဲ့အသေးစိတ်အချက်အလက်တွေအားလုံးကို မသိဘဲ application တွေက
hardware နဲ့ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ OS က လုပ်ဆောင်ပေးပါတယ်။
ပထမအလုပ်ဖြစ်တဲ့
hardware နဲ့ software အရင်းအမြစ်တွေကို ထိန်းချုပ်ကိုင်တွယ်ခြင်းဟာ
အရမ်းအရေးကြီးပါတယ်။ များပြားလှတဲ့ program တွေနဲ့ input တွေဟာ
သူတို့ရဲ့ကိုယ်ပိုင်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေအတွက် CPU (central
processing unit) ရဲ့ အလုပ်လုပ်ပေးခြင်း ၊လိုအပ်တဲ့ Memory , storage နဲ့
input /output bandwidth ကိုရဖို့ ယှဉ်ပြိုင်စောင့်ဆိုင်းနေကြပါတယ်။
အဲဒီလိုအခြေအနေမျိုးမှာ Operating System က အုပ်ထိန်းသူတစ်ယောက်လိုမျိုး
ပါဝင်လုပ်ဆောင်ပေးရတာဖြစ်ပါတယ်။ application တစ်ခုစီတိုင်း လိုအပ်တဲ့
အရင်းအမြစ် (resources) တွေကိုရရှိဖို့ တခြား application တွေနဲ့လည်း
တပြိုင်တည်း အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့၊ အသုံးပြုတဲ့ user တွေရော
application တွေရောအတွက် အကောင်းဆုံးဖြစ်စေဖို့ system ရဲ့ capacity
ကိုချွှေတာပြီးတော့ ကောင်းမွန်စွာ ကန့်သန့်ပြီး မျှဝေပေးနိုင်ဖို့
အစရှိသဖြင့်လုပ်ပေးရပါတယ်။
operating system က ကွန်ပျူတာက
လုပ်ဆောင်ရမယ့် လုပ်ငန်းတိုင်းကိုထိန်းချုပ်ပေးရပြီးတော့ system resource
တွေကိုလည်း Manage လုပ်ပေးရပါတယ်။
ဒုတိယအလုပ်ဖြစ်တဲ့ တူညီတဲ့
application interface ကလည်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီ
operating system ကိုမတူညီတဲ့ ကွန်ပျူတာ(ဆိုလိုတာက ခြားနားတဲ့ Hardware
ပစ္စည်းတွေ၊ model မြင့်တာ နိမ့်တာ၊ စွမ်းဆောင်ရည် မြင့်တာ နှိမ့်တာ) တွေက
အသုံးပြုကြမှာဖြစ်ပါတယ်။
software developer တစ်ယောက်အနေနဲ့ computer
တစ်ခု အတွက် application ရေးတဲ့အခါ အမျိုးအစားတူ
(စွမ်းဆောင်ရည်တူချင်မှတူ)တဲ့ တခြားကွန်ပျူတာတွေမှာလည်း run
နိုင်ဖို့အတွက်လုပ်ဆောင်ပေးနိုင်ရပါတယ်။ memory တို့ CPU speed
တို့မတူညီတဲ့ စက်နှစ်လုံးအတွက်လိုမျိုးပေါ့။ ဒါဟာ application program
interface(API) နဲ့ဆက်စပ်တာဖြစ်ပါတယ်။ ဆိုလိုတာက photoshop CS 4 ရဲ့
interface ကို အရမ်း performance နိမ့်တဲ့ကွန်ပျူတာမှာသုံးလို့မရဘူး။ Game
တွေဆိုရင်ပိုသိသာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် operating system ကတော့
အတိုင်းအတာတစ်ခုအတွင်းမှာ အဲဒီအတွက်တာဝန်ရှိနေပါတယ်။
ကွန်ပျူတာတစ်လုံးမှာ
့hardware အဆင့်တိုးမြင့်တာတွေ update လုပ်တာတွေရှိပါတယ်။ အဲဒီအခါမှာ
operating system ကလည်း စက်ထဲမှာရှိတဲ့ application တွေအသစ် upgrade
လုပ်လိုက်တဲ့ hardware တွေနဲ့ အဆင်ပြေပြေဆက်လက်အလုပ်လုပ်နိုင်စေဖို့
တာဝန်ရှိပါတယ်။ hardware တွေကိုကိုင်တွယ်ပြီးလုပ်ရတာက application မဟုတ်ပဲ
operating system ကလုပ်ပေးရတာကြောင့်ပါ။ operating system
ထုပ်လုပ်သူတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့
ထုတ်လုပ်ဖြန့်ချီနေတဲ့ ထောင်ပေါင်းများစွာသော hardware တွေနဲ့လိုက်ဖက်ညီတဲ့
operating system တွေကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ Windows 7
သုံးတဲ့အခါ… မည်သည့် printers ,drives, peripherals တွေနဲ့မဆို
အဆင်ပြေစေရမယ် hardware တွေရဲ့ driver တွေအားလုံးနဲ့အဆင်ပြေစေရမယ်လို့
Microsoft ကပြောတာကို မကြာသေးခင်ကကြားလိုက်ပါသေးတယ်။ ဒီသဘောတရားပါပဲ။
operating
system တွေရဲ့ အနွယ်ဝင်တွေအားလုံးကို ကြည့်မယ်ဆိုရင် ယေဘူယျ အားဖြင့်
1.Real- time operating system (RTOS), 2.Single-use, single tasks,
3.Single-user, multi-tasking နဲ့ 4.Multi-user ဆိုပြီးတော့
လေးမျိုးခွဲခြားလို့ရတာဖြစ်ပါတယ်။
ကျွှန်တော်တို့
လူအများစုယနေ့သုံးနေကြတဲ့ Microsoft Windows တို့ Mac Os တို့က
Single-user, multi-tasking အမျိုးအစားဝင်တွေဖြစ်ပါတယ်။
သူတို့တွေကိုသုံးပြီး single user တစ်ယောက်တည်းအနေနဲ့ အချိန်တပြိုင်တည်း
မှာ OS ပေါ်မှာ program တွေအများကြီးကို run နိုင်တာဖြစ်ပါတယ်။ ဥပမာ အခု
ကျွှန်တော် ဒီစာတွေကို Microsoft word မှာရိုက်နေသလို Video တစ်ခွေကို
ဒေါင်းလုပ်ဆွဲနေ ရင်းနဲ့ နားမှာ head phone တပ်ပြီး VZO ပြောနေတာမျိုးပေါ့။
:D
အောက်ကပုံကတော့ Mac OS X ရဲ့ Screen shot ပါ။ single-user, multi- tasking ပေါ့။
ကွန်ပျူတာကို
power ဖွင့်လိုက်ပြီဆိုတာနဲ့ ကွန်ပျူတာ ရဲ့ read-only-memory(ROM)
ထဲမှာရှိနေတဲ့ ပထမဆုံး program လေးက run ပါတယ်။ အဲဒီ code လေးတွေက
haradware ကြီးတစ်ခုလုံး ကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာကိုစစ်ဆေးတယ်။
Power-on-seft test ဆိုတဲ့ POST ပေါ့ဗျာ။ သူက CPU, Memory, BIOS စတာတွေမှာ
error ရှိမရှိစစ်ဆေးပြီးတော့ ရလာတဲ့ result ကို memory ရဲ့ special
location တစ်နေရာမှာ သိမ်းလိုက်ပါတယ်။ POST က အောင်မြင်သွားရင်တော့
computer က hard disk ကို activate လုပ်လိုက်ပါတယ်။ အဲဒီအခါ ပထမဆုံး
operating system ရဲ့ အစိတ်အပိုင်းလေးဖြစ်တဲ့ the bootstrap loader
ဆိုတာလေးကို သွားတွေ့ပါတယ်။ အဲဒီ bootstrap loader ဆိုတာလေးက
လုပ်စရာအလုပ်တစ်ခုပဲပါတဲ့ သေးငယ်တဲ့ program လေးပါ။ သူက operating system
ကို Memory ထဲကို load လုပ်ပေးပြီးတော့ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို
စတင်လုပ်ဆောင်စေပါတယ်။ driver program လေးတွေကို set up လုပ်တယ် computer
ရဲ့အမျိုးမျိုးသော hardware တွေကိုကိုင်တွယ်တယ်။ OS , user information နဲ့
application အတွက် memory ကို ထိန်းချုပ်တယ် ကိုင်တွယ်တယ်…
အစရှိသဖြင့်တခြားလုပ်တာတွေလည်းရှိပါသေးတယ်။ နေုာက်ဆုံးမှာတော့ user အနေနဲ့
operating system ကိုသုံးပြီး ကွန်ပျူတာကိုထိန်းချုပ်နိုင်သွားတယ်ပေါ့။
operating system ကလုပ်ဆောင်ပေးတာတွေကို အမည်နာမနဲ့ပြောရရင်ခြောက်မျိုးလောက်ရှိပါတယ်။
-processor management
-memory management
-device management
-storage management
-application interface
-user interface